Wednesday 7 August 2013

ဒေါပုံ ယမုံနာ လမ်းတွင် ယာဉ်(၄)စီး ဆင့်ကဲတိုက်

၆.၈.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဒေါပုံမြို့နယ်၊ ယမုံနာလမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်နေ ဇော်ဆန်း(ဘ)ဦးမောင်မောင် မောင်းနှင်လာသည့် ၅ခ/---- Dump Truck ကိုယ်ပိုင်ယာဉ် သည် ၎င်း၏ရှေ့မှ လမ်းကြပ်၍ဖြည်းဖြည်းချင်း မောင်းနှင်နေသော ကိုတင်ထွန်း မောင်းနှင်သည့် ၉ဃ/---- အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိခဲ့ပါသည်။
ထိုသို့တိုက်မိသည့်အရှိန်ကြောင့် ၉ဃ/---- ယာဉ်မှ ၎င်း၏ရှေ့ရှိ ကိုဇေယျာမင်းထင် မောင်းနှင်သော ၃ခ/---- Station Wagon ကိုယ်ပိုင်ယာဉ်အားတိုက်မိခဲ့ပြီး ၃ခ/----ယာဉ်မှ ဦးအုန်းကျော် မောင်းနှင်သည့် ၄ခ/---- စူပါကာစတန်ယာဉ်အား ဆက်လက်၍တိုက်မိခဲ့ပါသည်။

ထိုသို့ ဆင့်ကဲတိုက်မိမှုကြောင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ၅ခ/---- Dump Truck ယာဉ်မောင်းဖြစ် သူ ဇော်ဆန်းအား ဒေါပုံမြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၃၊ ပုဒ်မ ၂၇၉ ဖြင့်အရေးယူ ဆောင်ရွက်ထား ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment