Tuesday 4 March 2014

ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံး မေလတွင်စတင်ရေး အပါအ၀င် ကဏ္ဍ ၁၄ ခုကို ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

နေပြည်တော်၌် မတ် ၃ ရက်က ပြုလုပ်သည့် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်လာသော ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများအား တွေ့ရစဉ်

၁၄ ကြိမ်မြောက် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို မတ် ၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပခဲ့ရာ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးကို မေလတွင် စတင်အသက်ဝင်ရေး အပါအ၀င် ကဏ္ဍ ၁၄ ခုကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ခေတ္တ) ဦးထင်လင်းက ညနေပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


"ဒီနေ့အစည်းအဝေးမှာ ဘင်းမ်စတက် အဖွဲ့ကြီးရဲ့ Institutionalization အဖွဲ့အစည်း စတင်ပြီး ထူထောင် ရာမှာ ကျွန်တော်တို့ နံပါတ်တစ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အတွင်းရေးမှူးချုပ်ရုံး ထူထောင် သွားမယ်။ ပထမဦးဆုံး အတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံသား Mr Sumith Nakadala ကို လျာထားပါတယ်။ အဲဒါကို နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက်ပြီး အတည်ပြုထားပါတယ်။ Decision အားဖြင့်တော့ တချို့ Decision တွေက အဆင့်ဆင့်ယူဆောင် လာခဲ့ပြီးပါပြီ။ မနက်ဖြန်မှာ ဆွေးနွေးမယ့် Summit မှာ ဆက်လက်ဆွေးနွေးပါမယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ခေတ္တ) ဦးထင်လင်းက ပြောကြားခဲ့သည်။

မတ် ၃ ရက်တွင် ကျင်းပသည့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကဏ္ဍကြီး ၁၄ ခုဖြစ်သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ နည်းပညာ၊ ရေလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖြတ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်၊ ပြည်သူ့ ကျန်းမာရေး ကဏ္ဍ စသည်တို့ ဆွေးနွေးခဲ့သည်။

"ဒီနေ့အစည်းအဝေးကတော့ ၁၄ ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖြစ်ပါတယ်။ ဒီနိုင်ငံခြားရေး ၀န်ကြီးများရဲ့ အစည်းအဝေးဟာ မနက်ဖြန်မှာ ဆက်လက်ကျင်းပမယ့် ထိပ်သီး အစည်း အဝေးရဲ့ အကြိုဆွေးနွေးပွဲဖြစ်ပါတယ်။ သူ့ရှေ့ပိုင်းမှာလည်း ကြိုတင်ပြင်ဆင်ရေး အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး စသည်အားဖြင့် ဒါတွေကတော့ လုပ်ပြီးပါပြီ" ဟု ဦးထင်လင်းက ဆိုသည်။

"ဒီနေ့လုပ်တဲ့ အစည်းအဝေးကို ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးများတက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ ဘူလ်တန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ စသည်အားဖြင့် အားလုံးက နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ပါတယ်။ ထိုင်းနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေများကြောင့် ဘင်းမ်စတက် အစည်းအဝေးသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မတက်ရောက်နိုင်ပါဘူး။ ထူးခြားချက်ကတော့ ထိုင်းနိုင်ငံက သူတို့နိုင်ငံရဲ့ အထူးကိုယ်စားလှယ် စေလွှတ်ပါတယ်။ ပြည်တွင်း အခြေအနေများကြောင့် အကြီးအကဲ မတက်ရောက် နိုင်သော်လည်း အထူးကိုယ်စားလှယ် တက်ရောက်ပါတယ်" ဟု ဦးထင်လင်းကဆိုသည်။

မတ် ၃ ရက်တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ H.E. Mr.Shahriar Alam၊ ဘူလ်တန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Rinzin Dorije၊ အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီး H.E. Salman Khurshid၊ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နီပေါနိုင်ငံမှ နီပေါဝန်ကြီး H.E. Prof.G.L.Peirisd တို့နှင့်အတူ ထိုင်းနိုင်ငံမှ Permanent Secretary Mr. Sihasak Phuangketkeow တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ထိုင်းနိုင်ငံက အာဆီယံနိုင်ငံဖြစ်သလို ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း အာဆီယံနိုင်ငံ ဖြစ်သလို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ အာဆီယံ ဆွေးနွေးပွဲတွေမှာလည်း အမြဲတမ်းတွေ့ဆုံ ဆွေးနွေးနေကျနိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ ဒီဘင်းမ်စတက် အစည်း အဝေးမှာတော့ ကျွန်တော်တို့ နှစ်နိုင်ငံသီးခြား ဆွေးနွေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဘင်းမ်စတက်နိုင် ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အာဆီယံလိုပဲ အရေးကြီးပါတယ်။ သူတို့ကြားမှာ ကွာခြားချက် တစ်ခုက အာဆီယံကေ တ်ာတော်များများ အခြေကျနေပါပြီ။ ဘင်းမ်စတက်ကတော့ အာဆီယံလောက် အခြေတကျ မရှိသေးတာ တစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာပါ" ဟု ထိုင်းနိုင်ငံမှ ရောက်ရှိလာသူ Permanent Secretary Mr. Sihasak Phuangketkeow က ပြောကြားသည်။  

Eleven Media Group

No comments:

Post a Comment