Tuesday 4 March 2014

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေမည့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ကျူရှင်မှအပြန် ရေကန်တစ်ခုတွင် ရေဆင်းကူးခဲ့သည့် သတ္တမတန်း ကျောင်းသားများထဲမှ အသက် ၁၆ နှစ် အရွယ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံးမှုတစ်ခု ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် မတ်လ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဇေယျဝတီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်သိန်းက ပြောသည်။


ဖြစ်စဉ်မှာ ဇေယျဝတီမြို့ ကျော်သာကုမဏီ၏ ဆင်ဖြူတော်အဆင့်မြင့် သကြားစက်မှ အသုံးပြုလျှက်ရှိသည့် အနက် ၁၂ ပေရှိသည့် ရေကန်အတွင်း မတ်လ ၃ ရက် မွန်းတည့် ၁၂ နာရီ ခန့်က ဇေယ၀တီမြို့ အ.ထ.က (၁)မှ ကျောင်းသား လေးဦး ရေဆင်းကူးကြရာတွင် ကျောင်သားနှစ်ဦး ရေနစ်ခဲ့သည်။

ယင်းသို့ ကျောင်းသားနှစ်ဦးရေနစ်နေသည်ကို ကျန်ကျောင်းသားများက အော်ဟစ်အကူအညီတောင်း ခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ် မောင်ဟိန်းထက်ဇော်မှာ သေဆုံးလျှက်ရှိနေပြီး ကျန်ကျောင်းသား တစ်ဦးဖြစ်သည့် မောင်နိုဗယ်ကြည်မြင့်မှာ အသက်ရှင်လျှက် ပြန်လည်ကယ်တင်နိုင်ခဲ့ရာ ဇေယျဝတီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

အဆိုပါ ကျောင်သားသေဆုးခြင်းနှင့် ပတ်သက်ပြီး ဇေယျဝတီ နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ် ၂/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း စခန်းမှူး ရဲအုပ်တင်သိန်းက ပြောသည်။

သက်အောင်(ဇေယျဝတီ)
Mizzima - News in Burmes

No comments:

Post a Comment