Saturday 8 March 2014

ဆိုင်ကယ်အရှိန်မထိန်းနိုင်၍ တိမ်းမှောက်သေဆုံး

၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ ဓါတ်ငွေ့ရည်ဆိုင်ရှေ့၊ မိုင်တိုင်အမှတ်(၃၂၇/၇)အနီးတွင် ဆိုင်ကယ် တိမ်းမှောက်ကြောင်းသတင်းအရ မကွေးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးမြို့နယ်၊ နွားကူးကျေးရွာနေ မျိုးနိုင်ဦး(၃၂)နှစ်သည် ၁၀ယ/xxxx ကန်ဘို-၁၁၀ အစိမ်းရောင်ဆိုင်ကယ်ဖြင့် တောင်တွင်းကြီးလမ်းအတိုင်း ကြာပန်းအ၀ိုင်းမှနွားကူးကျေးရွာသို့ မောင်းနှင်
လာစဉ် ဓါတ်ငွေ့ရည်ဆိုင်ရှေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တိမ်းမှောက်ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မျိုးနိုင်ဦးအား မကွေးနယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment