Thursday 8 May 2014

ဆိုမာလီယာသည် မိခင်များအတွက် အဆိုးရွားဆုံးနိုင်ငံဖြစ်

Photo: ဆိုမာလီယာသည် မိခင်များအတွက် အဆိုးရွားဆုံးနိုင်ငံဖြစ်
Thursday, May 8, 2014

ဆိုမာလီယာနိုင်ငံသည် မိခင်တစ်ဦးအတွက် ကမ္ဘာ့ အဆိုးရွား ဆုံး နိုင်ငံဖြစ်ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးများကို ကူညီပံ့ပိုးနေသည့် Save the Children အဖွဲ့က မေ ၁၁ ရက်တွင် ကျရောက်မည့်
အမေများနေ့ အထိမ်းအမှတ်အဖြစ် မေ ၅ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြခဲ့သည်။

မိခင်ကျန်းမာရေး၊ ကလေးသေဆုံးမှုနှုန်း၊ ပညာရေးနှင့် မိခင်၏၀င်ငွေ အဆင့်အတန်းနှင့် နိုင်ငံရေး အခြေအနေများကို ထည့်သွင်းစဉ်းစား၍ နိုင်ငံ ၁၇၈ နိုင်ငံကို နှိုင်းယှဉ်လေ့လာခဲ့ရာ ဆိုမာလီယာသည် ယင်း ၁၇၈ နိုင်ငံစာရင်းတွင် အနိမ့်ဆုံးအဆင့်၌ ဖော်ပြခံရသည်။ ယခင်နှစ်က အနိမ့်ဆုံးအဆင့်၌ ဖော်ပြခံခဲ့ရသည့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက ဒုတိယအနိမ့်ဆုံးဖြစ်ပြီး နိုင်ဂျာ၊ မာလီနှင့် ဂီနစ်ဘစ်ဆောတို့က တတိယမှ ပဉ္စမအနိမ့်ဆုံးအဖြစ် အစဉ်လိုက် ဖော်ပြခံခဲ့ရသည်။

“ဒီနှစ်ရဲ့ အညွှန်းကိန်းတွေအရ မိခင်တစ်ဦးဖြစ်ဖို့ အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံဟာ မကြာသေးမီက လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ ရာဇ၀င်ရှိပြီး ဆင်းရဲတဲ့နိုင်ငံတွေ ဖြစ်နေတာဟာ အံ့အားသင့်စရာ မရှိပါဘူး။ အဆင်းရဲဆုံး မိခင်တွေဟာ အခက်အခဲ အပင်ပန်းဆုံးပါပဲ။ ချမ်းသာတဲ့နိုင်ငံတွေက မိခင်တွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေက မိခင်တွေကြားက စိတ်ပျက်ဖွယ် ကွာခြားချက်ကို ဒီအစီရင်ခံစာက ဖော်ပြနေပါတယ်” ဟု Save the Children အဖွဲ့ တာဝန်ရှိသူ ဂျက်စမင်ဝှိုက်ဘရက်က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကြိုတင်တားဆီးနိုင်သော အကြောင်းရင်းများကြောင့် နေ့စဉ် မိခင် ၈၀၀ နှင့် ကလေး ၁၈,၀၀၀ သေဆုံးနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းစစ် ပဋိပက္ခနှင့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် ဒေသများရှိ မိခင်နှင့် ကလေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပိုမိုဆောင်ရွက်ကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မိခင်နှင့် ကလေးများအတွက် ကျန်းမာရေးနှင့် အာဟာရလိုအပ်ချက် ပြည့်စုံရန် နည်းလမ်းရှာဖွေခြင်းသည် အထူးသဖြင့် ဆင်းရဲသောနိုင်ငံများနှင့် ပဋိပက္ခများ ကြုံတွေ့နေရသော နိုင်ငံများတွင် အရေးကြီးကြောင်း ၎င်းတို့က ထုတ်ပြန်ခဲ့သည်။ ကလေးသေဆုံးမှု သုံးပုံတစ်ပုံနီးပါးကို အနောက်အာဖရိကနှင့် ဗဟိုအာဖရိကတို့၌ တွေ့ရှိရပြီး နောက်ထပ်သုံးပုံတစ်ပုံကို တောင်အာရှတွင် တွေ့ရကြောင်း တောင်အာရှတွင် ကလေးသေဆုံးမှုနှုန်းသည် လူမှုရေးအရ ဖယ်ကြဉ်ထားသည့် အသိုက်အ၀န်းများတွင် မြင့်တက်လာသည်ဟုလည်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

မိခင်တစ်ဦးဖြစ်ရန် အဆိုးရွားဆုံးနိုင်ငံအဖြစ် လွန်ခဲ့သည့်သုံးနှစ်က ဖော်ပြခံခဲ့ရသော အာဖဂန်နစ္စတန်သည် မိခင်နှင့်ကလေး သေဆုံးမှုကို လျှော့ချရာတွင် တိုးတက်လာသဖြင့် ယခုနှစ်စာရင်းတွင် အဆင့် ၁၄၆ ၌ ဖော်ပြခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် အဆင့် ၆၅ ၌ ဖော်ပြခံခဲ့ရသည့် ဆီးရီးယားသည် ပြည်တွင်းစစ်ကြောင့် အများပြည်သူ ကျန်းမာရေးစနစ် ပျက်သုဉ်းပြီး ကလေးမွေးဖွားနှုန်း ကျဆင်းမည့် အန္တရာယ်နှင့် ရင်ဆိုင်ရပြီးနောက် ယခုနှစ်တွင်အဆင့် ၁၁၅ ၌ ဖော်ပြခံခဲ့ရသည်။

Ref:AFP
Eleven Media Group
ဆိုမာလီယာနိုင်ငံသည် မိခင်တစ်ဦးအတွက် ကမ္ဘာ့ အဆိုးရွား ဆုံး နိုင်ငံဖြစ်ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးများကို ကူညီပံ့ပိုးနေသည့် Save the Children အဖွဲ့က မေ ၁၁ ရက်တွင် ကျရောက်မည့် အမေ များနေ့ အထိမ်းအမှတ်အဖြစ် မေ ၅ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြခဲ့သည်။
မိခင်ကျန်းမာရေး၊ ကလေးသေဆုံးမှုနှုန်း၊ ပညာရေးနှင့် မိခင်၏၀င်ငွေ အဆင့်အတန်းနှင့် နိုင်ငံရေး အခြေအနေများကို ထည့်သွင်းစဉ်းစား၍ နိုင်ငံ ၁၇၈ နိုင်ငံကို နှိုင်းယှဉ်လေ့လာခဲ့ရာ ဆိုမာလီယာသည် ယင်း ၁၇၈ နိုင်ငံစာရင်းတွင် အနိမ့်ဆုံးအဆင့်၌ ဖော်ပြခံရသည်။ ယခင်နှစ်က အနိမ့်ဆုံးအဆင့်၌ ဖော်ပြခံခဲ့ရသည့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက ဒုတိယအနိမ့်ဆုံးဖြစ်ပြီး နိုင်ဂျာ၊ မာလီနှင့် ဂီနစ်ဘစ်ဆောတို့က တတိယ မှ ပဉ္စမအနိမ့်ဆုံးအဖြစ် အစဉ်လိုက် ဖော်ပြခံခဲ့ရသည်။

“ဒီနှစ်ရဲ့ အညွှန်းကိန်းတွေအရ မိခင်တစ်ဦးဖြစ်ဖို့ အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံဟာ မကြာသေးမီက လက်နက် ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ ရာဇ၀င်ရှိပြီး ဆင်းရဲတဲ့နိုင်ငံတွေ ဖြစ်နေတာဟာ အံ့အားသင့်စရာ မရှိပါဘူး။ အဆင်းရဲဆုံး မိခင်တွေဟာ အခက်အခဲ အပင်ပန်းဆုံးပါပဲ။ ချမ်းသာတဲ့နိုင်ငံတွေက မိခင်တွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေက မိခင်တွေကြားက စိတ်ပျက်ဖွယ် ကွာခြားချက်ကို ဒီအစီရင်ခံစာက ဖော်ပြနေပါတယ်” ဟု Save the Children အဖွဲ့ တာဝန်ရှိသူ ဂျက်စမင်ဝှိုက်ဘရက်က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကြိုတင်တားဆီးနိုင်သော အကြောင်းရင်းများကြောင့် နေ့စဉ် မိခင် ၈၀၀ နှင့် ကလေး ၁၈,၀၀၀ သေဆုံးနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းစစ် ပဋိပက္ခနှင့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် ဒေသများရှိ မိခင်နှင့် ကလေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပိုမိုဆောင်ရွက် ကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မိခင်နှင့် ကလေးများအတွက် ကျန်းမာရေးနှင့် အာဟာရလိုအပ်ချက် ပြည့်စုံရန် နည်းလမ်းရှာဖွေခြင်းသည် အထူးသဖြင့် ဆင်းရဲသောနိုင်ငံများနှင့် ပဋိပက္ခများ ကြုံတွေ့နေရသော နိုင်ငံများတွင် အရေးကြီးကြောင်း ၎င်းတို့က ထုတ်ပြန်ခဲ့သည်။ ကလေးသေဆုံးမှု သုံးပုံတစ်ပုံနီးပါးကို အနောက်အာဖရိကနှင့် ဗဟိုအာဖရိကတို့၌ တွေ့ရှိရပြီး နောက်ထပ်သုံးပုံတစ်ပုံကို တောင်အာရှတွင် တွေ့ရကြောင်း တောင်အာရှတွင် ကလေးသေဆုံးမှုနှုန်းသည် လူမှုရေးအရ ဖယ်ကြဉ်ထားသည့် အသိုက်အ၀န်းများတွင် မြင့်တက်လာသည် ဟုလည်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

မိခင်တစ်ဦးဖြစ်ရန် အဆိုးရွားဆုံးနိုင်ငံအဖြစ် လွန်ခဲ့သည့်သုံးနှစ်က ဖော်ပြခံခဲ့ရသော အာဖဂန်နစ္စတန်သည် မိခင်နှင့်ကလေး သေဆုံးမှုကို လျှော့ချရာတွင် တိုးတက်လာသဖြင့် ယခုနှစ်စာရင်းတွင် အဆင့် ၁၄၆ ၌ ဖော်ပြခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် အဆင့် ၆၅ ၌ ဖော်ပြခံခဲ့ရသည့် ဆီးရီးယားသည် ပြည် တွင်းစစ်ကြောင့် အများပြည်သူ ကျန်းမာရေးစနစ် ပျက်သုဉ်းပြီး ကလေးမွေးဖွားနှုန်း ကျဆင်းမည့် အန္တရာယ်နှင့် ရင်ဆိုင်ရပြီးနောက် ယခုနှစ်တွင်အဆင့် ၁၁၅ ၌ ဖော်ပြခံခဲ့ရသည်။

Ref:AFP
Eleven Media Group 

No comments:

Post a Comment