Thursday 5 June 2014

စစ်ဘေးသင့် ကလေးငယ်များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

Child Music‘ကျည်ဆန်တွေအစား ပန်းများပွင့်စေ ငါတို့ ချစ်တဲ့ မြန်မာပြေ’ အမည်ရ စစ်ဘေးသင့် ကလေးငယ်များအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်အနီးရှိ ပြင်သစ်ယဉ်ကျေးမှု ဌာနမှာ ဇွန် ၈ ရက်နေ့ ညနေ ၆ နာရီမှာ ၁၁ နာရီထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို တီးဝိုင်း ၄ ၀ိုင်းက တီးခတ်မှာဖြစ်ပြီး အဆိုတော် စောဖိုးခွား၊ ကိုင်ဇာတင်မှုံ၊ လင်းနစ်၊ ဝေကြီးနဲ့ ဒီဂျေ အီးတီ တို့က သီဆိုဖော်ဖြေမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေက ကလေးငယ်တွေအတွက် အလှူငွေ၊ အ၀တ်အထည်၊ စာရေး ကိရိယာ အစရှိတဲ့ ပစ္စည်းတွေ လှူဒါန်းလိုရင်လည်း ဖုန်း – ၀၉ ၄၂၁၀၈၇၉၉၂ နဲ့ ၀၉ ၄၉၅၇၇၁၇၈ တို့ကို ဆက်သွယ်နိုင်ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment