Friday 11 January 2013

ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အတွက် မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre) ကို တည်ထောင် ဖွင့်လှစ်ထား

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာကို ဖတ်ကြားစဉ် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာကို ဖတ်ကြား စဉ် နေပြည်တော် ဇန်နဝါရီ ၁ဝ
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာကို ဖတ် ကြား တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သည့် နိုင်ငံတော် သမ္မတ၏ နှစ်သစ်ကူး သဝဏ်လွှာမှာ အောက်ပါ အတိုင်းဖြစ်သည်-
နိုင်ငံတော် သမ္မတ၏ နှစ်သစ်ကူး သဝဏ်လွှာ
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)
ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမှူးပြုသော ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား-
နှစ်သစ်အခါ သမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်း ရင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။
ယခုလို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးစတင်ချိန်တွင် မိမိအနေဖြင့် အထူး အလေးထားဖော်ပြလိုသည့် နိုင်ငံရေး ဖြစ်ထွန်းမှုမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ အတွင်း ပြောင်းလဲလာသည့် မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ဖြစ် ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အတန်ကြာ ပျောက်ဆုံး နေခဲ့သော ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှု ပြန်လည် အသက်ဝင်လာခြင်း ဖြစ်ပါသည်။ ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန်အတွက် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ၊ ဒီမိုကရေစီ ရှင်သန်ရေး လုပ်ငန်း စဉ်များ ကို ဆောင်ကြဉ်းရာ၌ ကြုံတွေ့ရလေ့ရှိသည့်အများ ပြည်သူလူထု၏ လိုအင်ဆန္ဒထုတ်ဖော်ခြင်းများ၊ ကန့်ကွက် ဆန္ဒပြ ခြင်းများကို မိမိတို့ လူ့အဖွဲ့အစည်း အနေဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အချိန် အခါ ဖြစ်ပါသည်။
“ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ဆန္ဒ ပြခြင်း ဖြစ်စဉ်များတွင် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများ အသုံးပြု ရန် ကြိုးပမ်းမှုများကို နိုင်ငံရေး အင်အားစုများ အားလုံးပူးပေါင်း အဖြေရှာခြင်းဟူသည့် အချက် ဖြစ်ပါသည်။ ဤစုစည်း အဖြေရှာမှုသည်ပင်လျှင် မိမိတို့လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှုစာမျက်နှာသစ်ဟု ဆိုရမည် ဖြစ်ပါသည်။ ''မတူညီသော အယူအဆများ စုစည်းရှင်သန် နိုင်သော ဗဟုဝါဒ''ကို ဆွေးနွေး ညှိနှိုင်း အဖြေရှာသည့် နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသော နည်းလမ်း ဖြစ်သည်ကို ၂ဝ၁၂ ခုနှစ်အတွင်း သင်ခန်းစာရယူ နိုင်ခဲ့သည့်နိုင်ငံရေးတိုးတက်မှုဟု ဆိုရ မည် ဖြစ်ပါသည်။
တစ်ဆက်တည်းမှာပင် ရှုထောင့်ပေါင်းစုံ၊ အမြင်အမျိုးမျိုးတို့ဖြင့် ကျယ်ပြန့်စွာ ဆွေးနွေး နိုင်ခဲ့သည့် လွှတ်တော်များ၏ အသက်ဝင်လာမှု၊ ဥပဒေပြုရေး ဖြစ်စဉ်များ ခိုင်မာလာမှုစသည့် လွှတ်တော်နှင့် အစိုးရ အပြန်အလှန် ထိန်းကျောင်း နိုင်မှုတို့ကိုလည်း မိမိအနေဖြင့် ဂုဏ်ယူလျက်ရှိပါကြောင်း ပြောကြား လိုပါ သည်။ နိုင်ငံရေး ဖြစ်ထွန်းမှုများအပေါ်တွင် ပြည်သူ လူထု တစ်ရပ်လုံးမှ ထားရှိသည့် သဘောထားများ၊ ပါဝင် ပတ်သက်မှု များကို လေ့လာ ကြည့်ရှုပါက ပြည်သူများ၏ နိုင်ငံရေး စိတ်ပါဝင် စားမှု (Political Consciousness) နှင့် နိုင်ငံရေး စိတ်ရှည် သည်းခံမှု (Political Tolerance) ရေချိန် မြင့်တက်လာ ခြင်းများ ကိုလည်း အသိအမှတ် ပြုဂုဏ်ယူ ပါသည်။
ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်း စဉ်များ အတွင်း နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး စသည့် အထွေထွေ ပြုပြင် ပြောင်းလဲ ရေးများ ချောမွေ့ အောင်မြင် စေရေးနှင့် ပြည်သူ များ၏ လူမှု စီးပွား ဘဝများ တိုးတက် ကောင်းမွန်ရေး ကို ဖော်ဆောင် နိုင်ရန် အတွက် နိုင်ငံတကာ အသိုက် အဝန်းနှင့် ကောင်း မွန်သောဆက်ဆံ ရေးများ တည်ဆောက်ရန် လိုအပ်ပါသည်။ ထို့ ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့်ထိတွေ့၍ ကောင်းမွန်သော ဆက်ဆံရေးများတည်ဆောက် နိုင်ရန် ကြိုးပမ်း ခဲ့ပါ သည်။ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ အထက်လွှတ်တော် အမတ်များ၊ ဥရောပ သမဂ္ဂ၊ ကမ္ဘာ့ဘဏ် အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ဥက္ကဋ္ဌများ ကိုလည်း အစိုးရ အဖွဲ့မှ လက်ခံ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် အတွင်း တံခါးဖွင့်စ ဖြစ်သည့် မိမိတို့ နိုင်ငံသို့ နိုင်ငံတော် အဆင့် ဧည့်သည်တော် များလာရောက်မှု အကြိမ်ပေါင်း (၁၃၄) ကြိမ် ရှိခဲ့ပြီး ထိုသို့ နိုင်ငံတကာ နှင့် ထိတွေ့ ဆက်ဆံမှု အရှိန်အဟုန်ကို တိုးမြှင့် နိုင်ခဲ့ ခြင်းကြောင့် မိမိတို့၏ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များကို အရှိန်အဟုန် မြှင့်ဖော်ဆောင် နိုင်ရန် အထောက် အကူ ဖြစ်စေ ခဲ့ပါသည်။
၂ဝ၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များ သည် မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွင် အထူးထင်ရှားအရေးပါသော ဖြစ်စဉ်များ ဖြစ်ပါသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ စတင် နိုင်ခဲ့ပြီး အဖွဲ့ (၁ဝ) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် အချို့ ရရှိ ခဲ့ပါသည်။ အပစ်အခတ် ရပ်စဲရေး မည်မျှပင် အောင်မြင် စေကာမူ တိုင်းရင်းသားအချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေ ရှာရန်အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ မဖြစ်မနေ ပြုလုပ်ရန် လိုအပ် သည်ဟု မိမိတို့ အစိုးရမှ ယုံကြည်ပါသည်။ နိုင်ငံရေး ဆွေးနွေး မှုများ ပြုလုပ် နိုင်ရန် အတွက် လိုအပ်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ပုံစံ (Framework for Political Dialogue) ကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေး ဆွေးနွေး ပွဲများ ပြုလုပ် နိုင်ရန် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ အပစ်အခတ် ရပ်စဲထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (KIO/KIA) ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ် ရပ်စဲရုံသာမက နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်အောင် မိမိတို့ တံခါး ဖွင့်ထားပါသည်။ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်နေ ချိန်တွင် တပ်မတော် အနေဖြင့်လည်း အသက် သွေးချွေးတို့ ပေးဆပ်ပြီး နိုင်ငံတော် လုံခြုံရေးအတွက် သာမက ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုလုံး အတွက်ပါ ကြိုးပမ်းလျက်ရှိပါသည်။
ထိုသို့ ပြုလုပ်ရန် လိုအပ်မည့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများ ကိုလည်း ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဆင့်ဆင့်မှ ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း အသိပေး တင်ပြ လိုပါသည်။ ထို့ပြင် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး လွန် ကာလ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များအား ထိရောက်စွာ လုပ်ဆောင် နိုင် ရန်အတွက် ''မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre) ကို တည်ထောင် ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။
အစိုးရ အနေဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများကို အထက်ပါ အတိုင်း ဆောင်ရွက် အကောင် အထည် ဖော်နိုင်ခဲ့သလို အထူး လိုအပ်လျက် ရှိသော စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကို လည်း ဆောင် ရွက်လျက် ရှိပါသည်။
ထင်ရှားသည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများမှာ နိုင်ငံခြား ငွေလဲလှယ် နှုန်းကို ဈေးကွက် နှင့် လျော် ညီစွာ နှုန်းရှင်အဖြစ် ပြုပြင် ပြောင်းလဲ နိုင်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို စတင် ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို အားပေးသည့် စီးပွားရေးဝန်းကျင် တစ်ရပ် ဖန်တီးပေးရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း၊ နိုင်ငံခြား ခရီးသွား လုပ်ငန်းများကို ပြန်လည် သက်ဝင် စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း ခြင်းများကို ဆောင်ရွက်ခြင်း တို့ဖြစ်ပါ သည်။
မြန်မာ့ စီးပွားရေး ဝန်းကျင်တွင် ကာလ ရှည်ကြာတည်ရှိ နေခဲ့သော အမျိုးသား စီးပွားရေး ပြဿနာ ကို ပြည်တွင်း ပြည်ပပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စတင် ပူးပေါင်း ဆောင်ရွက်လာခဲ့ခြင်း တို့ကြောင့် ''စီးပွားရေး နှင့် လူမှုရေး ပြုပြင် ပြောင်းလဲ ရေးမူဘောင်'' နှင့် ''ဆင်းရဲ နွမ်းပါးမှုလျှော့ချ ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မူဘောင်'' တို့ကို ရေးဆွဲနိုင် ခဲ့ပါသည်။ ယင်းမူ ဘောင်များ အရ ရေတို၊ ရေရှည် စီမံကိန်း များ ကိုလည်း စတင် ဆောင်ရွက် နေပြီ ဖြစ်ပါသည်။ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုအတွက် ကာလ ရှည်ကြာ အဟန့်အတား ဖြစ်နေခဲ့သော ပြည်ပမှ စီးပွားရေးပိတ်ဆို့မှုများကို လည်း ဖြေလျှော့ ပေးစေရန် ကြိုးပမ်း နိုင်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ လတွင် သြစတြေးလျ နိုင်ငံမှ ပိတ်ဆို့ မှုများကို စတင် ဖယ်ရှား ပေးခဲ့ပြီး ဥရောပ သမဂ္ဂကလည်း ပိတ်ဆို့ မှုများကို ဆိုင်းငံ့ ပေးသကဲ့သို့ ဇူလိုင်လတွင် အမေရိကန် ပြည်ထောင်စု မှလည်း မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံ ခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ ပါသည်။ ထို့ပြင် နိုဝင်ဘာ လတွင် သွင်းကုန်များ တားမြစ် မှုကိုလည်း ဖယ်ရှား ပေးခဲ့ပါသည်။ တစ်ဆက် တည်းမှာပင် ပြည်ထောင်စု လွှတ်တော်၏ ကူညီပံ့ပိုးမှုဖြင့် ''နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်'' ကို ပြ ဋ္ဌာန်း ပေးခဲ့ပါသည်။ ယခင် နှစ်အတွင်း ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှု များကြောင့် အလုပ်အကိုင် အခွင့် အလမ်းပေါင်း ခြောက်သောင်းကျော်ကို ဖန်တီး ပေးနိုင်သကဲ့သို့ ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုများကို အားပေး နိုင်ခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီး ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် အလုပ် သမား နှင့် လယ်သမား အဖွဲ့အစည်း များကိုလည်း လွတ်လပ်စွာ ဖွဲ့စည်း ခွင့်ပြုခြင်း၊ ယင်းတို့၏ လိုအင် ဆန္ဒများအတွက် ဆန္ဒထုတ်ဖော် ခွင့်များ လုပ်ဆောင်လာနိုင်ခြင်းများသည် လွတ်လပ်ပွင့်လင်း လာသော အခြေအနေကို အစ ပျိုးနိုင်ခဲ့ ခြင်းပင် ဖြစ်ပါသည်။
လူမှုရေး ဆောင်ရွက်ချက် များအနေ ဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုများ ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်း သစ်များ တိုးမြှင့် ပေးခြင်းတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ထို့ပြင်လာမည့် ဘဏ္ဍာရေး နှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော် တို့အကြား ပွင့်လင်း မြင်သာမှု ရှိရှိဖြင့် ကျယ် ကျယ် ပြန့်ပြန့် ဆွေးနွေး နိုင်ခဲ့သဖြင့် ''ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေ'' ကို တစ်နှစ် ထက်တစ်နှစ် ပိုမိုစနစ် ကျစွာ ပြဋ္ဌာန်း နိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေ ငွေ စာရင်း ဆွေးနွေးသည့် ကိစ္စရပ်များ ကိုလည်း ပြည်သူ လူထုထံ ပွင့်လင်း မြင်သာမှု ရှိရှိ အသိ ပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေး နှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် ပေးနိုင်တော့မည် ဖြစ်သည် ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။
နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများစွာ လုပ်ဆောင် နိုင်ခဲ့ သော်လည်း အသွင် ကူးပြောင်းရေး ဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်း တောင်စီမံကိန်း ဆန္ဒပြမှုများ၊ မြေယာ ပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ် များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ကိစ္စများမှ အတွေ့အကြုံ များအား သင်ခန်းစာ များအဖြစ် ရယူ၍ နောင် လာမည့် နှစ်များတွင် ပိုမို ကောင်းမွန်သော စီမံခန့်ခွဲ မှုမျိုးဖြစ် ပေါ်လာ စေရန် ဆက်လက် ကြိုးပမ်းသွား မည် ဖြစ်ပါသည်။
ယနေ့မိမိတို့ ဆောင်ရွက် နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများတွင် လွှတ်တော် များနှင့် အစဉ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင် တစ်နှစ်ကျော် ကာလက ရရှိခဲ့ သည့် ဥပဒေ ပြုရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမို ထိရောက်အောင် ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခု အချိန်အခါ ကဲ့သို့ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြည် တွင်း နိုင်ငံရေး အင်အားစုများ အကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာ ကို မြှင့်တင် နိုင်သော၊ ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင် နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်း ကဏ္ဍမှာများစွာအရေး ပါသည်ကို မိမိ အနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင် အထည် ဖော်လျက် ရှိပါသည်။
ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲကြမ်းတမ်းသော လှေကား ထစ်များကို ကျော်ဖြတ် ရလေ့ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ အကျင့် ပျက် ခြ စားမှုတိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီး တစ်ဆင့်တိုးမြှင့်လုပ်ဆောင် သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသောအစိုးရ ဖြစ်ရေးအတွက် အရှိန် အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်ရမည်ကိုလည်း သိရှိထား ပါသည်။ ပြည်ထောင်စု လွှတ်တော် အနေဖြင့်လည်း ပြည် သူများ၏လက်တွေ့ အကျိုးစီးပွား၊ ရေရှည် အကျိုးစီးပွားကို အလေး အနက် ထား သည့် ပြည် သူ့ ဗဟိုပြု ဥပဒေများ ဆက်လက် ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုက ရေစီယဉ်ကျေးမှု၊ ဒီမို ကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါး ရင်းနှီးလာအောင် လုပ်ဆောင် ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

No comments:

Post a Comment