Thursday 8 May 2014

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးမှ ထုတ်ပယ်ခံရ

Photo: ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးမှ ထုတ်ပယ်ခံရ 
Thursday, May 8, 2014

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစားမှုဖြင့် အခြေခံဥပဒေ ခုံရုံးက မေလ ၇ ရက်နေ့တွင် ရာထူးက ထုတ်ပယ်လိုက်သည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ၂၀၁၁ ခုနှစ်က အမျိုးသားလုံခြုံရေး ကောင်စီ အကြီးအကဲကို ရာထူးမှ ရွှေ့ပြောင်းရာတွင် တိုင်းပြည်၏ အခြေခံဥပဒေကို ချိုးဖောက်ပြီး ဝင်ရောက် စွက်ဖက်ခဲ့သည်ဟု အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ကာ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

“တရားခံဟာ သူမရဲ့ ဝန်ကြီးချုပ် အာဏာကို အလွဲသုံးစား လုပ်ခဲ့ပါတယ်။ သူမကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အဖြစ်ကနေ ထုတ်ပယ်လိုက်ပါပြီ” ဟု တရားသူကြီး၏ စီရင်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ပြင် လုံခြုံရေးကောင်စီ အကြီးအကဲကို ရာထူးမှ ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဝန်ကြီးများကိုလည်း ရာထူးမှ ထုတ်ပယ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် သူမ၏ ပါတီ အကျိုးအမြတ် ရှိစေရန်အတွက် ဝန်ကြီးချုပ် အာဏာကို အသုံးချပြီး အမျိုးသားလုံခြုံရေး ကောင်စီ အကြီးအကဲ သာဝီပလင်ဆရီကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် အခြား အရာမရောက်သော ရာထူးတစ်ခုသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခဲ့သည်ဟု အတိုက်အခံ အမတ်များ စွဲချက်တင်ခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ယင်းလပ်ကမူ “ကျွန်မ ဘယ်ဥပဒေကိုမှ မချိုးဖောက်ခဲ့ပါဘူး၊ ကျွန်မဟာ တိုင်းပြည် အကျိုးရှိဖို့အတွက် ကျွန်မရဲ့ စီမံအုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့တာပါ” ဟု အင်္ဂါနေ့က ခုခံပြောဆိုခဲ့သည်။

အတိုက်အခံများ၏ ဆန္ဒပြမှုများကြောင့် ဒီဇင်ဘာလတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ရပြီးနောက် ယင်းလပ်၏ အစိုးရအဖွဲ့သည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အုပ်ချုပ်ရေး တာဝန်ကို ယူခဲ့သည်။

ဖေဖော်ဝါရီလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲတွင် ယင်းလပ်၏ ပါတီဖြစ်သော ဖေ့အ်ထိုင်း ပါတီက အနိုင်ရခဲ့သော်လည်း အခြေခံဥပဒေ ခုံရုံးက ရွေးကောက်ပွဲကို တရားမဝင်ဟု ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ယင်းလပ်သည် အကျင့်ပျက် ခြစားမှုများ အလွန်များပြားနေပြီး အရှုံးဖြင့် လည်ပတ်နေသည်ဟု ဝေဖန်ခံနေရသော တိုင်းပြည်၏ ဆန်ဝယ်ယူရေး စီမံချက်နှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်ရန် ပျက်ကွက်မှုဖြင့်လည်း တရားစွဲဆို ခံထားရသည်။

ထိုစွဲချက်ကိုမူ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုလ မကုန်မီ စီရင်ချက် ချလိမ့်မည်ဟု ခန့်မှန်းရသည်။

အကယ်၍ ထိုအမှုတွင်ပါ အပြစ်ရှိကြောင်း စီရင်ချက်ချ ခံခဲ့ရပါက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ဝန်ကြီးချူပ် ရာထူးမှ ထုတ်ပယ်ခံရသည့် အပြင် ငါးနှစ်ခန့် နိုင်ငံရေး လုပ်ကိုင်ခွင့်ပါ ပိတ်ပင်ခံရဖွယ် ရှိနေသည်။

ဖေ့အ်ထိုင်း ပါတီကမူ အခြေခံဥပဒေ ခုံရုံး၏ ဝန်ကြီးချုပ် ယင်လပ်အပေါ် စီရင်ချက်မှာ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်းနှင့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချရန်အတွက် အာဏာသိမ်းမှုဆန်ဆန် အကွက်ချ လုပ်ဆောင်မှုများ ရှိနေသည်ဟု ယူဆရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

The Voice Weekly
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစားမှုဖြင့် အခြေခံဥပဒေ ခုံရုံးက မေလ ၇ ရက်နေ့ တွင် ရာထူးက ထုတ်ပယ်လိုက်သည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ၂၀၁၁ ခုနှစ်က အမျိုးသားလုံခြုံရေး ကောင်စီ အကြီးအကဲကို ရာထူး မှ ရွှေ့ပြောင်းရာတွင် တိုင်းပြည်၏ အခြေခံဥပဒေကို ချိုးဖောက်ပြီး ဝင်ရောက် စွက်ဖက်ခဲ့သည်ဟု အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ကာ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

“တရားခံဟာ သူမရဲ့ ဝန်ကြီးချုပ် အာဏာကို အလွဲသုံးစား လုပ်ခဲ့ပါတယ်။ သူမကို အိမ်စောင့်အစိုးရ ဝန်ကြီး ချုပ် အဖြစ်ကနေ ထုတ်ပယ်လိုက်ပါပြီ” ဟု တရားသူကြီး၏ စီရင်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ပြင် လုံခြုံရေးကောင်စီ အကြီးအကဲကို ရာထူးမှ ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် အစည်း အဝေး ကို တက်ရောက်ခဲ့သည့် ဝန်ကြီးများကိုလည်း ရာထူးမှ ထုတ်ပယ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် သူမ၏ ပါတီ အကျိုးအမြတ် ရှိစေရန်အတွက် ဝန်ကြီးချုပ် အာဏာကို အသုံးချပြီး အမျိုးသားလုံခြုံရေး ကောင်စီ အကြီးအကဲ သာဝီပလင်ဆရီကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် အခြား အရာမရောက်သော ရာထူးတစ်ခုသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခဲ့သည်ဟု အတိုက်အခံ အမတ်များ စွဲချက်တင်ခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ယင်းလပ်ကမူ “ကျွန်မ ဘယ်ဥပဒေကိုမှ မချိုးဖောက်ခဲ့ပါဘူး၊ ကျွန်မဟာ တိုင်းပြည် အကျိုးရှိဖို့ အတွက် ကျွန်မရဲ့ စီမံအုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့တာပါ” ဟု အင်္ဂါနေ့က ခုခံပြောဆိုခဲ့သည်။

အတိုက်အခံများ၏ ဆန္ဒပြမှုများကြောင့် ဒီဇင်ဘာလတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ရပြီးနောက် ယင်း လပ်၏ အစိုးရအဖွဲ့သည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အုပ်ချုပ်ရေး တာဝန်ကို ယူခဲ့သည်။

ဖေဖော်ဝါရီလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲတွင် ယင်းလပ်၏ ပါတီဖြ စ်သော ဖေ့အ်ထိုင်း ပါတီက အနိုင်ရခဲ့သော်လည်း အခြေခံဥပဒေ ခုံရုံးက ရွေးကောက်ပွဲကို တရားမဝင်ဟု ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ယင်းလပ်သည် အကျင့်ပျက် ခြစားမှုများ အလွန်များပြားနေပြီး အရှုံးဖြင့် လည်ပတ်နေသည် ဟု ဝေဖန်ခံနေရသော တိုင်းပြည်၏ ဆန်ဝယ်ယူရေး စီမံချက်နှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်ရန် ပျက် ကွက်မှုဖြင့်လည်း တရားစွဲဆို ခံထားရသည်။

ထိုစွဲချက်ကိုမူ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုလ မကုန်မီ စီရင်ချက် ချလိမ့်မည်ဟု ခန့်မှန်းရသည်။

အကယ်၍ ထိုအမှုတွင်ပါ အပြစ်ရှိကြောင်း စီရင်ချက်ချ ခံခဲ့ရပါက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ဝန်ကြီးချူပ် ရာထူးမှ ထုတ်ပယ်ခံရသည့် အပြင် ငါးနှစ်ခန့် နိုင်ငံရေး လုပ်ကိုင်ခွင့်ပါ ပိတ်ပင်ခံရဖွယ် ရှိနေသည်။

ဖေ့အ်ထိုင်း ပါတီကမူ အခြေခံဥပဒေ ခုံရုံး၏ ဝန်ကြီးချုပ် ယင်လပ်အပေါ် စီရင်ချက်မှာ အခြေခံဥပဒေနှင့် ညီ ညွတ်ခြင်း မရှိကြောင်းနှင့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချရန်အတွက် အာဏာသိမ်းမှုဆန်ဆန် အကွက်ချ လုပ်ဆောင်မှုများ ရှိနေသည်ဟု ယူဆရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment