Thursday 5 June 2014

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒကို ပြင်ဆင်သည့် ဥပဒေကြမ်း လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ခုရုံးဥက္ကဌ ဦးမြသိန်းက တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်အခါတွင် ဖွဲ့စည်းပုံနှင့် အညီ ပြင်ရန် အခွင့်အရေးဟု ပြည်သူ့လွှတ်တော်အမတ်ဦးရဲထွန်းက သုံးသပ်သည်။ 

ပြီးခဲ့သည့်ဇွန်လ ၁ ရက်က အခန်း ၁၇ ခန်းပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူများလေ့လာနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး လေးရက် အကြာတွင် ခုံရုံးဥက္ကဌက အမျိုးသားလွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်သည်။ သီပေါမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ခုံရုံးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြင်လိုက်သည့်အချက်၌ ခုံရုံးဥက္ကဌရွေးချယ်သည့်အချက်နှင့် ခုံရုံး၏ ဆုံးဖြတ်သည်အပြီးအပြတ်ဖြစ်သည် ဆိုသည့်အချက်များကို ပြင်ဆင်ခြင်းသည် အခြေခံဥပဒေနှင့် မကိုက်ညီဟု ဆိုသည်။  

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၇ ၌ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက် ရရှိပြီးသည့် ဥက္ကဌနှင့် အဖွဲ့ဝင်များအား ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရ မည်ဟု ပြဌာန်းထားသော်လည်း ပြည်ထောင်စုလွှတ်တော်က သမ္မတ၊ လွှတ်တော်ဥက္ကဌနှစ်ဦးက ကိုးဦးအား ရွေးချယ်ပြီး ခုံရုံးဥက္ကဌအား မဲဖြင့်ရွေးချယ်ရမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ၎င်းက `` သမ္မတနဲ့ လွှတ်တော်ဥက္ကဌနှစ်ယောက်တိုင်ပင်လုပ်ရမယ်ဆိုတော့ ဒီမိုကရေစီတော့ပိုကျတယ်။ ဒါပေမယ့် အဲဒီတုန်းက သူတို့(ကိုယ်စားလှယ်များ)က ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘဲနဲ့ ခုံရုံးဥပဒေကိုပဲ ပြင်ခဲ့တယ်`` ဆိုသည်။ ယခုအခါ ခုံရုံးအနေဖြင့် ဥပဒေအားပြင်ဆင်ရန်ကြိုးစားလာခြင်းသည် အထက်ပါ အခြေခံဥပဒေနှင့် မညီသည့်အချက်နှစ်ချက်အား ပြန်လည်ပြင်ရန် အခွင့်အရေးပြန်လည်ရရှိလာမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ၎င်းက `` ဘာအခွင့်အရေးရလာသလဲဆိုတော့ သမ္မတထောက်ပြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီပါဘူးဆိုတာကို ပြန်လုပ်ပေးလို့ရလာမယ်။ လွှတ်တော်နဲ့ သမ္မတကြားက ပြဿနာတွေပြေလျော့ သွားမယ်`` ဟု သုံးသပ်သည်။ ၂၀၁၂ခုနှစ်အတွင်း လွှတ်တော်များ၏ကော်မတီနှင့် ကော်မရှင်တို့ ကို ပြည်ထောင်စု အဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့မှုကြောင့် ပြည်ထောင်စု လွှတ်တော်က ခုံရုံးကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းခဲ့ပြီး တစ်ဖွဲ့လုံး နှုတ်ထွက်ခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခဲ့ရသည့် သာဓက ရှိခဲ့သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်က ခုံရုံးဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ယင်းတွင် ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခန့်အပ်ခွင့် ဆိုင်ရာပြင်ဆင်ချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့် ဆိုင်ရာ ပြင်ဆင်ချက်များ ပါဝင်သည်။ ယင်းအချိန်ကတည်းက လွှတ်တော်ပြင်ဆင်သည့်ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။  

သို့သော် လွှတ်တော်ကလည်း ပြန်လည်ပြင်ဆင်မပေးသဖြင့် အခြေခံဥပဒေပါပြဋ္ဌာန်းချက်များအရ သတ်မှတ်ကာလအတွင်းအတည်ဖြစ်ခဲ့သည့် ယင်းနောက် တစ်နှစ်ခန့်ကြာချိန်တွင် သမ္မတက အချက် အချို့ ပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။  

Popular Myanmar News Journal

No comments:

Post a Comment