Thursday 8 May 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ ရေးဆွဲပြီးစီး

Photo: ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ ရေးဆွဲပြီးစီး
Thursday, May 8, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေ ရေးဆွဲပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များနှင့် ပတ်သက်သည့် ဥပဒေဖြစ်ပြီး ယင်းဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ ရေးဆွဲထားခြင်းဖြစ်သည်။

ဥပဒေ၏ ရည်ရွယ်ချက်မှာ ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေး ယာဉ်များအား သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေတို့နှင့်အညီ စနစ်တကျ ပြေးဆွဲစေရန် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ယာဉ်များအား တစ်ဦးချင်းစနစ်မှ အများပိုင်စနစ်သို့ တဖြည်းဖြည်းကူးပြောင်းရန်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ကောက်ခံရရှိသည့် ငွေများထဲမှ သတ်မှတ်ရန်ပုံငွေအား တိုင်းဒေသကြီး ဘဏ္ဍာငွေသို့ ပေးသွင်း၍ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အသုံးပြုရန်နှင့် ကောက်ခံရရှိသည့် ၀င်ငွေများထဲမှ သတ်မှတ်ရန်ပုံငွေအား ကော်မတီကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်းများမှ ၀န်ထမ်း၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်လုပ်သားတို့ဘ၀ ဖွံ့ဖြိုးရေးလုပ်ငန်းတွင်း အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဥပဒေအရ ပုဂ္ဂလိကပိုင်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်နိုင်ရန်အတွက် မ.ထ.သ ကဲ့သို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကော်မတီသည် ယာဉ်သွားလာမှု စနစ်တကျရှိရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်သွားလာမှုနှင့် ပတ်သက်သည့် စည်းကမ်းချက်များ၊ လမ်းကွန်ရက်နှင့် ယာဉ်သွားလာမှုကွန်ရက်များ၊ ယာဉ်ရပ်နားမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ ယာဉ်အန­္တရာယ်၊ လမ်းအန္တရာယ် မဖြစ်စေရေးတို့အတွက် သီးခြားပြဋ္ဌာန်းချက်များကို လိုအပ်ချက်နှင့်အညီ သတ်မှတ်ရမည်ဖြစ်သည်။

“ဥပဒေမှာ မ.ထ.သ လို ကော်မတီကို ယာဉ်ပိုင်ရှင်တွေပါဝင်ပြီး အသစ်ပြန်ဖွဲ့ဖို့ ပါတဲ့အတွက် ဒီဥပဒေကို အားလုံးက မျှော်နေကြတာ” ဟု ဗဟန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။

ကော်မတီအနေဖြင့် ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ယာဉ်သွားလာမှုများကြောင့် လေထုညစ်ညမ်းမှု မဖြစ်စေရေးအတွက် လိုအပ်သော အစီအမံများ ထုတ်ပြန်ခြင်း၊ မော်တော်ယာဉ် မှ ထွက်လာသည် မီးခိုးနှင့်ထုတ်လွှင့် ပစ္စည်းများ လျော့နည်းစေရေး ကာကွယ်ရန် အစီအမံများ ချမှတ်ခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး စီမံချက်များ သတ်မှတ်ပြဋ္ဌာန်းခြင်းများ ပါဝင်မည်ဟု ဆိုသည်။ ယင်းဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား လေ့လာနိုင်ရန် ဝေငှထားပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

Eleven Media Group  

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအား တွေ့ရစဉ်
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေ ရေးဆွဲပြီးစီး သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း များ ဆောင်ရွက်သည့် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များနှင့် ပတ်သက်သည့် ဥပဒေဖြစ်ပြီး ယင်းဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ ရေးဆွဲထားခြင်းဖြစ်သည်။

ဥပဒေ၏ ရည်ရွယ်ချက်မှာ ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေး ယာဉ်များအား သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေတို့နှင့်အညီ စနစ်တကျ ပြေးဆွဲစေရန် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ယာဉ်များအား တစ်ဦးချင်းစနစ်မှ အများပိုင်စနစ်သို့ တဖြည်းဖြည်းကူးပြောင်းရန်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ကောက်ခံရရှိသည့် ငွေများထဲမှ သတ်မှတ်ရန်ပုံငွေအား တိုင်းဒေသကြီး ဘဏ္ဍာငွေ သို့ ပေး သွင်း၍ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အသုံးပြုရန်နှင့် ကောက်ခံရရှိသည့် ၀င်ငွေများထဲမှ သတ်မှတ် ရန်ပုံငွေအား ကော်မတီကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်းများမှ ၀န်ထမ်း၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်လုပ်သားတို့ဘ၀ ဖွံ့ဖြိုးရေးလုပ်ငန်းတွင်း အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဥပဒေအရ ပုဂ္ဂလိကပိုင်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်နိုင် ရန် အတွက် မ.ထ.သ ကဲ့သို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကော်မတီသည် ယာဉ်သွားလာမှု စနစ်တကျရှိရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်သွား လာ မှုနှင့် ပတ်သက်သည့် စည်းကမ်းချက်များ၊ လမ်းကွန်ရက်နှင့် ယာဉ်သွားလာမှုကွန်ရက်များ၊ ယာဉ်ရပ်နား မှု ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ ယာဉ်အန­္တရာယ်၊ လမ်းအန္တရာယ် မဖြစ်စေရေးတို့ အတွက် သီးခြားပြဋ္ဌာန်းချက်များကို လိုအပ်ချက်နှင့်အညီ သတ်မှတ်ရမည်ဖြစ်သည်။

“ဥပဒေမှာ မ.ထ.သ လို ကော်မတီကို ယာဉ်ပိုင်ရှင်တွေပါဝင်ပြီး အသစ်ပြန်ဖွဲ့ဖို့ ပါတဲ့အတွက် ဒီဥပဒေကို အားလုံးက မျှော်နေကြတာ” ဟု ဗဟန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။

ကော်မတီအနေဖြင့် ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် လည်း ဆောင် ရွက် ရမည်ဖြစ်ပြီး ယာဉ်သွားလာမှုများကြောင့် လေထုညစ်ညမ်းမှု မဖြစ်စေရေးအတွက် လိုအပ်သော အစီအမံများ ထုတ်ပြန်ခြင်း၊ မော်တော်ယာဉ် မှ ထွက်လာသည် မီးခိုးနှင့်ထုတ်လွှင့် ပစ္စည်းများ လျော့နည်းစေရေး ကာကွယ်ရန် အစီအမံများ ချမှတ်ခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး စီမံချက်များ သတ်မှတ်ပြဋ္ဌာန်းခြင်းများ ပါဝင်မည်ဟု ဆိုသည်။ ယင်းဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား လေ့လာနိုင်ရန် ဝေငှထားပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment