Thursday 22 May 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘောတူ

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘောတူ
Thursday, May 22, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးရာ၌ အဓိက ကွဲလွဲမှုတစ်ရပ် ဖြစ်နေသော ဖက်ဒရယ်စနစ် ဖွင့်ဆိုချက်ကို တပ်မတော်က သဘောတူ လက်ခံ လိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များက ပြောကြားသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ မေလ ၂၁ ရက်နေ့တွင် တွေ့ ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဧပြီလဆန်းက ပြုလုပ်သော အပစ်ရပ်စာချုပ် ဆွေးနွေးပွဲတွင် တပ်မတော်က ဖက်ဒရယ်စနစ်ကို ကန့်ကွက်ခဲ့သော်လည်း ယနေ့ တွေ့ဆုံရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဖက်ဒရယ် အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်သော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တပ်မတော် ကိုယ်စားလှယ်များက လက်ခံလိုက်ခြင်း ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။
“ဒီနေ့ (အပစ်အခတ်ရပ်စဲရေး စာချုပ်) အခြေခံမူ အားလုံးကို ဆွေးနွေးပြီးပြီ။ သဘောတူထားတဲ့ အနေအထား တွေ့ရတော့ တော်တော်အောင်မြင် တယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက သုံးသပ်သည်။

ဖက်ဒရယ်စနစ်ကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုမှုကြောင့် သဘောထား ကွဲလွဲမှုများ ရှိသော်လည်း ယခု တပ်မတော်က လက်ခံသော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟူသော ဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တိုင်းရင်းသားများကလည်း လက်ခံကြောင်း တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ရှင်းပြသည်။

အချက် ၁၂၂ ချက်ပါ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲ ညှိနှိုင်းရာတွင် ဆွေးနွေးရန် ကျန်ရှိနေသော အချက်ပေါင်း ၄၅ ချက် ရှိပြီး ယခု ဆွေးနွေးပွဲတွင် အတက်နိုင်ဆုံး အလျှော့ပေး ညှိနှိုင်းမည် ဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။

နှစ်ရက်ကြာ ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ဆွေးနွေး ပွဲ ပထမနေ့တွင် အခြေခံမူများ အပါအဝင် အခန်း (၃) ခန်းကို ဆွေးနွေး သဘောတူ ထားပြီ ဖြစ်သည့်အတွက် မေလ ၂၂ ရက်နေ့ ဆွေးနွေးပွဲတွင် အခန်း ခုနှစ်ခု ပါဝင်သော စာချုပ်မူကြမ်း တစ်ခုလုံးကို ဆွေးနွေး ပြီးစီးဖွယ် ရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေး တစ်ဦးက ပြောဆိုသည်။

ယနေ့ ဆွေးနွေးပွဲသို တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ပါဝင် တက်ရောက်သည်။

အစိုးရနှင့် NCCT အဖွဲ့ ကိုယ်စားလှယ်များ ယခု ဆွေးနွေးပွဲတွင် သဘောတူညီ ထားမှုများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် အသီးသီးထံ ပြန်လည်တင်ပြ အတည်ပြုမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။

The Voice Weekly
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေး ရာ၌ အဓိက ကွဲလွဲမှုတစ်ရပ် ဖြစ်နေသော ဖက်ဒရယ်စနစ် ဖွင့်ဆိုချက်ကို တပ်မတော်က သဘောတူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် များက ပြောကြားသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ မေလ ၂၁ ရက်နေ့တွင် တွေ့ ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဧပြီလဆန်းက ပြုလုပ်သော အပစ်ရပ်စာချုပ် ဆွေးနွေးပွဲတွင် တပ်မတော်က ဖက်ဒရယ်စနစ်ကို ကန့်ကွက် ခဲ့သော်လည်း ယနေ့ တွေ့ဆုံရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဖက်ဒရယ် အဓိပ္ပာယ် ဖွင့်ဆို ချက်ဖြစ်သော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တပ်မတော် ကိုယ် စားလှယ် များက လက်ခံလိုက်ခြင်း ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်း က ပြော ကြားသည်။

“ဒီနေ့ (အပစ်အခတ်ရပ်စဲရေး စာချုပ်) အခြေခံမူ အားလုံးကို ဆွေးနွေးပြီးပြီ။ သဘောတူထားတဲ့ အနေ အထား တွေ့ ရတော့ တော်တော်အောင်မြင် တယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက သုံးသပ်သည်။

ဖက်ဒရယ်စနစ်ကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုမှုကြောင့် သဘောထား ကွဲလွဲမှုများ ရှိသော်လည်း ယခု တပ်မတော်က လက်ခံသော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟူသော ဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တိုင်းရင်းသားများကလည်း လက်ခံကြောင်း တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ရှင်းပြသည်။

အချက် ၁၂၂ ချက်ပါ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲ ညှိနှိုင်းရာတွင် ဆွေးနွေးရန် ကျန်ရှိနေသော အချက်ပေါင်း ၄၅ ချက် ရှိပြီး ယခု ဆွေးနွေးပွဲတွင် အတက်နိုင်ဆုံး အလျှော့ပေး ညှိနှိုင်းမည် ဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။

နှစ်ရက်ကြာ ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ဆွေးနွေး ပွဲ ပထမနေ့တွင် အခြေခံမူများ အပါအဝင် အခန်း (၃) ခန်းကို ဆွေးနွေး သဘောတူ ထားပြီ ဖြစ်သည့်အတွက် မေလ ၂၂ ရက်နေ့ ဆွေးနွေးပွဲတွင် အခန်း ခုနှစ်ခု ပါဝင်သော စာချုပ်မူကြမ်း တစ်ခုလုံးကို ဆွေးနွေး ပြီးစီးဖွယ် ရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေး တစ်ဦးက ပြောဆိုသည်။

ယနေ့ ဆွေးနွေးပွဲသို တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ပါဝင် တက်ရောက်သည်။

အစိုးရနှင့် NCCT အဖွဲ့ ကိုယ်စားလှယ်များ ယခု ဆွေးနွေးပွဲတွင် သဘောတူညီ ထားမှုများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် အသီးသီးထံ ပြန်လည်တင်ပြ အတည်ပြုမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။

The Voice Weekly

No comments:

Post a Comment