Thursday 22 May 2014

နှစ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

နှစ်နိုင်ငံ နယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများ၏ အလံတင်ဆွေးနွေးပွဲအား နယ်စပ်မှတ်တိုင် ၅၀ တွင် မေ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှ င့် ရဲ အရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် ၄၂ နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး Hassan နှင့် အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

RSO သောင်းကျန်းသူများအား နှစ်နိုင်ငံ ပူးပေါင်းရှင်းလင်းရေး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အား မေ ၁၈ ရက်က အကြောင်းကြားထားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လက်နက်ကိုင်အဖွဲ့များ တစ်ဖက်နိုင်ငံထဲတွင် အခြေမချနိုင်ရေး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း လက်မခံ ရန်နှင့် သောင်းကျန်းသူများအား ပူးပေါင်းရှင်းလင်းရေး ကိစ္စရပ်များအား အကြောင်းကြားစာ ပို့ထားပြီးဖြ စ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူများထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာကို ပေးပို့ခဲ့သည့်အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံ အနေဖြင့် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန် လည်ဖြေ ရှင်းပေးရန်၊ ကျူးကျော်ပစ်ခတ်သော အကြမ်းဖက်သမားများကို ဖော်ထုတ်အရေးယူပေးရန်ကိုပါ ထည့်သွင်းပေးပို့ခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် သောင်းကျန်းသူအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းရာ မေ ၁၃ ရက်က တစ်ကြိမ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မေ ၁၇ ရက်တွင် တစ်ကြိမ် တစ်ဖက်နိုင်ငံမှနေ၍ ချုံခိုတိုက်ခိုက်ခဲ့ မှုကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ယင်းသို့ ပစ်ခတ်မှု များ ဆက်တိုက်ဖြစ်ပွားနေ၍ နယ်စပ်လုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့်အတူ စစ်တပ်မှ ပူးတွဲ တာဝန် ယူ ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment