Thursday 8 May 2014

ယခုလ ၁၅ ရက်အတွင်း မိုးကြိုမုန်တိုင်း ဝင်ရောက်နိုင်

Photo: ယခုလ ၁၅ ရက်အတွင်း မိုးကြိုမုန်တိုင်း ဝင်ရောက်နိုင်
Thursday, May 8, 2014 

ရန်ကုန်၊ ယခုလ ဒုတိယပတ်အတွင်း မိုးကြိုမုန်တိုင်းအန္တရာယ်သတိပြု ရန် မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။
လာမည့်မေ ၇ ရက်မှ ၁၃ ရက်အ တွင်း ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းတွင် မုန်တိုင်းငယ်တစ်ကြိမ်ဖြစ် ပေါ်နိုင်ကြောင်းကို အမေရိကန် ပြည်ထောင်စုရှိ NOAA ( National Atmospheric Administration ) အဖွဲ့၏ IRI (Intenational Resarch Institute ) မှ ခန့် မှန်းထားသည်။

မုန်တိုင်းငယ်အဖြစ်နှင့် စတင် ဖြစ်ပေါ်လာမည့် အဆိုပါမုန်တိုင်း သည် တဖြည်းဖြည်းနှင့် အပူပိုင်းမုန် တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ အ ဆင့်အထိရောက်ရှိလာနိုင်သည်ဟု လည်း IRI က ဆိုထားသည်။
''စတင်ဖြစ်ပေါ်ရာဒေသ (Source region)ဟာ မုန်တိုင်းရဲ့ရွေ့ လျားမယ့်လမ်းကြောင်းနဲ့ အင်အား ကိုအဆုံးအဖြတ်ပေးသွားနိုင်ပါ တယ်။ အစဉ်အလာအားဖြင့် ဘင်္ဂလား ပင်လယ် အော်အရှေ့တောင်ပိုင်း (ကို ကိုးကျွန်းရဲ့ အနောက်ဘက် Preparis Island အနီးရေပြင်)မှာ အစ ပျိုးဖြစ်တဲ့ မုန်တိုင်းတွေဟာ မြန်မာ နိုင်ငံကိုဝင်ရောက်တတ်ပါတယ်''ဟု ဒေါက်တာထွန်းလွင်က သူ၏ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် အသိပေးထားသည်။
အတိတ်ကာလ စာရင်းအင်းဇ ယားများ (Historical Statiscal Analysis) အရ ၁၈၇၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ နှစ်ပေါင်း ၁၃၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ကို ဝင်ရောက်ခဲ့ဖူးသော မုန်တိုင်း ၈၅လုံး၏ ၅၁ရာခိုင်နှုန်းသည် ဧပြီ ၂ဝရက်မှ မေ ၁၅ရက်အတွင်းဝင် ရောက်ခဲ့ဖူးသောကြောင့် မိုးကြိုကာ လမုန်တိုင်းအန္တရာယ်သတိထား ရန်လိုအပ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။
သို့သော်ဘင်္ဂလားပင်လယ် အော်တွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်း များအားလုံး၏ ၃၈ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံကိုဝင်ရောက်ခဲ့ပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံကို ဝင်ရောက်ခြင်းမရှိခဲ့သည်ကိုတွေ့ ရသောကြောင့် မေလဒုတိယပတ် အတွင်းဖြစ်လာနိုင်သည့် မုန်တိုင်း သည် မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ ၃၈ ရာခိုင်နှုန်း သေချာမှုရှိသည်ဟု ယင်းကဆက်လက်ပြောကြားသည်။

အဆိုပါ မုန်တိုင်းဖြစ်လာခဲ့ပါ က ၂ဝ၁၄ ခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဒုတိယမြောက် ဝင်ရောက်သော မုန်တိုင်းဖြစ်သော ကြောင့် 02B ဟု အမည်ပေးထား ကြောင်းသိရသည်။

Yangon Media Group
ရန်ကုန်၊ ယခုလ ဒုတိယပတ်အတွင်း မိုးကြိုမုန်တိုင်းအန္တရာယ်သတိပြု ရန် မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။
လာမည့်မေ ၇ ရက်မှ ၁၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းတွင် မုန်တိုင်းငယ် တစ်ကြိ မ်ဖြစ် ပေါ်နိုင်ကြောင်းကို အမေရိကန် ပြည်ထောင်စုရှိ NOAA ( National Atmospheric Administration ) အဖွဲ့၏ IRI (Intenational Resarch Institute ) မှ ခန့် မှန်းထားသည်။

မုန်တိုင်းငယ်အဖြစ်နှင့် စတင် ဖြစ်ပေါ်လာမည့် အဆိုပါမုန်တိုင်း သည် တဖြည်းဖြည်းနှင့် အပူပိုင်းမုန် တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ အ ဆင့်အထိရောက်ရှိလာနိုင်သည်ဟု လည်း IRI က ဆိုထားသည်။

''စတင်ဖြစ်ပေါ်ရာဒေသ (Source region)ဟာ မုန်တိုင်းရဲ့ရွေ့ လျားမယ့်လမ်းကြောင်းနဲ့ အင်အား ကို အဆုံးအဖြတ်ပေးသွားနိုင်ပါ တယ်။ အစဉ်အလာအားဖြင့် ဘင်္ဂလား ပင်လယ် အော်အရှေ့တောင်ပိုင်း (ကိုကိုးကျွန်းရဲ့ အနောက်ဘက် Preparis Island အနီးရေပြင်)မှာ အစ ပျိုးဖြစ်တဲ့ မုန်တိုင်းတွေဟာ မြန် မာ နိုင်ငံကိုဝင်ရောက်တတ်ပါတယ်''ဟု ဒေါက်တာထွန်းလွင်က သူ၏ဖေ့စ်ဘွတ်ခ် အကောင့် မှ တစ်ဆင့် အသိပေးထားသည်။

အတိတ်ကာလ စာရင်းအင်းဇ ယားများ (Historical Statiscal Analysis) အရ ၁၈၇၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ နှစ်ပေါင်း ၁၃၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ကို ဝင်ရောက်ခဲ့ဖူးသော မုန်တိုင်း ၈၅လုံး၏ ၅၁ရာခိုင်နှုန်းသည် ဧပြီ ၂ဝရက်မှ မေ ၁၅ရက်အတွင်းဝင် ရောက်ခဲ့ဖူးသောကြောင့် မိုးကြိုကာ လမုန်တိုင်း အန္တရာယ်သတိထား ရန်လိုအပ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။

သို့သော်ဘင်္ဂလားပင်လယ် အော်တွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်း များအားလုံး၏ ၃၈ ရာခိုင်နှုန်းသာ မြန် မာနိုင်ငံ ကိုဝင်ရောက်ခဲ့ပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံကို ဝင်ရောက်ခြင်းမရှိခဲ့သည်ကိုတွေ့ ရသောကြောင့် မေလဒုတိယပတ် အတွင်းဖြစ်လာနိုင်သည့် မုန်တိုင်း သည် မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ ၃၈ ရာခိုင်နှုန်း သေချာမှုရှိသည်ဟု ယင်းကဆက်လက်ပြောကြားသည်။

အဆိုပါ မုန်တိုင်းဖြစ်လာခဲ့ပါ က ၂ဝ၁၄ ခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဒုတိယမြောက် ဝင်ရောက်သော မုန်တိုင်းဖြစ်သော ကြောင့် 02B ဟု အမည်ပေးထား ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment