Thursday 5 June 2014

ရန်ကုန်တိုင်းရှိ အခြေခံပညာ ကျောင်းဈေးတန်းများ ဇူလိုင်လတွင် စတင် စစ်ဆေးမည်

Photo: ရန်ကုန်တိုင်းရှိ အခြေခံပညာ ကျောင်းဈေးတန်းများ ဇူလိုင်လတွင် စတင် စစ်ဆေးမည်
Thursday, June 5, 2014

အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ အစားအသောက်များကို ရောင်းချခွင့် တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းမုန့်ဈေးတန်း အားလုံးအား စစ်ဆေးမှုကို ဇူလိုင်လမှသာ စတင်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းအတွက် သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးနှင့် အထက်တန်းအဆင့် ကျောင်းများအတွက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့က ကျောင်းကျန်းမာရေး ကော်မတီများနှင့် လိုက်လံ စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသူများကို ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက် ထားရှိရန် ညွှန်ကြားထားပြီး စားသောက်ဖွယ်ရာနှင့် အိုးခွက်ပန်းကန်များကို ကျန်းမာရေးနှင့် ညီညွှတ်စွာ အသုံးပြုရမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၈) အခြေခံပညာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက The Voice သို့ ပြောကြားသည်။

ကျန်းမာရေး စစ်ဆေးအဖွဲ့က ကျောင်းဖွင့်ပြီး ရက်အနည်းငယ်အတွင်း လိုက်လံစစ်ဆေးရန် အကြောင်းကြားထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အကင်၊ အချိုမှုန့်၊ ဆိုးဆေးပါတဲ့ အစားအစာတွေ မရောင်းရဘူး။ ကုန်ဆုံးရက် မပါတဲ့ အစားအစာတွေ မရောင်းရဘူး။ ဈေးရောင်းတဲ့သူတွေ ခေါင်းအုပ်၊ ရှေ့ကာအင်္ကျီနဲ့ လက်အိတ်တွေ ဝတ်ဆင်ရမယ်” ဟု လသာမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစိုးမင်းက ပြောကြားသည်။

စည်းကမ်းချက်နှင့် မညီသော ဈေးဆိုင်များကို အခြေခံပညာကျောင်းများတွင် ဆက်လက်ရောင်းချခွင့် မပြုကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

ကျောင်းကျန်းမာရေးအဖွဲ့ စစ်ဆေးမည့် အချက်များကို ကြိုတင် အကြောင်းကြားထားသော်လည်း လာရောက် စစ်ဆေးမည့်နေ့ကိုမူ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ကြိုတင်အသိမပေးဘဲ ရှောင်တခင် စစ်ဆေးမည့် အကြောင်းကို အသိပေးထားကြောင်း ဦးစိုးမင်း၏ ပြောကြားချက်များအရ သိရသည်။

အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိ မုန့်များ ရောင်းချခွင့်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စီမံချက်ချ စတင်လုပ်ဆောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့က ပူးတွဲ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

The Voice Weekly
အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ အစားအသောက်များကို ရောင်းချခွင့် တားမြစ် ချက် များ ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းမုန့်ဈေးတန်း အားလုံးအား စစ်ဆေးမှုကို ဇူလိုင်လမှသာ စတင်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းအတွက် သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးနှင့် အထက်တန်း အဆင့် ကျောင်းများအတွက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့က ကျောင်းကျန်းမာရေး ကော်မတီ များနှင့် လိုက်လံ စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသူများကို ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက် ထားရှိရန် ညွှန်ကြားထားပြီး စားသောက်ဖွယ်ရာနှင့် အိုးခွက်ပန်းကန်များကို ကျန်းမာရေးနှင့် ညီညွှတ်စွာ အသုံးပြုရမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၈) အခြေခံပညာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက The Voice သို့ ပြောကြားသည်။

ကျန်းမာရေး စစ်ဆေးအဖွဲ့က ကျောင်းဖွင့်ပြီး ရက်အနည်းငယ်အတွင်း လိုက်လံစစ်ဆေးရန် အကြောင်းကြားထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အကင်၊ အချိုမှုန့်၊ ဆိုးဆေးပါတဲ့ အစားအစာတွေ မရောင်းရဘူး။ ကုန်ဆုံးရက် မပါတဲ့ အစားအစာတွေ မရောင်းရဘူး။ ဈေးရောင်းတဲ့သူတွေ ခေါင်းအုပ်၊ ရှေ့ကာအင်္ကျီနဲ့ လက်အိတ်တွေ ဝတ်ဆင်ရမယ်” ဟု လသာမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစိုးမင်းက ပြောကြားသည်။

စည်းကမ်းချက်နှင့် မညီသော ဈေးဆိုင်များကို အခြေခံပညာကျောင်းများတွင် ဆက်လက်ရောင်းချခွင့် မပြုကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

ကျောင်းကျန်းမာရေးအဖွဲ့ စစ်ဆေးမည့် အချက်များကို ကြိုတင် အကြောင်းကြားထားသော်လည်း လာရောက် စစ်ဆေးမည့်နေ့ကိုမူ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ကြိုတင်အသိမပေးဘဲ ရှောင်တခင် စစ်ဆေးမည့် အကြောင်းကို အသိပေးထားကြောင်း ဦးစိုးမင်း၏ ပြောကြားချက်များအရ သိရသည်။

အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိ မုန့်များ ရောင်းချခွင့်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စီမံချက်ချ စတင်လုပ်ဆောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့က ပူးတွဲ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment