Thursday 22 May 2014

ပါလက်စတိုင်းနှင့် ပွဲတွင် ကစားအချို့ အိပ်ပျော်နေဟု အေဗရာမိုဗစ် ပြင်းပြင်း ထန်ထန် ဝေဖန်

Photo: ပါလက်စတိုင်းနှင့် ပွဲတွင် ကစားအချို့ အိပ်ပျော်နေဟု အေဗရာမိုဗစ် ပြင်းပြင်း ထန်ထန် ဝေဖန်
Thursday, May 22, 2014

AFC Challenge Cup အုပ်စု ဒုတိယပွဲတွင် ပါလက်စတိုင်း အသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲ၌ မြန်မာ ကစားသမား အချို့မှာ ပွဲကစားရင်း အိပ်ပျော် နေသည် ဟု မြန်မာ အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြား ခဲ့သည်။

မြန်မာ အသင်းမှာ ယင်းပွဲစဉ်တွင် ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိပဲ ကစားသမား အချို့၏ ကြိုးစား အားထုတ်မှုကို မကျေနပ် သဖြင့် အေဗရာမိုဗစ်က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော့် အသင်းက ကစားအချို့ ပွဲချိန် အတွင်းမှာ အိပ်ပျော် နေခဲ့တယ်။ အသင်း ကစားပုံ မကောင်းသလို အသင်းလိုက် စိတ်ဓာတ်လည်း ပျောက်ဆုံး ခဲ့ပါတယ်။ သူတို့ သွင်းသွားတဲ့ နှစ်ဂိုးကို ကြည့်ရင် ခက်ခက်ခဲခဲ မရှိပဲ အရမ်း လွယ်ကူလွန်း ပါတယ်။ မြန်မာ ကစားသမား တွေအနေနဲ့ သူတို့ ဘာလိုချင်လဲ ဆိုတာတွေးပြီး ဘယ်လောက် အထိ လုပ်နိုင်သလဲ ဆိုတာ ချပြနိုင်ဖို့ လိုနေပါတယ်။” ဟု အေဗရာမိုဗစ်က ဆိုသည်။

မြန်မာ အသင်းမှာ ယင်းပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ သဖြင့် အုပ်စု တတိယ နေရာအထိ ရောက်သွားခဲ့ပြီး အိမ်ရှင် မော်လ်ဒိုက်နှင် ရမှတ် သုံးမှတ်စီ တူသွားခဲ့ကာ ဂိုးကွာခြားချက် အရ အရေးနိမ့် နေသည်။ ပါလက်စတိုင်း အသင်း နည်းပြ မဟာမောက် ကလည်း ပွဲအခြေအနေနှင့် ပတ်သက်ပြီး “ကျွန်တော့် ကစားသမား တွေကို ပွဲမစခင် ကတည်းက ခက်ခဲမယ့် ပွဲဆိုတာ ပြောခဲ့တယ်။ ဆီမီးတက်ဖို့ အနိုင်သုံးမှတ် အရယူ ရမယ်လို့ ပြောခဲ့တယ်။ ကစားသမားတွေ ကြိုးစားခဲ့တဲ့ အတိုင်း အနိုင် သုံးမှတ်ရခဲ့လို့ ကျေနပ် ပါတယ်။” ဟု သုံးသပ် ခဲ့သည်။ မြန်မာ အသင်းမှာ ဆီမီးဖိုင်နယ် တက်ရန် အတွက် အုပ်စု နောက်ဆုံးပွဲတွင် ကာဇက်စတန်ကို အနိုင်ကစားရ တော့မည် ဖြစ်သည်။

Mizzima - News in Burmese
AFC Challenge Cup အုပ်စု ဒုတိယပွဲတွင် ပါလက်စတိုင်း အသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲ၌ မြန်မာ ကစားသမား အချို့မှာ ပွဲကစားရင်း အိပ်ပျော် နေသည် ဟု မြန်မာ အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြား ခဲ့သည်။
မြန်မာ အသင်းမှာ ယင်းပွဲစဉ်တွင် ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိပဲ ကစားသမား အချို့၏ ကြိုးစား အားထုတ်မှုကို မကျေနပ် သဖြင့် အေဗရာမိုဗစ်က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော့် အသင်းက ကစား အချို့ ပွဲချိန် အတွင်းမှာ အိပ်ပျော် နေခဲ့တယ်။ အသင်း ကစားပုံ မကောင်းသလို အသင်းလိုက် စိတ်ဓာတ် လည်း ပျောက်ဆုံး ခဲ့ပါတယ်။ သူတို့ သွင်းသွားတဲ့ နှစ်ဂိုးကို ကြည့်ရင် ခက်ခက်ခဲခဲ မရှိပဲ အရမ်း လွယ်ကူ လွန်း ပါတယ်။ မြန်မာ ကစားသမား တွေအနေနဲ့ သူတို့ ဘာလိုချင်လဲ ဆိုတာတွေးပြီး ဘယ်လောက် အထိ လုပ်နိုင်သလဲ ဆိုတာ ချပြနိုင်ဖို့ လိုနေပါတယ်။” ဟု အေဗရာမိုဗစ်က ဆိုသည်။

မြန်မာ အသင်းမှာ ယင်းပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ သဖြင့် အုပ်စု တတိယ နေရာအထိ ရောက်သွားခဲ့ပြီး အိမ်ရှင် မော်လ်ဒိုက်နှင် ရမှတ် သုံးမှတ်စီ တူသွားခဲ့ကာ ဂိုးကွာခြားချက် အရ အရေးနိမ့် နေသည်။ ပါလက်စတိုင်း အသင်း နည်းပြ မဟာမောက် ကလည်း ပွဲအခြေအနေနှင့် ပတ်သက်ပြီး “ကျွန်တော့် ကစားသမား တွေကို ပွဲမစခင် ကတည်းက ခက်ခဲမယ့် ပွဲဆိုတာ ပြောခဲ့တယ်။ ဆီမီးတက်ဖို့ အနိုင်သုံးမှတ် အရယူ ရမယ်လို့ ပြောခဲ့တယ်။ ကစားသမားတွေ ကြိုးစားခဲ့တဲ့ အတိုင်း အနိုင် သုံးမှတ်ရခဲ့လို့ ကျေနပ် ပါတယ်။” ဟု သုံးသပ် ခဲ့သည်။ မြန်မာ အသင်းမှာ ဆီမီးဖိုင်နယ် တက်ရန် အတွက် အုပ်စု နောက်ဆုံးပွဲတွင် ကာဇက်စတန်ကို အနိုင်ကစားရ တော့မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment