Thursday 22 May 2014

ဗြိတိန်နိုင်ငံမှ သယံဇာတ လေ့လာသည့်အဖွဲ့ ရှမ်းပြည်နယ်သို့ သွားရောက်လေ့လာမည်

သဘာဝသယံဇာတအရင်းအမြစ်များ တူးဖော်ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး (EITI) မြန်မာအဖွဲ့က ဖိတ်ကြားချက်ဖြင့် အဖွဲ့ဝင် လေးဦးပါသည့် ဗြိတိန်အခြေစိုက် (Adam Smith International) အဖွဲ့က မြန်မာနိုင် ငံအတွင်းရှိ သဘာဝသယံဇာတ ပေါကြွယ်ဝ သည့် ပြည်နယ်နှင့် တိုင်းများကို လေ့လာလျက်ရှိရာ ယခုအကြိမ်တွင် ရှမ်းပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
“သူတို့အနေနဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာ ၁၀ ရက်ကြာ လေ့လာမှုတွေလုပ်ပြီးပြီ။ မေလ ၂၉ ရက်မှာ ရှမ်းပြည်နယ်ကို သွားရောက်လေ့လာမှာဖြစ်တယ်။ သူတို့ရဲ့ လေ့လာမှု အားလုံးပြီးရင် အစီရင်ခံစာထုတ်ပြန် သွားမှာဖြစ်ပါတယ် ”ဟု (EITI) အစိုးရအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒုတိယအဖွဲ့ခေါင်းဆောင် ကိုမင်းဇာနည်လင်း က မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment