Thursday 8 May 2014

ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

Photo: ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ
Thursday, May 8, 2014

ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သည့် ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ

Muslims Vent Anger over Nigeria Abductions

- နိုက်ဂျီးရီးယား စစ်သွေးကြအဖွဲ့ ဘိုကိုဟရမ်က ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲမှုကို အစ္စလာမ်ကမ္ဘာ၏ အမြင့်ဆုံး အစ္စလာမ် ဓမ္မတက္ကသိုလ် အလ်-အဇ်ဟာရ်က ရှုတ်ချလိုက်ပြီး၊ ထိုမိန်းကလေးများအား ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

“ဒီလုပ်ရပ်ဟာ အစ္စလာမ်ရဲ့ မွန်မြတ်တဲ့ သွန်သင်မှုတွေနဲ့ ဘယ်လိုမှကို ဆက်နွယ်မှု မရှိပါဘူး။ ဒီမိန်းကလေးတွေကို ချက်ခြင်းလွှတ်ပေးဖို့ အလ်-အဇ်ဟာရ်က တောင်းဆိုပါတယ်” ဟု AFP သတင်း ဌာနက မေလ ၆ ရက်နေ့တွင် ဖော်ပြခဲ့သော အလ်-အဇ်ဟာရ်၏ ကြေညာချက်တွင် ရေးသားထားသည်။

နိုက်ဂျီးရီးယားမြောက်ပိုင်း ဘိုနိုပြည်နယ် ချီဘွတ်မြို့ရှိ စာသင်ကျောင်း တစ်ခုမှ ကျောင်းသူ ၂၃၄ ဦးအား အစွန်းရောက် စစ်သွေးကြွအဖွဲ့မှ ဧပြီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို ပြန်ပေးဆွဲခဲ့ခြင်းအား နိုက်ဂျီးရီးယား အာဏာပိုင်များနှင့် ဘာသာရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြသည်။ အမေရိကန်နှင့် ယူကေတို့မှ မွတ်စလင်များကလည်း ဒေါသထွက်ခဲ့ကြပြီး၊ ထိုလုပ်ရပ်မှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဟု ပြောဆိုခဲ့ကြသည်။

“ဘိုကိုဟရမ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကလုပ်တဲ့ ရွံစရာကောင်းပြီး အစ္စလာမ်နဲ့ ဘာမှမဆိုင်တဲ့ ဒီလုပ်ရပ်ကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ နိုက်ဂျီးရီးယားကျောင်းသူ ၂၀၀ ကိုပြန်ပေးဆွဲပြီး၊ ရောင်းစားမယ်လို့ ခြိမ်းခြောက်တာမျိုးကို အစ္စလာမ်ရဲ့ ထုံးတမ်းစဉ်လာတွေက ခွင့်ပြု မထားပါဘူး။ ပျောက်နေတဲ့ ကျောင်းသူလေးတွေကိုရှာပြီး၊ သူတို့ကို ဖမ်းဆီးတဲ့သူတွေကို တရား ဥပဒေရှေ့မှောက်ရောက်လာအောင် လုပ်ဖို့ နိုင်ဂျီးရီးယားအစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အမေရိကန်မွတ်စလင်များ၏ သက်တမ်း အရင့်ဆုံး အကူအညီပေးရေးအဖွဲ့ မြောက်အမေရိက အစ္စလာမ်အသင်း ISNA က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအသင်း CAIR၊ လန်ဒန်မွတ်စလင်အသင်းနှင့် အခြားသော အစ္စလာမ်အသင်းအဖွဲ့များကလည်း ဘိုကိုဟရမ်၏ အဆိုပါလုပ်ရပ်အား ရှုတ်ချကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ကြသည်။

OnIslam & News Agencies
M-Media
ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သည့် ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာ တစ်ဝှမ်း မှ မွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ
Muslims Vent Anger over Nigeria Abductions
- နိုက်ဂျီးရီးယား စစ်သွေးကြအဖွဲ့ ဘိုကိုဟရမ်က ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲမှုကို အစ္စလာမ် ကမ္ဘာ၏ အမြင့်ဆုံး အစ္စလာမ် ဓမ္မတက္ကသိုလ် အလ်-အဇ်ဟာရ်က ရှုတ်ချလိုက်ပြီး၊ ထိုမိန်းကလေးများအား ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
“ဒီလုပ်ရပ်ဟာ အစ္စလာမ်ရဲ့ မွန်မြတ်တဲ့ သွန်သင်မှုတွေနဲ့ ဘယ်လိုမှကို ဆက်နွယ်မှု မရှိပါဘူး။ ဒီမိန်း ကလေးတွေ ကို ချက်ခြင်းလွှတ်ပေးဖို့ အလ်-အဇ်ဟာရ်က တောင်းဆိုပါတယ်” ဟု AFP သတင်း ဌာန က မေလ ၆ ရက်နေ့တွင် ဖော်ပြခဲ့သော အလ်-အဇ်ဟာရ်၏ ကြေညာချက်တွင် ရေးသားထားသည်။

နိုက်ဂျီးရီးယားမြောက်ပိုင်း ဘိုနိုပြည်နယ် ချီဘွတ်မြို့ရှိ စာသင်ကျောင်း တစ်ခုမှ ကျောင်းသူ ၂၃၄ ဦးအား အစွန်းရောက် စစ်သွေးကြွအဖွဲ့မှ ဧပြီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို ပြန်ပေးဆွဲခဲ့ခြင်းအား နိုက်ဂျီးရီးယား အာဏာပိုင်များနှင့် ဘာသာရေးအဖွဲ့များက ကျယ် ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြသည်။ အမေရိကန်နှင့် ယူကေတို့မှ မွတ်စလင်များကလည်း ဒေါသထွက်ခဲ့ကြပြီး၊ ထိုလုပ်ရပ်မှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဟု ပြောဆိုခဲ့ကြသည်။

“ဘိုကိုဟရမ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကလုပ်တဲ့ ရွံစရာကောင်းပြီး အစ္စလာမ်နဲ့ ဘာမှမဆိုင်တဲ့ ဒီလုပ်ရပ် ကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ နိုက်ဂျီးရီးယားကျောင်းသူ ၂၀၀ ကိုပြန်ပေး ဆွဲပြီး၊ ရောင်းစား မယ်လို့ ခြိမ်းခြောက်တာမျိုးကို အစ္စလာမ်ရဲ့ ထုံးတမ်းစဉ်လာတွေက ခွင့်ပြု မထားပါဘူး။ ပျောက်နေ တဲ့ ကျောင်းသူလေးတွေ ကို ရှာပြီး၊ သူတို့ကို ဖမ်းဆီးတဲ့သူတွေကို တရား ဥပဒေရှေ့မှောက်ရောက် လာအောင် လုပ်ဖို့ နိုင်ဂျီးရီးယားအစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အမေရိကန် မွတ်စလင်များ၏ သက်တမ်း အရင့်ဆုံး အကူအညီပေးရေးအဖွဲ့ မြောက်အမေရိက အစ္စလာမ်အသင်း ISNA က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအသင်း CAIR၊ လန်ဒန်မွတ်စလင်အသင်းနှင့် အခြားသော အစ္စလာမ် အသင်းအဖွဲ့များကလည်း ဘိုကိုဟရမ်၏ အဆိုပါလုပ်ရပ်အား ရှုတ်ချကြောင်း လူသိ ရှင်ကြား ပြော ဆို ခဲ့ကြသည်။

OnIslam & News Agencies
M-Media

No comments:

Post a Comment