ဆက်သွယ်ရေးမှ ထပ်မံဈေးလျော့ချ၍ရောင်းပေးမည့် ဖုန်းများရောင်း ချရန် အသင့်ရှိနေပြီဖြစ်သော်လည်း အထက်ဌာနမှ ခွင့်ပြုချက် မရသေး ၍ မရောင်းနိုင်သေးခြင်းဖြစ်ကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် တစ်ဦး ကပြောသည်။“ ဈေးနှုန်းလဲ လျော့ချပေးထားပါတယ်၊ကျွန်တော်ဘက် က လည်းရောင်းချပေးဖို့ အသင့်ရှိနေပါပြီ၊ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွယ်ရေးအနေနဲ့ ဖုန်းတွေကို ဒီဈေးနဲ့ရောင်းမယ်ဆိုတာကို အထက်ဌာနတွေကို တင်ရပါတယ်၊ သူ့ဘက်ကခွင့်ပြုမိန့်မရသေးတဲ့အတွက် အခုလိုရောင်းမပေးသေးတာပါ ” ဟု ၎င်းကပြောသည်။ သို့သော် ခွင့်ပြုချက် ချထားမပေးသည့်ဌာနအား Popular News မှမေးမြန်းရာတွင် ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။
AZ
Popular Myanmar News Journal

No comments:
Post a Comment