Wednesday 21 May 2014

နိုင်ငံတော်သမ္မတလမ်းညွှန်မှုဖြင့် ဝန်ထမ်းများ နေပြည်တော်မှ ရန်ကုန်နှင့်မန္တလေးသို့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန်စီစဉ်

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်ဖြင့် နေပြည်တော်တွင် တာဝန် ထမ်း ဆောင်နေကြသော ဝန်ထမ်းများ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ရုံးပိတ်ရက် များတွင် ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေး အတွက် လေအေးပေး စက်ပါ ကားများကိုတစ်ဦးလျှင် ကျပ်၃၅ဝဝနှုန်းဖြင့် ကုန်းလမ်းပို့ဆောင်ရေးက တာဝန် ယူပြေး ဆွဲပေးနေကြောင်းရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှသိရသည်။
လက်ရှိတွင် နေပြည်တော်-ရန်ကုန်-နေပြည်တော်ခရီးစဉ်များကို ယခုလ ၁၆ရက်မှစတင်ကာ အပတ်စဉ်သောကြာနေ့ တိုင်း ညနေ ၅နာရီခွဲ တွင် နေပြည်တော် ပျဉ်းမနားရှိ ဘောဂသီရိကားဝင်းမှ စတင်ထွက်ခွာကာ မြို့မဈေးကားဂိတ်သို့ ၆ နာရီ၊ သပြေကုန်းကားဂိတ်သို့ ၆နာရီ၁၅မိနစ် တွင်ရောက်ရှိ ထွက်ခွာပြီး ရန်ကုန်ဘက်သို့စတင်ထွက်ခွာမည်ဖြစ်ကာ တနင်္ဂနွေနေ့ ညနေ ၆ နာရီတွင် ရန်ကုန် မှနေပြည်တော် သို့ အောင် မင်္ဂလာအဝေးပြေးမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

သို့သော် နေပြည်တော်-မန္တလေး-နေပြည်တော်ခရီးစဉ်ပြေးဆွဲမှုကို လက်ရှိတွင် စတင်ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ မကြာမီ တွင် ပြေးဆွဲ သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြို့မဈေးကုန်းလမ်း ပို့ဆောင်ရေး ကား လက်မှတ်အရောင်း တာဝန်ခံက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

အဆိုပါဝန်ထမ်းသီးသန့် ရန်ကုန်-နေပြည်တော်-ရန်ကုန်ကားများအတွက် ကြိုတင်လက်မှတ်များ ကို ဘောဂသီရိ ကားဝင်းကုန်းလမ်းပို့ဆောင် ရေးဂိတ် ဖုန်းနံပါတ် ဝ၆၇-၂၆၁၈၉၊ မြို့မဈေးကုန်းလမ်း ပို့ဆောင်ရေး ဂိတ်ဖုန်းနံပါတ် ဝ၉-၄၉၃၃၂၃ဝ၅နှင့် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ကားဝင်း ကုန်း လမ်း ပို့ဆောင်ရေးဂိတ်ဖုန်းနံပါတ် ဝ၉-၄၂ဝ၇၅၉၅ဝ၂ တို့တွင် တစ်ဦးလျှင် ကျပ် ၃၅ဝဝ နှုန်းဖြင့်ကြိုတင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်မှ စတင်ပြေးဆွဲပေးသော ဝန်ထမ်းသီးသန့် ရန်ကုန်- နေပြည်တော်-ရန်ကုန်ကားများကို လိုက်ပါစီးနင်းသူဝန်ထမ်းမှာ နည်းပါးနေသေးသော်လည်း သိရှိမှုများပြားလာပါကဝန်ထမ်းများ၏စီးနင်းမှု အပေါ် မူ တည်ကာ ကားစီးရေများထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment