ပြည်နယ် အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ရက်မှ ယခုနှစ် ဇန်နဝါရီ ၄ ရက် အတွင်း ကချင်ပြည်နယ် ပူတာအို ခရိုင် ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများအတွက် စားနပ်ရိက္ခာ များ၊ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးပစ္စည်းများ ပို့ဆောင် ရန် မြစ်ကြီးနားမှပူတာအိုသို့ မော်တော်ယာဉ် ၅၄ စီးဖြင့် ကုန်ပစ္စည်း များကို တင်ပို့ ပေးခဲ့သည်။
ယင်းမော်တော် ယာဉ်များအနက် ဇန်နဝါရီ ၂ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်လမ်း မိုင်တိုင် အမှတ် (၉၁)ရှိ ထိန်ဘိုင် ကျေးရွာအနီး၌ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်ရေး ပစ္စည်းများ တင်ဆောင်လာသော ယာဉ်သုံးစီး၊ ဇန်နဝါရီ ၃ ရက် တွင် မိုင်တိုင် အမှတ် (၆၄)၌ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒီဇယ် ဆီပီပါ ၆ဝ တင်ဆောင် လာသည့် ယာဉ်နှစ်စီး၊ ယင်းနေ့များ မှာပင် မိုင်တိုင်အမှတ် (၈၉) နှင့် (၉၁) အကြား၌ ပူတာအို ဒေသတွင် အသုံးပြုရန်အတွက် တင်ဆောင်လာသည့် တည်ဆောက်ရေးပစ္စည်းများ၊ စက်သုံးဆီများနှင့် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်များ တင်ဆောင်လာ သည့် ယာဉ် ၁၅ စီး တို့အား ကေအိုင်အေအဖွဲ့က တားဆီး၍ ယာဉ်များပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်း များကိုမီးရှို့ ဖျက်ဆီးခဲ့သည်။
ယင်းသို့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် ယာဉ်များ ပေါ်တွင်ပါရှိသည့် ဘိလပ်မြေ ၈ဝ ဒသမ ၅ တန်၊ သံချောင်း / သံပြား ၁၃တန်၊ ဒီဇယ်ဆီ ပီပါ ၉ဝ၊ ဆန် ၁၉၃ အိတ်၊ စားသုံးဆီ နှစ်ပုံးနှင့် စားသောက် ကုန်များ ပျက် စီး ဆုံးရှုံး ခဲ့သည်။
ထို့အတူ မြစ်ကြီးနား- ဆွမ်ပရာ ဘွမ်လမ်း မိုင်တိုင် အမှတ်(၁၁ဝ) ဇနန်း ကျေးရွာအနီး အရှည် ပေ ၂ဝ ရှိ ဘေလီ တံတားကိုလည်းကေအိုင်အေ အဖွဲ့က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment