Wednesday 7 August 2013

တန်ဖိုးကြီး MV GLADYS ရေယာဉ် အား ကူညီကယ် ဆယ်ခဲ့သည့် ထောက်ပံ့ရေးရေယာဉ်- ၆၁၃

Photo: တန်ဖိုးကြီး MV GLADYS ရေယာဉ်အား ကူညီကယ်ဆယ်ခဲ့သည့် ထောက်ပံ့ရေးရေယာဉ်- ၆၁၃

ရေယာဉ်အမည်သည် ထောက်ပံ့ရေးရေယာဉ် ၆၁၃ ဖြစ်ပါသည် ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရိုက်ကူးထားသောပုံ ဖြစ်ဟန်ရှိပြီး ရေယာဉ်မှာ သက်တမ်းနှင့် ပင်လယ်ပြင် ရာသီဥတုဒဏ် အမျိုးမျိုးကြောင့် Ship Shape ပေါ်လွင်ခိုင်မာမှု အားနည်းသည်ဟု ယူဆကောင်း ယူဆနိုင်ပါသည် ။ 

ထပယ- ၆၁၃ သည် တန်ဖိုးနည်းရေယာဉ်ဖြစ်ပြီး Local ဧရိယာငယ်အတွင်း (သို့) သတ်မှတ် Fleet ရေယာဉ်အုပ်အတွင်း ထောက်ပံ့ပို့ဆောင်ရေး တာဝန်ထမ်းဆောင်ခြင်း၊ Auxiliary Gathering Information (AGI) တာဝန်ထမ်းဆောင်ခြင်း၊ Search and Rescue (SAR) တာဝန်ထမ်းဆောင်ခြင်း၊ သတ်မှတ်ဧရိယာငယ်အတွင်း ရေပြင်နှင့် ဆက်စပ်ကုန်းမြေ လုံခြုံရေး တာဝန်ထမ်းဆောင်ခြင်း စသည့် တာဝန်များကို အဓိကဆောင်ရွက်သည်ဟု သိရှိရပါသည်။

ထပယ- ၆၁၃ သည် အနောက်ပိုင်းပင်လယ်ပြင် ဗျုဟာစစ်ရေယာဉ်စု ကွပ်ကဲမှုအောက်တွင် သတ်မှတ်တာဝန်များ ထမ်းဆောင်လျက်ရှိပြီး ယခုလ (၂)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ကုန်သေတ္တာ (၆၀၀)ကျော် တင်ဆောင်ထားသော အင်ဒိုနီးရှားနိုင်ငံမှ ပင်လယ်ကူးသင်္ဘော MV GLADYS ရေယာဉ်အား စောင့်ကြည့်ကယ်ဆယ်သည့် ဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ 

ထပယ- ၆၁၃ အနေဖြင့် တန်ဖိုးကြီးမြင့်သော နိုင်ငံခြား ကုန်သေတ္တာတင် ရေယာဉ်အား ကူညီကယ်ဆယ်နိုင်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်(ရေ)၏ ရနိုင်သမျှသော တန်ဖိုးနည်း၍ Capability အားပျော့ဟန်ရှိသည့် စွမ်းအားအရင်းအမြစ်တစ်ခုဖြင့် Benign Role တာဝန်တစ်ခုအား
ကျေပြွန်စွာ ဆောင်ရွက်နိုင်ခဲ့သော သာဓကတစ်ခုဖြစ်ပါကြောင်း နှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော စစ်ရေယာဉ်- ၅၅၅ နှင့် ထပယ- ၆၁၃ မှ အရာရှိ၊စစ်သည်များအား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

မောင်ဝါဆို
( Myanmar Navy )
 ရေယာဉ်အမည်သည် ထောက်ပံ့ရေးရေယာဉ် ၆၁၃ ဖြစ်ပါသည် ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရိုက်ကူးထားသောပုံ ဖြစ်ဟန်ရှိပြီး ရေယာဉ်မှာ သက်တမ်းနှင့် ပင်လယ်ပြင် ရာသီဥတုဒဏ် အမျိုးမျိုးကြောင့် Ship Shape ပေါ်လွင်ခိုင်မာမှု အားနည်းသည်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။
ထပယ- ၆၁၃ သည် တန်ဖိုးနည်းရေယာဉ်ဖြစ်ပြီး Local ဧရိယာငယ်အတွင်း (သို့) သတ်မှတ် Fleet ရေယာဉ်အုပ်အတွင်း ထောက်ပံ့ပို့ဆောင်ရေး တာဝန်ထမ်းဆောင်ခြင်း၊ Auxiliary Gathering Information (AGI) တာဝန်ထမ်းဆောင်ခြင်း၊ Search and Rescue (SAR) တာဝန်ထမ်းဆောင်ခြင်း၊ သတ်မှတ်ဧရိယာငယ်အတွင်း ရေပြင်နှင့် ဆက်စပ်ကုန်းမြေ လုံခြုံရေး တာဝန်ထမ်းဆောင်ခြင်း စသည့် တာဝန်များကို အဓိကဆောင်ရွက်သည်ဟု သိရှိရပါသည်။

ထပယ- ၆၁၃ သည် အနောက်ပိုင်းပင်လယ်ပြင် ဗျုဟာစစ်ရေယာဉ်စု ကွပ်ကဲမှုအောက်တွင် သတ်မှတ် တာဝန်များ ထမ်းဆောင်လျက်ရှိပြီး ယခုလ (၂)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ကုန်သေတ္တာ (၆၀၀)ကျော် တင်ဆောင် ထားသော အင်ဒိုနီးရှားနိုင်ငံမှ ပင်လယ်ကူးသင်္ဘော MV GLADYS ရေယာဉ်အား စောင့်ကြည့် ကယ်ဆယ်သည့် ဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

ထပယ- ၆၁၃ အနေဖြင့် တန်ဖိုးကြီးမြင့်သော နိုင်ငံခြား ကုန်သေတ္တာတင် ရေယာဉ်အား ကူညီကယ်ဆယ် နိုင်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်(ရေ)၏ ရနိုင်သမျှသော တန်ဖိုးနည်း၍ Capability အားပျော့ဟန်ရှိသည့် စွမ်းအားအရင်းအမြစ်တစ်ခုဖြင့် Benign Role တာဝန်တစ်ခုအား ကျေပြွန်စွာ ဆောင်ရွက်နိုင်ခဲ့သော သာဓက တစ်ခုဖြစ်ပါကြောင်း နှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော စစ်ရေယာဉ်- ၅၅၅ နှင့် ထပယ- ၆၁၃ မှ အရာရှိ၊စစ်သည်များအား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

မောင်ဝါဆို
( Myanmar Navy )

No comments:

Post a Comment