Wednesday 7 August 2013

ယောဂီ ဥပုသ်သည် များအား ဆဲဆို ကြိမ်းမောင်း သဖြင့် အရေးယူ

၆.၈.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်နေ ဦးထိန်မင်းသည် မိတ်ဆွေယောဂီ များနှင့်အတူ ဥပုသ်သီလဆောက်တည်ရန်အတွက် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း အုပ်စု၊ ၀ါးတာကျေးရွာအနီးရှိ လှည်းကူးစမ်းဓမ္မတောရကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။

ထိုသို့သွားရောက်စဉ် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅/၂ အနီးအရောက် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြရာ ဆံရှည်(ခ)အောင်ကျော်လင်း(စုံစမ်းဆဲ) ဆိုသူမှ ဦးထိန်မင်းနှင့် ယောဂီဥပုသ်သည် များအား ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်းခဲ့သောကြောင့် အရေးယူပေးပါရန် ဦးထိန်မင်းမှတိုင်တန်း ခဲ့သဖြင့် ဖောင်ကြီး နယ်မြေရဲစခန်း (ပ)၈၄/၂၀၁၃၊ ပုဒ်မ ၂၉၄/၂၉၅/၅၀၆ ဖြင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment