Friday 11 January 2013

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့်ကျောက်စိမ်း ၀ယ်လက် မရှိတော့ဘဲ အရောင်းအ၀ယ် မရှိသလောက် နည်းပါး

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့်ကျောက်စိမ်း
ဝယ်လက် မရှိတော့ဘဲ အရောင်းအ၀ယ် မရှိသလောက် နည်းပါး
Friday, January 11, 2013

ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် ကျောက်စိမ်း အရောင်းအ၀ယ် မရှိသလောက် နည်းပါးသွားကြောင်း ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်း
ကုန်သည်များထံမှ သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရနှင့် ကေ အိုင်အေအကြား ၁၇နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော စစ်ပွဲများ ယခု ပြန်လည် ဖြစ်ပွားခဲ့သောကြောင့် ၂၀၁၂ ခုနှစ် မေလမှစ၍ ကုမ္ပဏီပိုင် ကျောက်စိမ်း လုပ်ကွက်များ ရပ်ဆိုင်းခဲ့ရသည်။

ထို့ကြောင့် ပြည်ပမှ အဓိက ၀ယ်ယူလေ့ရှိသော ကျောက်စိမ်း ၀ယ်လက်များ ယခုစစ်ပွဲကြောင့် ၀ယ်ယူခြင်း မရှိသလောက် နည်းပါးသွားကြောင်း ယင်းဒေသရှိ ကျောက်စိမ်း ကုန်သည်များက ပြောသည်။

ယင်းကဲ့သို့ ပြည်ပ၀ယ်လက် မလာတော့ခြင်းကြောင့်တန်ဖိုးကြီး
ကျောက်များမှာအရောင်းအ၀ယ် မဖြစ်တော့ဘဲ တန်ဖိုးနည်း
ကျောက်အချို့သာ အရောင်းအ၀ယ်ဖြစ်နေကြောင်း၊ ထို့ပြင် တန်ဖိုးကြီး ကျောက်များကို လတ်တလော လိုအပ်ချက်အရ ဈေးနှိမ် ၀ယ်ယူမှန်းသိလျက် ရောင်းချနေရကြောင်းနှင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံး ရပ်စေချင်ကြောင်း ကျောက်စိမ်းကုန်သည်များက တစ်ညီတစ်ညွတ်တည်း ပြောကြသည်။

''ကချင်ဘက်ကထွက်တဲ့ တန်ဖိုးကြီးကျောက်တွေကို တရုတ်ကုန်သည်
တွေက အဓိက ၀ယ်နေတာပါ။ အခုစစ်ပွဲတွေကြောင့် တရုတ်ဘက်က လာမ၀ယ်တော့ဘူး။ ပြည်တွင်း ကုန်သည်တွေက တန်ဖိုးနည်း
ကျောက်လောက်ပဲ ၀ယ်တာကြောင့် ကျောက်အကောင်းတွေ ရှိပေမယ့် ရောင်းမထွက်တော့ ကျောက်သမားတွေ ငွေမပေါ်ဘူး၊ အခက်အခဲတွေ ဖြစ်နေကြတယ်'' ဟု ကချင်ပြည်နယ်၊ ဂွေခါမြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဦးနော်ဂျာက
ပြောသည်။

ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်းများ ရပ်နားထားရသောကြောင့် ၎င်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများမှာလည်း အလုပ်လက်မဲ့ဖြစ်နေရပြီး ၎င်းတို့ထဲမှ အချို့မှာ ဒေသခံ ကျောက်တူး
သမားများနှင့် ပူးပေါင်း၍ ကေအိုင်အေပိုင် ကျောက်တွင်းများ၌ ၀င်ရောက် လုပ်ကိုင်လျက်ရှိသည်။

ယင်းသို့ ကေအိုင်အေပိုင် ကျောက်တွင်းများတွင် ၀င်ရောက် တူးဖော် လုပ်ကိုင်လျက်ရှိသည့် ရေမဆေး ကျောက်တူးသမားများသည် ၎င်းတို့ တူးဖော်ရရှိသည့် ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ကေအိုင်အေသို့
ပေးဆောင်ရပြီး တန်ဖိုးကြီး ကျောက်များကိုမူ ကေအိုင်အေမှပေးသည့်
နှုန်းအတိုင်းသာ ရောင်းချနေရကြောင်း ယင်းရေမဆေးကျောက်သမားများ
ထံမှ သိရသည်။

'' ပုံမှန်ကျောက်မျိုးဆိုရင် ဆယ်ရာခိုင်နှုန်းပဲ ပေးရတယ်၊ ဒါပေမဲ့ သိန်းပေါင်း ထောင်သောင်းချီတဲ့ ကျောက်မျိုးဆိုရင်တော့ သူတို့ဖြတ်တဲ့
ဈေးနှုန်းအတိုင်းပဲ ရောင်းရတယ်'' ဟု ကေအိုင်အေပိုင် ကျောက်စိမ်း တွင်းတစ်ခုတွင် လုပ်ကိုင်နေသူ ရေမဆေးသမားတစ်ဦးက ပြောသည်။

ယင်းကေအိုင်အေပိုင် ကျောက်စိမ်းတွင်းများမှ တူးဖော်ရရှိသော
ကျောက်များကိုလည်း ရောင်းလိုသူသာ များနေပြီး ၀ယ်ယူလိုသူ မရှိသလောက် အလွန်နည်းပါးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်သည် ကျောက်စိမ်းအဓိက ထွက်ရှိရာ
ဒေသဖြစ်ပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ ဂွေခါ စသည့်မြို့များတွင် လုပ်ကွက် အများဆုံးရှိပြီး ကျောက်တွင်းလုပ်ကွက် ဧကပေါင်း ၈၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။

Eleven Media Group ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် ကျောက်စိမ်း အရောင်းအ၀ယ် မရှိသလောက် နည်းပါးသွားကြောင်း ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်း ကုန်သည်များထံမှ သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရနှင့် ကေ အိုင်အေ အကြား ၁၇နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော စစ်ပွဲများယခု ပြန် လည် ဖြစ်ပွားခဲ့သောကြောင့် ၂၀၁၂ ခုနှစ် မေလမှစ၍ ကုမ္ပဏီ ပိုင် ကျောက်စိမ်း လုပ်ကွက်များ ရပ်ဆိုင်း ခဲ့ရသည်။


ထို့ကြောင့် ပြည်ပမှ အဓိက ၀ယ်ယူလေ့ရှိသော ကျောက်စိမ်း ၀ယ်လက်များ ယခုစစ်ပွဲကြောင့် ၀ယ်ယူခြင်း မရှိသလောက် နည်းပါးသွားကြောင်း ယင်းဒေသရှိ ကျောက်စိမ်း ကုန်သည်များက ပြောသည်။


ယင်းကဲ့သို့ ပြည်ပ၀ယ်လက် မလာတော့ခြင်းကြောင့်တန်ဖိုးကြီးကျောက်များမှာအရောင်းအ၀ယ် မဖြစ်တော့ ဘဲ တန်ဖိုးနည်းကျောက်အချို့သာ အရောင်းအ၀ယ်ဖြစ်နေကြောင်း၊ ထို့ပြင် တန်ဖိုးကြီး ကျောက်များကို လတ်တလော လိုအပ်ချက်အရ ဈေးနှိမ်ဝယ်ယူမှန်းသိလျက် ရောင်းချနေရကြောင်းနှင့် လက်ရှိဖြစ် ပွားနေသော စစ်ပွဲများ အမြန်ဆုံးရပ်စေချင်ကြောင်း ကျောက်စိမ်းကုန်သည်များက တစ်ညီ တစ်ညွတ် တည်း ပြောကြသည်။


''ကချင်ဘက်ကထွက်တဲ့ တန်ဖိုးကြီးကျောက်တွေကို တရုတ်ကုန်သည်တွေက အဓိက ၀ယ်နေတာပါ။ အခုစစ်ပွဲတွေကြောင့် တရုတ်ဘက်က လာမ၀ယ်တော့ဘူး။ ပြည်တွင်း ကုန်သည်တွေက တန်ဖိုး နည်းကျောက်လောက်ပဲ ၀ယ်တာကြောင့် ကျောက်အကောင်းတွေ ရှိပေမယ့် ရောင်း မထွက်တော့ ကျောက် သမားတွေ ငွေမပေါ်ဘူး၊ အခက်အခဲတွေ ဖြစ်နေကြတယ်'' ဟု ကချင်ပြည် နယ်၊ ဂွေခါမြို့ရှိ တစ်ပိုင် တစ်နိုင် ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဦးနော်ဂျာကပြောသည်။


ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်းများ ရပ်နားထားရသောကြောင့် ၎င်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများမှာလည်း အလုပ်လက်မဲ့ဖြစ်နေရပြီး ၎င်းတို့ထဲမှ အချို့မှာ ဒေသခံ ကျောက်တူးသမား များနှင့် ပူးပေါင်း၍ ကေအိုင်အေပိုင် ကျောက်တွင်းများ၌ ၀င်ရောက်လုပ်ကိုင်လျက်ရှိသည်။


ယင်းသို့ ကေအိုင်အေပိုင် ကျောက်တွင်းများတွင် ၀င်ရောက် တူးဖော်လုပ်ကိုင်လျက်ရှိသည့် ရေ မဆေး ကျောက်တူးသမားများသည် ၎င်းတို့ တူးဖော်ရရှိသည့် ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကို ကေအိုင်အေသို့ပေးဆောင်ရပြီး တန်ဖိုးကြီး ကျောက်များ ကိုမူ ကေအိုင်အေမှပေး သည့် နှုန်း အတိုင်း သာ ရောင်းချနေရကြောင်း ယင်းရေမဆေးကျောက်သမားများထံမှ သိရသည်။


'' ပုံမှန်ကျောက်မျိုးဆိုရင် ဆယ်ရာခိုင်နှုန်းပဲ ပေးရတယ်၊ ဒါပေမဲ့ သိန်းပေါင်း ထောင်သောင်း ချီတဲ့ ကျောက် မျိုးဆိုရင်တော့ သူတို့ဖြတ်တဲ့ဈေးနှုန်းအတိုင်းပဲ ရောင်းရတယ်'' ဟု ကေအိုင်အေပိုင် ကျောက်စိမ်း တွင်းတစ်ခုတွင် လုပ်ကိုင်နေသူ ရေမဆေးသမားတစ်ဦးက ပြောသည်။


ယင်းကေအိုင်အေပိုင် ကျောက်စိမ်းတွင်းများမှ တူးဖော်ရရှိသောကျောက်များကိုလည်း ရောင်းလိုသူသာ များနေပြီး ၀ယ်ယူလိုသူ မရှိသလောက် အလွန်နည်းပါးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်သည် ကျောက်စိမ်းအဓိက ထွက်ရှိရာဒေသဖြစ်ပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ ဂွေခါ စသည့်မြို့များတွင် လုပ်ကွက်အများဆုံးရှိပြီး ကျောက်တွင်းလုပ်ကွက် ဧကပေါင်း ၈၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment