Thursday 8 May 2014

သံတွဲမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အချိန်အား သုံးကြိမ်မြောက် ထပ်မံလျှော့ချ

Photo: သံတွဲမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အချိန်အား သုံးကြိမ်မြောက် ထပ်မံလျှော့ချ
Thursday, May 8, 2014

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ သက်ရောက်သည့် အချိန်အား သုံးကြိမ်မြောက် ထပ်မံလျှော့ချလိုက်ပြီဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်းက မေ ၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် သံတွဲပဋိပက္ခ ဖြစ်စဉ်မှာ ယခုလက်ရှိအချိန်တွင် နယ်မြေအေးချမ်းလာသဖြင့် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ၏ သက်ရောက်သောအချိန်အား တတိယအကြိမ် ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်ခဲ့တဲ့သူတွေကို စစ်ဆေးနေဆဲပဲ ရှိတယ်။ တချို့ကလည်း အယူခံဝင်ထားတယ်။ တချို့က ပြင်ဆင်ဖို့ တင်သွင်းထားတယ်။ ပြစ်မှုမှာ ပါဝင်ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့သူတွေကို စစ်ဆေးရင်းနဲ့ အကြောင်းမခိုင်လုံလို့ ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိပါတယ်။ အခုအချိန်မှာ နယ်မြေက အရင်ကလို ပြန်လည်အေးချမ်းလာတဲ့အတွက် ပုဒ်မ ၁၄၄ ကို အချိန်ကို ထပ်မံလျှော့ချထားပါတယ်။ အခြေအနေပေါ် မူတည်ပြီးတော့ ထုတ်ပြန်ထားတဲ့အမိန့်ကို တဖြည်းဖြည်း လျှော့ချပြီး ပယ်ဖျက်သွားမှာပါ” ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်းက ပြောကြားသည်။

သံတွဲမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီအဖြစ် စတင်ထုတ်ပြန်ခဲ့ပြီး ည ၇ နာရီမှ နံနက် ၅ နာရီအထိ လည်းကောင်း၊ ည ၉ နာရီမှ နံနက် ၅ နာရီအထိ လည်းကောင်း၊ ယခုအခါတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထပ်မံလျှော့ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

သံတွဲမြို့၏ ပဋိပက္ခဖြစ်စဉ်ကို စက်တင်ဘာ ၂၉ ရက်နေ့က သံတွဲမြို့နယ်ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုးတစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက “သာသနာ့အလံ ထောင်ထားတဲ့ဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်” ဆိုကာ ခိုင်းနှိုင်းဆဲဆိုလိုက်သည့်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုးက ရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့မှုမှ စတင်ခဲ့ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်အတွင်း လူငါးဦး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ခြေ ၁၁၁ လုံး ဆုံးရှုံးခဲ့ပြီး လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။  

Eleven Media Group  

သံတွဲမြို့ တစ်နေရာအား အပေါ်စီးမှ မြင်တွေ့ရစဉ်
သံတွဲမြို့ တစ်နေရာအား အပေါ်စီးမှ မြင်တွေ့ရစဉ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ သက်ရောက်သည့် အချိန် အား သုံးကြိမ်မြောက် ထပ်မံလျှော့ချလိုက်ပြီဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်း က မေ ၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် သံတွဲပဋိပက္ခ ဖြစ်စဉ်မှာ ယခုလက်ရှိအချိန် တွင် နယ်မြေအေးချမ်းလာသဖြင့် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ၏ သက်ရောက်သောအချိန်အား တတိယ အကြိမ် ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်ခဲ့တဲ့သူတွေကို စစ်ဆေးနေဆဲပဲ ရှိတယ်။ တချို့ကလည်း အယူခံဝင်ထားတယ်။ တချို့က ပြင်ဆင်ဖို့ တင်သွင်းထားတယ်။ ပြစ်မှုမှာ ပါဝင်ကျူးလွန်ခဲ့ တယ်လို့ သံသယရှိတဲ့သူတွေကို စစ်ဆေးရင်းနဲ့ အကြောင်းမခိုင်လုံလို့ ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိပါတယ်။ အခုအချိန်မှာ နယ်မြေက အရင်ကလို ပြန်လည်အေးချမ်းလာတဲ့အတွက် ပုဒ်မ ၁၄၄ ကို အချိန်ကို ထပ်မံလျှော့ချ ထားပါတယ်။ အခြေအနေပေါ် မူတည်ပြီးတော့ ထုတ်ပြန်ထားတဲ့အမိန့်ကို တဖြည်းဖြည်း လျှော့ချပြီး ပယ်ဖျက်သွားမှာပါ” ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်းက ပြော  ကြား သည်။

သံတွဲမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီအဖြစ် စတင်ထုတ်ပြန်ခဲ့ပြီး ည ၇ နာရီမှ နံနက် ၅ နာရီအထိ လည်းကောင်း၊ ည ၉ နာရီမှ နံနက် ၅ နာရီအထိ လည်းကောင်း၊ ယခုအခါတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထပ်မံလျှော့ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

သံတွဲမြို့၏ ပဋိပက္ခဖြစ်စဉ်ကို စက်တင်ဘာ ၂၉ ရက်နေ့က သံတွဲမြို့နယ်ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုးတစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ် ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက “သာသနာ့အလံ ထောင်ထားတဲ့ဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်” ဆိုကာ ခိုင်းနှိုင်းဆဲဆိုလိုက်သည့်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုးက ရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့မှုမှ စတင်ခဲ့ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်အတွင်း လူငါးဦး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ခြေ ၁၁၁ လုံး ဆုံးရှုံးခဲ့ပြီး လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment