Thursday 8 May 2014

သတ်မှတ်အခွန်ပေးဆောင်ရန် တင်ပြရမည့် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် အခွန်၏ အဆပေါင်း ၁၅၀ အထိ ဒဏ်ငွေတပ်ရိုက်မည်

Photo: သတ်မှတ်အခွန်ပေးဆောင်ရန် တင်ပြရမည့် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် အခွန်၏ အဆပေါင်း ၁၅၀ အထိ ဒဏ်ငွေတပ်ရိုက်မည်
Thursday, May 8, 2014

ကုမ္ပဏီများအားလုံး ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ၀င်ငွေကြေညာလွှာများ တင်သွင်းရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားပြီး အခွန်ထမ်းဆောင်ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ သတ်မှတ်ပေးဆောင်ရမည့် အခွန်အခ၏ အဆပေါင်း ၁၅၀ အထိ ဒဏ်ငွေများ တပ်ရိုက်နိုင်ပြီး အမှန်တကယ် အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဆိပ်ကမ်းမြို့နယ် အခွန်ဌာနမှူး ဦးအောင်မျိုးဦးက မေ ၆ ရက်က Eleven Media Group ၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။

အာဆီယံနိုင်ငံများတွင် အခွန်ကောက်ခံမှုရငွေမှ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တွင် ပါဝင်မှုအချိုး အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် အခွန်ငွေများ ပိုမိုတိုးမြှင့် ရရှိစေရန် ပြင်ဆင်လုပ်ဆောင်မှုများ ရှိနေသည်။ ပြည်သူများဆီမှ အခွန်ငွေများ ပိုမိုရရှိစေရေးအတွက် မြို့နယ်အလိုက် ဆွေးနွေးဟောပြောမှုများ ပြုလုပ်နေပြီး မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်တွင် တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းချက်များနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ အရ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာပေးပို့ရန် ပျက်ကွက်ခြင်း၊ သတ်မှတ်ချိန်အတွင်း လစဉ်ကျသင့် အခွန်ပေးသွင်းရန် ပျက်ကွက်ခြင်း၊ သုံးလတစ်ကြိမ် ကြေညာလွှာနှင့် နှစ်ချုပ်ကြေညာလွှာပေးသွင်းရန် ပျက်ကွက်ခြင်း၊ နှစ်ချုပ်ကြေညာလွှာအတွက် ကျသင့်သောအခွန်အား ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ စည်းကြပ်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးရန် အကြောင်းကြားခြင်းကို လိုက်နာရန် ပျက်ကွက်ခြင်း၊ အခွန်ပေးဆောင်ရန် သတ်မှတ်ပေးထားသော သို့မဟုတ် တိုးမြှင့်ပေးထားသော ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ခြင်းနှင့် ကုန်သွယ်လုပ်ငန်း ခွန်စည်းမျဉ်းအရ သတ်မှတ်ထားသောပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားထားရှိရန် ပျက်ကွက်ခြင်း စသည့်ကိစ္စရပ် တစ်ခုချင်းစီအလိုက် ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်းစီ ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင် ပြေစာသို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ၀ယ်ယူသူ သို့မဟုတ် ၀န်ဆောင်မှုရယူသူထံ ထုတ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန် ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက ယင်းသို့ပျက်ကွက်ခြင်းအတွက် ပြေစာသို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားအပေါ် ကျသင့်အခွန်၏ ရာခိုင်နှုန်း ၁၀၀ အား ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဦးအောင်မျိုးဦးက ရှင်းလင်းပြောကြားသည်။

“အခွန်ရှောင်နေတာက ပိုတာဝန်ကြီးပါတယ်။ အထက်မှာပြောတဲ့ သတ်မှတ်ချက်တွေအားလုံးကို ပျက်ကွက်တယ်ဆိုရင် ပျက်ကွက်တဲ့အတိုင်း ဒဏ်ငွေတပ်ရိုက်မှာပါ” ဟု ဦးအောင်မျိုးဦးက ဆိုသည်။

Eleven Media Group 

မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော အခွန်ဌာနမှူး ဦးအောင်မျိုးဦးအား တွေ့ရစဉ်
မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော အခွန်ဌာနမှူး ဦးအောင်မျိုးဦးအား တွေ့ရစဉ်

ကုမ္ပဏီများအားလုံး ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ၀င်ငွေကြေညာလွှာများ တင်သွင်းရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားပြီး အခွန်ထမ်းဆောင်ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ သတ် မှတ်ပေးဆောင်ရမည့် အခွန်အခ၏ အဆပေါင်း ၁၅၀ အထိ ဒဏ်ငွေများ တပ်ရိုက်နိုင်ပြီး အမှန်တကယ် အရေးယူ မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဆိပ်ကမ်းမြို့နယ် အခွန်ဌာနမှူး ဦးအောင်မျိုးဦး က မေ ၆ ရက်က Eleven Media Group ၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။
အာဆီယံနိုင်ငံများတွင် အခွန်ကောက်ခံမှုရငွေမှ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တွင် ပါဝင်မှုအချိုး အနိမ့် ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် အခွန်ငွေများ ပိုမိုတိုးမြှင့် ရရှိစေရန် ပြင်ဆင်လုပ်ဆောင်မှုများ ရှိနေ သည်။ ပြည်သူများဆီမှ အခွန်ငွေများ ပိုမိုရရှိစေရေးအတွက် မြို့နယ်အလိုက် ဆွေးနွေးဟောပြော မှုများ ပြုလုပ်နေပြီး မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်တွင် တည်ဆဲအခွန်ဆိုင်ရာ ဥပဒေ များကို ပြင်ဆင်ပြဋ္ဌာန်းချက်များနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ အရ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ လုပ်ငန်းစတင်ကြောင်း အကြောင်းကြား စာပေးပို့ရန် ပျက်ကွက်ခြင်း၊ သတ်မှတ်ချိန်အတွင်း လစဉ်ကျသင့် အခွန်ပေးသွင်းရန် ပျက်ကွက်ခြင်း၊ သုံးလတစ်ကြိမ် ကြေညာလွှာနှင့် နှစ်ချုပ်ကြေညာလွှာပေးသွင်းရန် ပျက် ကွက်ခြင်း၊ နှစ် ချုပ်ကြေညာလွှာအတွက် ကျသင့်သောအခွန်အား ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ စည်းကြပ်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးရန် အကြောင်းကြားခြင်းကို လိုက်နာရန် ပျက်ကွက်ခြင်း၊ အခွန်ပေးဆောင်ရန် သတ်မှတ်ပေး ထားသော သို့မဟုတ် တိုးမြှင့်ပေးထားသော ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ခြင်းနှင့် ကုန်သွယ်လုပ် ငန်း ခွန်စည်းမျဉ်းအရ သတ်မှတ်ထားသောပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား ထားရှိရန် ပျက်ကွက်ခြင်း စသည့်ကိစ္စရပ် တစ်ခုချင်းစီအလိုက် ကျသင့်အခွန်၏ ၁၀ ရာခိုင်နှုန်းစီ ပေးဆောင် ရမည်ဖြစ်သည်။

ထို့ပြင် ပြေစာသို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ၀ယ်ယူသူ သို့မဟုတ် ၀န်ဆောင်မှုရယူသူထံ ထုတ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန် ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိ ပါက ယင်းသို့ပျက်ကွက်ခြင်းအတွက် ပြေစာသို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား အပေါ် ကျသင့်အခွန်၏ ရာခိုင်နှုန်း ၁၀၀ အား ဒဏ်ကြေးအဖြစ် ပေးဆောင်ရ မည်ဖြစ်ကြောင်း ဦးအောင်မျိုးဦးက ရှင်းလင်းပြောကြားသည်။

“အခွန်ရှောင်နေတာက ပိုတာဝန်ကြီးပါတယ်။ အထက်မှာပြောတဲ့ သတ်မှတ်ချက်တွေအားလုံးကို ပျက်ကွက်တယ်ဆိုရင် ပျက်ကွက်တဲ့အတိုင်း ဒဏ်ငွေတပ်ရိုက်မှာပါ” ဟု ဦးအောင်မျိုးဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment