Thursday 8 May 2014

ရဲစခန်းတွင်အထိုးခံခဲ့ရသည်ဟု စာနယ်ဇင်းရှင်း

Photo: ရဲစခန်းတွင်အထိုးခံခဲ့ရသည်ဟု စာနယ်ဇင်းရှင်း
Thursday, May 8, 2014

ရဲစခန်းတွင်တရားခံတစ်ဦးအား သွားရောက်စုံစမ်းရာမှ ယင်းရဲစခန်း ၏စခန်းမှူးအပါအဝင် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ခြင်းခံခဲ့ရသည် ဟုဆိုကာ အရေးယူပေးရန် ယနေ့ မြန်မာဂျာနယ်လစ်ကွန်ရက်တွင်ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရသူ ဦးအောင် သူက မီဒီယာများသို့ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သူ ဦးအောင်သူသည် ရန်ကုန်မြို့မှ ၄င်း၏နေရပ်ဖြစ်သော ရမည်းသင်းမြို့နယ် ပေါက်အိုင် ကျေးရွာသို့ရောက်ရှိစဉ် ရန်ကုန်မှ ၄င်း၏မိတ်ဆွေက ရွာတန်းရဲစခန်း တွင် ၄င်း၏ညီဝမ်းကွဲအဖမ်းခံနေရ ၍ အခြေအနေကို သွားရောက်မေး မြန်းပေးရန် အကူအညီတောင်းခဲ့ရာ ယခုနှစ် ဧပြီ ၁၆ရက် ည ၉နာရီ တွင်အဆိုပါရွာတန်းရဲစခန်းသို့သွား ရောက်ခဲ့ကြောင်း၊ အရပ်ဝတ်ဖြင့် လူတစ်ဦးအား တာဝန်မှူးရုံးခန်းကို မေးမြန်းရာ စခန်းအတွင်းမှအော် ဟစ်သောကြောင့်၎င်းပြန်ထွက်လာ စဉ် လူခုနစ်ဦးခန့်က ခြေထောက်ဖြင့် ကန်ကျောက်ပြီး လက်ထိပ်ခတ် ၍ စခန်းအတွင်း၌ ဒူးထောက်ခိုင်း ကာ လက်ထိပ်ခတ်ထားသော လက်ကိုကိုင်၍ ဝိုင်းဝန်းထိုးကြိတ် ခြင်းခံခဲ့ရကြောင်း ၄င်းကဆိုသည်။

ယခုအချိန်တွင် ဦးအောင်သူ သည်ယင်းရဲစခန်း၏တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် အမှုဖွင့်ခံရထားရ ကြောင်း၊ ၄င်းသည်ရဲစခန်းသို့သွား ရောက်စဉ်က ရိုင်းပျစွာအော်ဟစ် ဆဲဆိုခြင်း၊လက်နက်များကိုင်ဆောင် သွားခြင်းမရှိခဲ့ကြောင်း၊ ၄င်းကိုဝိုင်း ဝန်းထိုးကြိတ်ပြီး သွေးထွက်သံယို ဖြစ်အောင်ပြုလုပ်ခဲ့သော ရွာတန်း ရဲစခန်းမှတာဝန်ရှိသူများကို အရေး ယူပေးပါရန် ဧပြီ ၂၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာနသို့ လည်း ကောင်း၊ ယမန်နေ့က လူ့အခွင့် အရေးကော်မရှင်သို့လည်းကောင်း တိုင်ကြားစာများပေးပို့ ထားပြီးဖြစ် ကြောင်းသိရသည်။

လင်းလင်း
The Union Daily
ရဲစခန်းတွင်တရားခံတစ်ဦးအား သွားရောက်စုံစမ်းရာမှ ယင်းရဲစခန်း ၏စခန်းမှူးအပါအဝင် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ခြင်းခံခဲ့ရသည် ဟုဆိုကာ အရေးယူပေးရန် ယနေ့ မြန်မာဂျာနယ်လစ်ကွန်ရက်တွင်ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရသူ ဦးအောင် သူက မီဒီယာများသို့ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သူ ဦးအောင်သူသည် ရန်ကုန်မြို့မှ ၄င်း၏နေရပ်ဖြစ်သော ရမည်းသင်းမြို့နယ် ပေါက်အိုင် ကျေးရွာသို့ရောက်ရှိစဉ် ရန်ကုန်မှ ၄င်း၏မိတ်ဆွေက ရွာတန်းရဲစခန်း တွင် ၄င်း၏ညီဝမ်းကွဲအဖမ်းခံနေရ ၍ အခြေအနေကို သွားရောက်မေး မြန်းပေးရန် အကူအညီတောင်းခဲ့ရာ ယခုနှစ် ဧပြီ ၁၆ရက် ည ၉နာရီ တွင်အဆိုပါရွာတန်းရဲစခန်းသို့သွား ရောက်ခဲ့ကြောင်း၊ အရပ်ဝတ်ဖြင့် လူတစ်ဦးအား တာဝန်မှူးရုံးခန်းကို မေးမြန်းရာ စခန်းအတွင်းမှအော် ဟစ်သောကြောင့်၎င်းပြန်ထွက်လာ စဉ် လူခုနစ်ဦးခန့်က ခြေထောက်ဖြင့် ကန်ကျောက်ပြီး လက်ထိပ်ခတ် ၍ စခန်းအတွင်း၌ ဒူးထောက်ခိုင်း ကာ လက်ထိပ်ခတ်ထားသော လက်ကိုကိုင်၍ ဝိုင်းဝန်းထိုးကြိတ် ခြင်းခံခဲ့ရကြောင်း ၄င်းကဆိုသည်။

ယခုအချိန်တွင် ဦးအောင်သူ သည်ယင်းရဲစခန်း၏တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် အမှုဖွင့်ခံ ရထား ရ ကြောင်း၊ ၄င်းသည်ရဲစခန်းသို့သွား ရောက်စဉ်က ရိုင်းပျစွာအော်ဟစ် ဆဲဆိုခြင်း၊လက်နက်များကိုင်ဆောင် သွားခြင်းမရှိခဲ့ကြောင်း၊ ၄င်းကိုဝိုင်း ဝန်းထိုးကြိတ်ပြီး သွေးထွက်သံယို ဖြစ်အောင်ပြုလုပ်ခဲ့သော ရွာတန်း ရဲစခန်းမှတာဝန်ရှိသူများကို အရေး ယူပေးပါရန် ဧပြီ ၂၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာနသို့ လည်း ကောင်း ၊ ယမန်နေ့က လူ့အခွင့် အရေးကော်မရှင်သို့လည်းကောင်း တိုင်ကြားစာများပေးပို့ ထားပြီးဖြစ် ကြောင်း သိရသည်။

လင်းလင်း
The Union Daily

No comments:

Post a Comment