Friday 11 January 2013

အမျိုးသားစီမံကိန်းသည် ပြည်သူဘ၀နှင့် ထင်ဟတ်သည့်အတွက် လေးလေးနက်နက်ဆောင်ရွက်ရန်နှင့် စီမံကိန်းများအောင်မြင်မှုရှိမရှိ စောင့်ကြပ်စစ်ဆေးဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြည်ထောင်စုလွှတ်တော် နာယကပြောကြား

အမျိုးသားစီမံကိန်းသည် ပြည်သူဘ၀နှင့် ထင်ဟတ်သည့်အတွက်
လေးလေးနက်နက်ဆောင်ရွက်ရန်နှင့် စီမံကိန်းများအောင်မြင်မှုရှိမရှိ
စောင့်ကြပ်စစ်ဆေးဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား
ပြည်ထောင်စုလွှတ်တော် နာယကပြောကြား
Friday, January 11, 2013

အမျိုးသားစီမံကိန်း ဥပဒေကြမ်းသည် ပြည်သူ့ဘ၀နှင့် ထင်ဟတ်သည့်
အတွက် လေးလေးနက်နက် ဆောင်ရွက်ရန်နှင့် စီမံကိန်းများ
အောင်မြင်မှုရှိမရှိကို စောင့်ကြပ်စစ်ဆေးဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။

''အမျိုးသားစီမံကိန်းဆိုတာ ပြည်သူတွေရဲ့ဘ၀နဲ့ ထင်ဟတ်တဲ့အတွက်
လေးလေးနက်နက် ဆောင်ရွက်ရမယ့် ပထမဦးစားပေး လုပ်ငန်းဖြစ်တယ်။
ပြည်သူတွေရဲ့ ဆန္ဒ၊ အသံ၊ မျော်လင့်ချက်တွေကို လွှတ်တော်က
ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်အနေနဲ့ အဓိကလုပ်ဆောင်ရမှာက အမျိုးသားစီမံကိန်းပါ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ အောင်မြင်အောင် တာဝန်ယူ၊ တာဝန်ခံပြီး လုပ်ပါ့မယ်ဆိုတဲ့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု
အစိုးရအဖွဲ့ရဲ့ တာဝန်ယူမှု၊တာဝန်ခံမှုတွေကို စောင့်ကြပ်စစ်ဆေးဖို့ လိုပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က
ပြောကြားခဲ့သည်။

လွှတ်တော်မှခွင့်ပြုပေးထားသည့် ဘတ်ဂျက်များကို ဘဏ္ဍာရေး
စည်းမျဉ်းများနှင့် ညီညွတ်မှုရှိမရှိ စိစစ်ရမည်ဖြစ်ပြီး စာရင်းဇယားများကို သက်ဆိုင်ရာဌာနများမှ တောင်းခံရာတွင် အချိန်မီရရှိမှု မရှိခြင်း၊
နောက်ဆုံးအခြေအနေ စာရင်းများ မရရှိခြင်းများ ရှိနေသည့်အတွက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဖွဲ့စည်းပုံတိုးချဲ့ပြီး စနစ်သစ်နှင့်
အညီ အချိန်ကိုစစ်ဆေးပြီးဖြစ်ရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်
မြှင့်တင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက တိုက်တွန်းပြောကြားခဲ့သည်။

''ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိုနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေဟာ ၀န်ကြီး၊ ဒုတိယ၀န်ကြီးတွေကို ဖိတ်ကြားပြီး ရှင်းလင်းတင်ပြခွင့် ရှိပါတယ်။ လိုအပ်ပါက လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ဖိတ်ကြားနိုင်ဖို့ နာယကကို ပြောပါ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင်
ဆောင်ရွက်ဖို့လိုပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် နာယကက
ပြောကြားခဲ့သည်။

လွှတ်တော်ကို ပြည်သူများအာရုံစိုက်နေသည့်အတွက် ခွင့်ယူမှုများကို မဖြစ်မနေမှသာ ခွင့်ယူရန်တိုက်တွန်းကြောင်း၊ ယခုအကြိမ် လွှတ်တော်
အစည်းအဝေးသည် အရေးကြီးသည့်အတွက် မပျက်မကွက် တက်ရောက်
စေလိုကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ချမှတ်ဆောင်ရွက်နေသည့် လမ်းစဉ်များ အမြန်အကောင်အထည်ဖော်ဖို့၊ပြည်သူများ လက်ငင်းခံစားနိုင်ရန်
ဝိုင်းဝန်းစဉ်းစားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

တောင်သူလယ်သမားများသည် ဆင်းရဲမှုမျဉ်းကြောင်းအောက်
ရောက်နေမှုများကို မြှင့်တင်ပေးနိုင်ရန်၊ အလုပ်သမားများ၏ ရသင့်ရထိုက်သည့်အခွင့်အရေးများကို ရရှိရန် ဆောင်ရွက်ပေးခြင်းဖြင့် ဆင်းရဲမှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်သို့တင်ပြလာသည့် စီမံကိန်းများသည် ပြည်သူအများစုကို ဗဟိုပြုနိုင်မှု ရှိမရှိများကို
သေချာဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် 
နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

''တောင်သူလယ်သမားတွေ ဆင်းရဲမှုမျဉ်းကြောင်းအောက် ရောက်နေရတာ
က နှစ်စဉ်နှစ်တိုင်း စပါးဈေးက ကုန်ထုတ်လုပ်မှုစရိတ်မကာမိအောင် ကျဆင်းနေတာက အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ လယ်သမားတွေ လယ်ယာမြေကို စွန့်ပစ်သွားရင် ဆန်ကိုအားပြုစားသုံးနေရသူတွေ အခက်အခဲဖြစ်လာနိုင်တယ်။ တောင်သူတွေက အားလပ်တဲ့အချိန်မှာလည်း အခြားအလုပ်အကိုင်လုပ်ဖို့ ကျွန်တော်တို့ဆီမှာ အလုပ်လက်မဲ့ ပြဿနာက ရှိနေသေးတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ
ပြည်သူအကျိုးရှိဖို့ ဘာတွေတောင်းဆိုပြီးပြီလဲ၊ ပါသင့်ပါထိုက်တဲ့အချက် အလက်တွေ ပါပြီလားဆိုတာ လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့်က နှုတ်ခွန်း
ဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Eleven Media Group

အမျိုးသားစီမံကိန်း ဥပဒေကြမ်းသည် ပြည်သူ့ဘ၀နှင့် ထင်ဟတ်သည့်
အတွက် လေးလေးနက်နက် ဆောင်ရွက်ရန်နှင့် စီမံကိန်း များအောင်မြင်မှုရှိမရှိကို စောင့်ကြပ်စစ်ဆေးဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် တိုက်တွန်းပြော ကြား ခဲ့သည်။

''အမျိုးသားစီမံကိန်းဆိုတာ ပြည်သူတွေရဲ့ဘ၀နဲ့ ထင်ဟတ်တဲ့အတွက်လေးလေး နက်နက် ဆောင် ရွက်ရ မယ့် ပထမဦးစားပေး လုပ်ငန်းဖြစ်တယ်။
ပြည်သူတွေရဲ့ ဆန္ဒ၊ အသံ၊ မျော်လင့်ချက်တွေကို လွှတ်တော်ကဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်အနေနဲ့ အဓိကလုပ်ဆောင်ရမှာက အမျိုးသားစီမံကိန်းပါ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ အောင်မြင်အောင် တာဝန်ယူ၊ တာဝန်ခံပြီး လုပ်ပါ့မယ်ဆိုတဲ့ နိုင်ငံတော် သမ္မတ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ တာဝန်ယူမှု၊တာဝန်ခံမှုတွေကို စောင့်ကြပ်စစ်ဆေးဖို့ လိုပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကပြောကြားခဲ့သည်။

လွှတ်တော်မှခွင့်ပြုပေးထားသည့် ဘတ်ဂျက်များကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ညီညွတ်မှုရှိမရှိ စိစစ်ရ မည်ဖြစ်ပြီး စာရင်းဇယားများကို သက်ဆိုင်ရာဌာနများမှ တောင်းခံရာတွင် အချိန်မီရရှိမှု မရှိခြင်း ၊နောက်ဆုံး အခြေအနေ စာရင်းများမရရှိခြင်းများ ရှိနေသည့်အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့် ဖွဲ့စည်းပုံတိုးချဲ့ပြီး စနစ်သစ်နှင့်အညီ အချိန်ကိုစစ်ဆေးပြီးဖြစ်ရန်အတွက် လုပ်ငန်း စွမ်းဆောင် ရည်မြှင့်တင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက တိုက်တွန်းပြောကြားခဲ့သည်။

''ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိုနှိုင်းဆောင် ရွက် ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေဟာ ၀န်ကြီး၊ ဒုတိယ ၀န်ကြီးတွေကို ဖိတ်ကြားပြီး ရှင်းလင်းတင်ပြခွင့် ရှိပါတယ်။ လိုအပ်ပါက လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ဖိတ်ကြားနိုင်ဖို့ နာယကကို ပြောပါ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင်ဆောင် ရွက်ဖို့ လိုပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် နာယကကပြောကြားခဲ့သည်။

လွှတ်တော်ကို ပြည်သူများအာရုံစိုက်နေသည့်အတွက် ခွင့်ယူမှုများကို မဖြစ်မနေမှသာ ခွင့်ယူရန် တိုက် တွန်းကြောင်း၊ ယခုအကြိမ် လွှတ်တော်အစည်းအဝေးသည် အရေးကြီးသည့်အတွက် မပျက်မကွက် တက်ရောက်စေလိုကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ချမှတ်ဆောင်ရွက်နေသည့် လမ်းစဉ်များ အမြန် အကောင်အထည်ဖော်ဖို့၊ပြည်သူများ လက်ငင်းခံစားနိုင်ရန်ဝိုင်းဝန်းစဉ်းစားဖို့လိုအပ်ကြောင်း ပြောကြားခဲ့ သည်။

တောင်သူလယ်သမားများသည် ဆင်းရဲမှုမျဉ်းကြောင်းအောက်ရောက်နေမှုများကို မြှင့်တင်ပေးနိုင်ရန်၊ အလုပ်သမားများ၏ ရသင့်ရထိုက်သည့်အခွင့်အရေးများကို ရရှိရန် ဆောင်ရွက်ပေးခြင်းဖြင့် ဆင်းရဲမှု များ ကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်သို့တင်ပြလာသည့် စီမံကိန်း များ သည် ပြည်သူ အများ စုကို ဗဟိုပြုနိုင်မှု ရှိမရှိများကိုသေချာဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောကြားခဲ့သည်။

''တောင်သူလယ်သမားတွေ ဆင်းရဲမှုမျဉ်းကြောင်းအောက် ရောက်နေရတာက နှစ်စဉ်နှစ်တိုင်း စပါးဈေးက ကုန်ထုတ်လုပ်မှုစရိတ်မကာမိအောင် ကျဆင်းနေတာက အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ လယ် သမားတွေ လယ်ယာမြေကို စွန့်ပစ်သွားရင် ဆန်ကိုအားပြုစားသုံးနေရသူတွေ အခက်အခဲဖြစ် လာနိုင် တယ်။ တောင်သူတွေက အားလပ်တဲ့အချိန်မှာလည်း အခြားအလုပ်အကိုင်လုပ်ဖို့ ကျွန်တော်တို့ဆီမှာ အလုပ်လက်မဲ့ ပြဿနာက ရှိနေသေးတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲပြည်သူ အကျိုးရှိဖို့ ဘာတွေတောင်းဆိုပြီးပြီလဲ၊ ပါသင့်ပါထိုက်တဲ့အချက် အလက်တွေ ပါပြီလား ဆိုတာ လေ့လာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment