Tuesday 4 March 2014

မန္တလေး လူရွှင်တော်အသင်းဥက္ကဋ္ဌ ဦးချစ်စရာဖွင့်ဟတဲ့ လူရွှင်တော်ဘဝ "

မန္တလေးမြို့မှာ ပွဲကရင် ဒါမှမဟုတ် ပွဲလုပ်ရင် ရှုံးတယ်လို့ လူရွှင်တော်အသင်းဥက္ကဋ္ဌ ဦးချစ်စရာက ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးချစ်စရာက” ရန်ကုန်မှာ မော့စ် တစ်နှ စ်ပြည့် လုပ်ကြတာပေါ့။ လုပ်သင့်တဲ့ ပွဲပါ။ ဝမ်းသာပါတယ်။ မန္တလေးမှာ အဲဒီလိုမျိုး သက်ကြီးရန်ပုံငွေအတွက်လုပ်ဖို့ တော့ လောလောဆယ် အစီအစဉ် မရှိသေးဘူး။ လုပ် ရင်လည်း ရှုံးမှာပဲ။ ငွေအင်အားလည်းလို သေးတယ်လေ။ လုပ်ရင်လည်းရှုံးတာက များတာကြောင့် မလုပ်ဖြစ်ဘူး။
ရန်ကုန်ကျတော့ စပွန်ဆာတွေပေါ်သလို ကြည့် တဲ့ ပရိသတ်ကလည်းများတယ်။ ဒီတော့အောင်မြင်တာပေါ့” လို့ ပြောပါတယ်။ ဦးချစ်စရာအနေ နဲ့ MRTV-4 မှာ လွှင့်နေတဲ့ ” မယုံ ရင်ပုံပြင်မှတ်” ပရိုဂရမ်အတွက် ရန် ကုန်ကို ရောက်ရှိနေပါတယ်။ မယုံရင်ပုံပြင်မှတ် ပရိုဂရမ်က လွှင့်တာကြာနေပြီဖြစ်တဲ့ ဟာသပရိုဂရမ်တစ်ခုပဲ ဖြစ်ပါတယ်။ မန္တလေးလူရွှင်တော်တွေ နဲ့ ရန်ကုန်က လူရွှင်တော်တွေ ပေါင်းပြီး ပါဝင်တယ်လို့လည်းသိရပါတယ်။ လူရွှင်တော်တွေ ရဲ့ဘဝရပ်တည်မှုပုံစံတွေနဲ့ ပတ်သက်ပြီးလည်း ” ဘဝတွေက မရေရာပါဘူး။ ပွဲရှင်တွေငှားမှ တချို့ အလုပ်ဖြစ်တာ။ တချို့ပွဲရှင်တွေက စရိတ်ငြိမ်းခေါ်တာပေါ့။ ရန်ကုန်မှာဆိုရင် Five Star တို့အဖွဲ့ အောင်မြင်တာပေါ့။ အောင်မြင်သလောက်ပွဲတွေ လည်း လိုက် ရတယ်။

စပွန်ဆာလည်းရှိတော့ အဆင်ပြေကြတာပေါ့လေ။ မန္တလေးမှာက အဲဒီလိုမဟုတ်ဘူး။ တချို့ တခဏတာလေးလောက်ပဲ။ အဆင်ပြေကြတာရှိတယ်။ ကျွန်တော်ဆိုရင် စာပေတွေရေးတယ်။ စာပေဟာ ပြောပွဲတွေလိုက်ပြီး ဟောပြောပို့ချတယ်။ ဒီလိုပဲ ဘဝကို ရပ်တည်နေတာပေါ့။ ဝါသနာပါလို့သာ လူရွှင်တော်လုပ်တာ။ တကယ့်စား ဝတ်နေ ရေးကျတော့ လွယ်တာမဟုတ်ဘူး။ အောင်မြင်ဖို့ဆိုတာလည်း စာများများဖတ်မှ။ မဖတ်ရင် အောင်မြင်မှာမဟုတ်ဘူး။ အောင်မြင်ဖို့က ကုသိုလ်ကံ လည်း လို တာပေါ့နော်။ ဒီတော့ မန္တလေးမှာက အဆင်မပြေတာများတယ်။ သူလို ငါလိုပဲလုပ်ကိုင်စားသောက်နေကြရတာ” လို့ လူရွှင်တော်တွေ ရဲ့ ဘဝရပ်တည်မှုပုံစံတွေကို လူရွှ င်တော် အသင်းဥက္ကဋ္ဌ ဦးချစ်စရာကပြောပါတယ်။

M ဘွယ်
Popular Journal

No comments:

Post a Comment