Thursday 5 June 2014

တိုင်းဒေသကြီးအစိုးရက တက္ကသိုလ်ကျောင်းကား ပေါ်တွင် ဖဲရိုက်ခြင်းမပြုရန် ညွှန်ကြားချက်ထုတ်

မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ် ကျောင်းပေါင်းစုံ ကြို၊ပို့ယာဉ်များပေါ်တွင် ဖဲရိုက်ခြင်း ပြုလုပ်သည်ကို တွေ့ရှိ နေရ သဖြင့် ပညာရေးနှင့် လုံးဝမသင့်လျော်သော ကိစ္စဖြစ်၍ အရေးယူမှုပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဇွန်လ၂ ရက်တွင် ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ထားသည်။ 

အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၄)တွင် တက္ကသိုလ်ကျောင်းကြို၊ ပို့ယာဉ်များပေါ်တွင် ဖဲရိုက် လောင်း ကစား ကြကြောင်းသတင်းရရှိ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်း ညွှန်မှာ ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် ယခု ဇွန်လ၂ ရက်တွင် သက်ဆိုင်ရာဌာန အသီးသီးသို့ ညွှန်ကြားချက်များ ပေးပို့ခြင်းဖြစ် သည်။ 

“ရတနာပုံကျောင်းကြို၊ ပို့/ယာဉ်တွေ ပေါ်မှာ ဖဲရိုက်နေတာကို ၀န်ကြီးချုပ်တွေ့သွားတဲ့အတွက် ဒီကိစ္စဟာ ဘယ် လိုမှ မဖြစ်သင့်တဲ့အတွက်အစည်းအဝေးတစ်ခုပြုလုပ်ပြီး ညွှန်ကြားချက်ထုတ်ပြန်တာ ဖြစ်ပါတယ် ”ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာန၀န်ကြီးဦးကျော်ဆန်းက ပြောသည်။ 

တက္ကသိုလ်ကျောင်းသားများ ကျောင်းမတက်ဘဲ ကျောင်းကြို၊ ပို့ယာဉ်များပေါ်တွင် ဖဲရိုက်နေခြင်းများကို တွေ့ရှိ ရခြင်း၊ အများပြည်သူ၏မြင်ကွင်းတွင် လွန်စွာမ သင့်လျော်သောကိစ္စဖြစ်ခြင်းနှင့် တက္ကသိုလ်ကျောင်း သားများဖဲရိုက်သဖြင့် အဖမ်းခံရသည့် သတင်းမှာမဖြစ်သင့်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေးညွှန်ကြားချက် ထုတ်ပြန်ခြင်း ဖြစ်သည်။ 

ယခုအသိပေးမှုမှာ ကနဦးဖြစ်သော်လည်း နောက်ပိုင်းတွင် အရေးယူမှုအဖြစ် ကျောင်းသားများ ဖဲရိုက် သည်ကို တွေ့ရှိလျှင် ကျောင်းထုတ်ခြင်း၊ ကြို၊ပို့ယာဉ်များကို ကျောင်းအတွင်းယာဉ်ပြေးဆွဲခွင့်ပိတ်ပင် ခြင်းတို့ ကို လုပ်ဆောင်သွားမည် ဖြစ်သည်။ 

“အသိပေးစာတွေကို ကျောင်းကြို၊ပို့ ကားတွေထံပေးပို့ထားပါတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းစာ သင်ခန်းတွေမှာဆရာတွေက တစ်ဆင့်မှာကြားထားပါတယ်”ဟု တက္ကသိုလ်စာသင် ဆရာတစ်ဦးက ပြော သည်။ 

ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအပြင် တက္ကသိုလ်ကျောင်းများတွင်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ အဖွဲ့၊ ဖွဲ့စည်းကာ လိုက်လံစစ်ဆေးခြင်း၊ တွေ့ရှိပါက ကျောင်းသားမိဘနှင့် အုပ်ထိန်း သူများ ကို အသိပေးတိုင်ကြားခြင်းများကို လုပ်ဆောင်မည်ဖြစ်သည်။ 

Mizzima - News in Burmese

No comments:

Post a Comment