Thursday 22 May 2014

မကြာမီ မြဝတီ ကုန်သွယ်ရေး စခန်းတွင် စားသောက်ကုန် ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ

မြန်မာ-ထိုင်းနယ်စပ် မြဝတီ ကုန်သွယ်ရေး စခန်းတွင် အစားအသောက်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဆေး ဝါးများ ကို စစ်ဆေးနိုင်ရန် အတွက် မီနီလတ် ဓာတ်ခွဲခန်း အသေးစားကို မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန(FDA) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ မီနီလတ် ဓာတ်ခွဲခန်းမှ တစ်ဆင့် ဓာတ်ခွဲခန်းကြီး အထိ ထားရှိနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ် သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ နယ်စပ် တမူးတွင် လည်းကောင်း၊တရုတ်နိုင်ငံ နယ်စပ် မူဆယ်တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ပြီး ဖြစ်ရာ ယခုတွင်လည်း မြဝတီ နယ်စပ်တွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ရာ နေရာ အခက်အခဲကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိသော ကုန်သွယ်ရေး စခန်းများအနက် မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းသည်လည်း တစ်ခုအပါ အဝင် ဖြစ်ရာ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ဆေးဝါးနှင့် စားသောက်ကုန်များကို ပြည်တွင်း ဈေးကွက်သို့ ကုန်သွယ်မှုပြုရာတွင် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန (FDA) ထောက်ခံချက် ပါရှိမှသာ အခွန်ဆောင် သွားလာခွင့်ပြုကြောင်း၊ ထိုသို့ ထောက်ခံချက် ရှိမှသာ ရန်ကုန်ဈေးကွက်သို့ တိုက်ရိုက် တင်သွင်းလျက် ရှိကြောင်း သိရသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းတွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) ရုံးခန်းကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ရုံးခန်း ဖွင့်လှစ်ပြီးနောက် FDA လျှောက်ထားမှု ၆၅၅ စောင် ထုတ်ပေးပြီး ဖြစ်သည်။

FDA ထောက်ခံချက် လျှောက်ထားပါက အမျိုးအစား၊ အမျိုးအမည်နှင့် ထုတ် လုပ် သည့် ရက်စွဲ၊ ကုန်ဆုံးမည့် ရက်စွဲနှင့် ထုတ်လုပ်သည့် နိုင်ငံတို့ကို အင်္ဂလိပ် ဘာသာစကားဖြင့် တိကျစွာ ဖော်ပြပါရှိရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment