Thursday 5 June 2014

ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားကို အမေရိကန် သတိပေး

Photo: ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားကို အမေရိကန် သတိပေး
Thursday, June 5, 2014 

ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို သိမ်းပိုက်တာမျိုး ဒါမှမဟုတ် ယူကရိန်းရဲ့ အချုပ်အခြာအာဏာထဲ လာရောက်စော်ကားတာမျိုးတွေဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ အမေရိကန်နိုင်ငံက ယူကရိန်းဘက်ကို ရပ်တည်သွားမယ်လို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ရုရှားကို သတိပေးပြောကြားလိုက်ပါတယ်။

သမ္မတ အိုဘားမားက ယူကရိန်းသမ္မတသစ် ကဋေကြွယ်သူဌေးကြီးနဲ့ တွေ့ဆုံခဲ့သလို ယူကရိန်း နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက် ဖို့အတွက် ထောက်ပံ့ ကူညီပေး သွားမယ်လို့လည်း ကတိပေးလိုက် ပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံ စစ်ရေးထောက်ပံ့ မှုအတွက် ကျည်ကာနဲ့ ညကြည့် မျက်မှန်ဖြစ်တဲ့ အမှောင်ထုကို ထိုးဖေါက် မြင်နိုင်တဲ့ မျက်မှန်တွေ အပါအ၀င် ဒေါ်လာ ၅ သန်း ကူညီသွား မှာဖြစ်သလို အိုဘားမားက ပြောပါတယ်။

လက်ရှိအခြေ အနေအရ ယူကရိန်းအရှေ့ဘက်ခြမ်းက ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ယူကရိန်းစစ်စခန်း နှစ်ခုကိုလည်း ခွဲထွက်ရေးသမားတွေက သိမ်းပိုက်ထားပါတယ်။

ABC Radio Australia

ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတ
ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတ
ရုရှားနိုင်ငံက ​ခရိုင်းမီးယားဒေသကို ​သိမ်းပိုက်တာမျိုး ​ဒါမှမဟုတ် ​ယူကရိန်းရဲ့ ​အချုပ်အခြာအာဏာထဲ ​လာရောက်စော်ကားတာမျိုးတွေဟာ ​လက်ခံနိုင်စရာမရှိကြောင်းနဲ့ ​အမေရိကန်နိုင်ငံက ​ယူကရိန်းဘက်ကို ​ရပ်တည်သွားမယ်လို့ ​အမေရိကန် ​သမ္မတဘာရက်အိုဘားမားက ​ရုရှားကို ​သတိပေးပြောကြားလိုက်ပါတယ်။

သမ္မတ ​အိုဘားမားက ​ယူကရိန်းသမ္မတသစ် ​ကဋေကြွယ်သူဌေးကြီးနဲ့ ​တွေ့ဆုံခဲ့သလို ​ယူကရိန်း ​နိုင်ငံ ​ငြိမ်းချမ်းရေး ​ပြန်လည် ​တည်ဆောက် ​ဖို့အတွက် ​ထောက်ပံ့ ​ကူညီပေး ​သွားမယ်လို့လည်း ​ကတိပေးလိုက် ​ပါတယ်။

ဒါ့အပြင် ​ယူကရိန်းနိုင်ငံ ​စစ်ရေးထောက်ပံ့ ​မှုအတွက် ​ကျည်ကာနဲ့ ​ညကြည့် ​မျက်မှန်ဖြစ်တဲ့ ​အမှောင်ထုကို ​ထိုးဖေါက် ​မြင်နိုင်တဲ့ ​မျက်မှန်တွေ ​အပါအ၀င် ​ဒေါ်လာ ​၅ ​သန်း ​ကူညီသွား ​မှာဖြစ်သလို ​အိုဘားမားက ​ပြောပါတယ်။

လက်ရှိအခြေ ​အနေအရ ​ယူကရိန်းအရှေ့ဘက်ခြမ်းက ​ခွဲထွက်ရေးသမားတွေနဲ့ ​ယူကရိန်းစစ်တပ်တွေကြား ​တိုက်ပွဲတွေ ​ဆက်လက်ဖြစ်ပွားနေပြီး ​ယူကရိန်းစစ်စခန်း ​နှစ်ခုကိုလည်း ​ခွဲထွက်ရေးသမားတွေက ​သိမ်းပိုက်ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment