Wednesday 7 August 2013

အမေရိကန် ဒေါ်လာ ရောင်းဝယ် မှုအား Inter Bank Market စနစ်ဖြင့် စတင်ဆောင်ရွက် လျက်ရှိ

Photo: အမေရိကန် ဒေါ်လာ ရောင်းဝယ်မှုအား Inter Bank Market စနစ်ဖြင့် စတင်ဆောင်ရွက် လျက်ရှိ
Wednesday, August 07, 2013

ဘဏ်များ အကြား နိုင်ငံခြား ငွေရောင်းဝယ်တဲ့ စနစ် Yangon FX Inter-Bank Market ကို သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင် လျက်ရှိပြီးအဲ့ဒီလို စတင် ဆောင်ရွက်ရာမှာ အမေရိကန် ဒေါ်လာ ရောင်းဝယ်မှု တစ်မျိုးတည်း ကိုသာ လုပ်ဆောင် လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ Inter-Bank Market စနစ်မှာတော့ ပြည်တွင်းရှိ နိုင်ငံခြား ငွေရောင်းဝယ် ဖောက်ကားမှု လိုင်စင်ရ ဘဏ် ၁၈ ဘဏ်မှ ပါဝင် ဆောင်ရွက်တာ ဖြစ်ပြီး အဆိုပါစနစ် ဆောင်ရွက်ဖို့ အတွက် သက်ဆိုင်ရာ ဘဏ်အသီးသီးမှ Declear Sale ရောင်းဝယ်မှု ၀န်ထမ်းတွေ ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်တဲ့ IMF နဲ့ JICA စတဲ့ အဖွဲ့အစည်းတွေမှ သင်တန်းများ ပို့ချပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။

Inter Bank Marketစနစ် ဆောင်ရွက်မှုဟာ နိုင်ငံခြားငွေ ကို ရောင်းဝယ်မှု ပြုလုပ်တဲ့ ဘဏ်အချင်းချင်း နိုင်ငံတကာ ဆောင်ရွက်မှု အတိုင်း ရောင်းဝယ်မှုတွေကို တယ်လီဖုန်းများနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ယခုစနစ်မှာဘဏ်အချင်းချင်း နေ့စဉ် ရောင်းဝယ်မှု ဒေါ်လာပေါက်ဈေး နှုန်းထား တွေကိုတော့ ဗဟိုဘဏ်သို့ နေ့စဉ် အချိန်ပိုင်း အလိုက် တင်ပြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ ဘဏ်အချင်းချင်းသာ နိုင်ငံခြား ငွေရောင်းဝယ်မှု ပြုလုပ်တာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်တဲ့ နိုင်ငံခြားငွေကြေး လေလံ ဈေးကွက်မှ ပေါက်ဈေး သတ်မှတ်ချက်တွေ ထက်ပိုပြီးလည်း ဈေးနှုန်းကို အတိုးအလျော့ ရောင်းဝယ်မှုများ ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။

ယခု စနစ်မှာ ဘဏ်အချင်းချင်း ငွေပေးချေမှုတွေ ကိုတော့ Sport Trading လက်ငင်း ရောင်းခြင်း၊ ၀ယ်ခြင်း၊ ငွေပေးချေခြင်း စနစ်ဖြစ်တဲ့ နှစ်ရက် အတွင်း ငွေပေးချေတဲ့ပုံစံ (T+2) စနစ်နဲ့ ရောင်းဝယ်မှု ပြုလုပ်တာ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ ယခုလက်ရှိ အမေရိကန် ဒေါ်လာ ကိုသာ စတင် ဆောင်ရွက် နေပေမယ့် နောက်ပိုင်းမှာ အခြားနိုင်ငံခြား ငွေတွေကိုပါ ရောင်းဝယ်မှု ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4
ဘဏ်များ အကြား နိုင်ငံခြား ငွေရောင်းဝယ်တဲ့ စနစ် Yangon FX Inter-Bank Market ကို သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင် လျက်ရှိပြီးအဲ့ဒီလို စတင် ဆောင်ရွက်ရာမှာ အမေရိကန်ဒေါ်လာ ရောင်း ၀ယ်မှုတစ်မျိုးတည်းကိုသာ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ Inter-Bank Market စနစ်မှာတော့ ပြည်တွင်းရှိ နိုင်ငံခြား ငွေရောင်းဝယ် ဖောက်ကားမှု လိုင်စင်ရ ဘဏ် ၁၈ ဘဏ်မှ ပါဝင် ဆောင်ရွက်တာ ဖြစ်ပြီး အဆိုပါစနစ် ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာဘဏ် အသီးသီးမှ Declear Sale ရောင်းဝယ်မှု ၀န်ထမ်းတွေကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများဖြစ်တဲ့ IMF နဲ့ JICA စတဲ့ အဖွဲ့ အစည်းတွေမှ သင်တန်းများ ပို့ချပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။

Inter Bank Marketစနစ် ဆောင်ရွက်မှုဟာ နိုင်ငံခြားငွေကို ရောင်းဝယ်မှု ပြုလုပ်တဲ့ ဘဏ်အချင်း ချင်း နိုင်ငံတကာ ဆောင်ရွက်မှု အတိုင်း ရောင်းဝယ်မှုတွေကို တယ်လီဖုန်းများနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ယခုစနစ်မှာဘဏ်အချင်းချင်း နေ့စဉ်ရောင်းဝယ်မှု ဒေါ်လာပေါက်ဈေး နှုန်းထား တွေကိုတော့ ဗဟိုဘဏ် သို့ နေ့စဉ်အချိန်ပိုင်းအလိုက် တင်ပြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ ဘဏ်အချင်းချင်းသာ နိုင် ငံခြားငွေရောင်းဝယ်မှုပြုလုပ်တာ ဖြစ်တဲ့အတွက် ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန် တဲ့ နိုင်ငံခြားငွေကြေး လေ လံ ဈေးကွက်မှ ပေါက်ဈေးသတ်မှတ်ချက်တွေ ထက်ပိုပြီးလည်း ဈေးနှုန်းကို အတိုး အလျော့ ရောင်းဝယ်မှု များ ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။

ယခုစနစ်မှာ ဘဏ်အချင်းချင်း ငွေပေးချေမှုတွေကိုတော့ Sport Trading လက်ငင်း ရောင်းခြင်း၊ ၀ယ်ခြင်း၊ ငွေပေးချေခြင်း စနစ်ဖြစ်တဲ့ နှစ်ရက်အတွင်း ငွေပေးချေတဲ့ပုံစံ (T+2) စနစ်နဲ့ ရောင်းဝယ် မှု ပြုလုပ်တာ ဖြစ်ပါတယ်။ အဆိုပါစနစ်မှာ ယခုလက်ရှိ အမေရိကန်ဒေါ်လာကိုသာ စတင်ဆောင် ရွက် နေပေမယ့် နောက်ပိုင်းမှာ အခြားနိုင်ငံခြား ငွေတွေကိုပါ ရောင်းဝယ်မှု ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ သိရ ပါတယ်။

MRTV-4

No comments:

Post a Comment