Wednesday 30 March 2016

ယခုနှစ် မန္တလေးသင်္ကြန်တွင် အမျိုးသမီးများ သရုပ်ပျက်ဝတ်စားပါက ထောင်ဒဏ်အထိ အရေးယူမည်ဟုဆ

ယခုနှစ် မန္တလေးမဟာ သင်္ကြန်ပွဲတော်တွင် အမျိုးသမီး များ သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ပါက ထောင်ဒဏ်အထိအရေးယူမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှူးဒုတိယရဲ မှူးကြီးစိန်ထွန်းက ပြောကြား သည်။သင်္ကြန်ပွဲတော်ကာလတွင် အမျိုးသမီးများသရုပ်ပျက်အ၀တ် အစားများဝတ်ဆင်မှုတစ်နှစ် ထက်တစ်နှစ်  လျော့ကျစေရန် မန္တလေးမြို့ရှိ   မြို့နယ်များ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ် ဆင့် မိဘများထံသို့ သတိပေး ခြင်း၊ မဏ္ဍပ်ဆောက်လုပ်မည့်သူ များအနေဖြင့် မဏ္ဍပ်ပေါ်တွင်သ ရုပ်ပျက်အ၀တ်အစားများဝတ် ဆင်ခြင်းမရှိစေရန် သတိပေးနေကြောင်း ဒုတိယရဲမှူးကြီးစိန်ထွန်းက ပြောသည်။
‘‘ဥပဒေအရ အရေးယူမယ် ဆိုရင်တော့ သရုပ်ပျက်အ၀တ်အ စားနဲ့ပတ်သက်ပြီး အရေးယူလို့ရ တယ်။ ဒါပေမဲ့ မဏ္ဍပ်ပေါ်မှာတက် ပြီး အရေးယူတာမျိုးဆိုရင်အဆင် မပြေနိုင်ဘူး။ သင်္ကြန်ကာလမှာ မှု ခင်းနည်းအောင်ဆောင်ရွက်နေ တဲ့အချိန် ဒါမျိုးတွေကတစ်ဆင့် ပြဿနာတွေပိုကြီးနိုင်တယ်။ အရမ်းသရုပ်ပျက်တဲ့ပုံစံမျိုးဆိုရင်တော့ခေါ်ယူသတိပေးမှာပါ’’ဟု ၎င်းက ဆိုသည်။အများပြည်သူစိတ်အနှောင့် အယှက်ဖြစ်စေနိုင်သည့်အ၀တ် အစားမျိုးဝတ်ဆင်ထားသူကို တွေ့ရှိပါက သွားရောက်သတိ ပေးခြင်း(သို့မဟုတ်) ၎င်း၏ မိဘများထံသို့အပ်နှံ၍ သတိပေးသွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

‘‘အတိုအပြတ်ဝတ်တာ ဆို ရင်တော့ ဘယ်လိုပုံစံမျိုးဝတ်ရင် အရေးယူမှာလဲဆိုတာတော့ တိ တိကျကျလေးပြောစေချင်ပါ တယ်။ သရုပ်ပျက်အ၀တ်အစား ၀တ်လို့ တားမြစ်တာမျိုးကိုတော့ လက်ခံပါတယ်။ ဘယ်လောက်ပဲ လွတ်လပ်တယ်ပြောပြောပါ။ သ ရုပ်ပျက်လာရင်တော့ အရေးယူရ မှာပေါ့’’ဟု မန္တလေးကျုံးအရှေ့ ဘက် LOT 65မဏ္ဍပ်ဆောက်လုပ် သူကိုဝေယံအောင်ကပြောသည်။
ကိုယ်ကျင့်တရားသိက္ခာအ ရှက်အကြောက်မရှိဘဲ သရုပ်ပျက် အ၀တ်အစားများဝတ်ဆင်ပါက ရဲအက်ဥပဒေ ၄၇အရ ထောင်ဒဏ် ရှစ်ရက်(သို့မဟုတ်) ငွေဒဏ် ၅၀ ကျပ်အရေးယူနိုင်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။
‘‘အခုခေတ်မှာ ပေါင်တိုတွေ ၀တ်၊ ပါးလှပ်တဲ့အ၀တ်အစား တွေနဲ့ အရှက်မဲ့စွာ မိန်းကလေးတန်မယ့် မူးယစ်သောက်စားလာကြတာကလည်း ခေတ်ကိုဖွင့်ချ ပြောင်းလဲပေးခဲ့တာတွေဟာ အ စိုးရလူကြီးမင်းများမှာလည်းတာ ၀န်ပိုရှိပါတယ်။ တကယ်ကို ထိ ရောက်စွာလက်တွေ့အရေးယူဖို့ လိုပါတယ်။ အန်တီတို့ကတော့ အရေးယူတာကိုလက်ခံတယ်’’ဟု မန္တလေးမြို့မှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူဒေါ်အမာနီ ကပြောသည်။
7Day Daily

No comments:

Post a Comment