Thursday 22 May 2014

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည်

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။
ယင်းသို့ မေလအတွက် ထပ်မံချထားပေးလိုက်သောကြောင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိ လာနိုင်မည် ဖြစ်သည်။

ကိန်းဂဏန်းအားဖြင့် ယင်းသို့ ရှိနေသော်လည်း အိမ်တိုင်းဖုန်းတစ်လုံးကိုင်နိုင်သည့် အခြေအနေကို အမှန် တကယ်ရောက်ရှိခြင်း မရှိသေးဟု Mr.Htet Computer ဆိုင်၏ ဒါရိုက်တာ ကိုထက်လင်းစိုး က ပြောသည်။

ကိုထက်လင်းစိုးက“အရေအတွက်အရ အိမ်တစ်အိမ်မှာ ဖုန်းတစ်လုံးအသုံးပြုနိုင်ရမှာဖြစ်ပေမယ့် အမှန် တကယ် အိမ် တိုင်းဖုန်း အသုံးမပြုနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့လည်း မဲနှိုက်ရောင်းချ ပေး တဲ့ စနစ်နဲ့ ရောင်းချပေးတာမျိုး မဟုတ်ပဲ လိုအပ်သူတွေ အမှန်တကယ်ဝယ်ယူ အသုံးပြုနိုင်တဲ့ အနေအထားမျိုး ပြုလုပ်ပေးသင့်တယ်။ သူတို့အနေနဲ့လည်း ပြည်ပအော်ပရေတာတာ မရောင်းချခင်တည်းက ဆင်းမ်ကတ် အရေအတွက်ကို အများအပြားတောင်ချထားပေးသင့်တယ်”ဟု သုံးသပ်ပြောကြားသည်။

ယင်းအပြင်ပြင်ပဈေးကွက်တွင် မိုဘိုင်းဆင်းမ်ကတ်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လူတစ်ဦးလျှင် ဖုန်းတစ်လုံးကိုင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ကိုထက်လင်းစိုးက “ပြင်ပဈေး ကွက် မှာ မိုဘိုင်းဆင်းကတ်ဈေးက လေးသောင်းကနေ တစ်သိန်းကျော်အထိ ဈေးတွေဖြစ်ပေါ်နေခြင်း ကလည်း လူတိုင်းဖုန်းဝယ်မသုံးနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်”ဟု ပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ်တယ်လီဖုန်းများချထားပေးရာတွင် ဖုန်းလိုင်းကျပ်တည်း သည့် နေရာဒေသအပေါ်မူတည်၍ တိုင်းနှင့်ပြည်နယ်အလိုက် တယ်လီဖုန်းများချထားပေးနေ ရကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာများက မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေစိုးက“တန်ဖိုးနည်းဖုန်းတွေ ချထားပေးတဲ့အခါမှာ တယ်လီဖုန်း Traffic ( တယ်လီဖုန်း လိုင်းကျပ်ခြင်း) ကို ကြည့်ပြီး ချထားပေးနေရတယ်။ နောက်ပြီး MEC ဖုန်းဆင်းမ်ကတ်တွေနဲ့ MPT ကတ်နဲ့ကို မျှဝေချထားပေးရတာတွေရှိတယ်”ဟု ပြောသည်။

မေလအတွင်း တန်ဖိုးနည်းဖုန်းချထားပေးရာတွင် ရန်ကုန်တိုင်းဒေသအတွင်းရှိ ဆင်းမ်ကတ်ခွဲတမ်းတွင် GSM ပါဝင်ခြင်း မရှိဘဲ MEC CDMA ဖုန်းဆင်းကတ် ၂၅၀,၀၀၀ နှင့် ပင်စင်စားများအတွက် WCDMA ဆင်း ကတ် ၁၅,၀၀၀ အထိသာချထားပေးမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်း စီမံကိန်းအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားသည်။ ပြည်ပအော်ပရေတာများဖြစ်သော တယ်လီနော နှင့် အူရီးဒူးတို့ကလည်း လာမည့်လအနည်းငယ်အတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ချထားပေးနိုင်တော့မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment