Tuesday 1 January 2013

(၂၀၁၃)ခုနှစ်အတွင်း နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှ ရှာဖွေတွေ့ရှိရန် ပညာရှင်များ မျှော်လင့်


(၂၀၁၃)ခုနှစ်အတွင်း နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှ ရှာဖွေတွေ့ရှိရန် ပညာရှင်များ မျှော်လင့်
Tuesday, 01 January 2013

(၂၀၁၃)ခုနှစ်အတွင်း စကြာဝဠာ အတွင်းမှ နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှထိ ရှာဖွေ တွေ့ရှိရန် သုတေသီများက မျှော်လင့်ထားသည်။

ဩစတြေးလျ နက္ခတ်ဗေဒ ပညာရှင်များက Wallabyနှင့် Dingo နက္ခတ်ဗေဒ မှန်ပြောင်းစခန်းကြီး နှစ်ခုအား စတင် မိတ်ဆက် ဖော်ပြလိုက်ပြီးနောက် ယင်းတို့၏ အကူအညီဖြင့် အဆုံးမဲ့ စကြာဝဠာအတွင်းမှ လူသားများ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော နဂါးငွေ့တန်း (၇၀၀၀၀)မျှကို
တွေ့ရှိရန် မျှော်လင့်လျှက် ရှိသည်။ တစ်ခုလျှင် စူးစမ်းရေးယူနစ် (၃၆)ခုစီ ပါဝင်ကာ (၁၂)မီတာစီ အကျယ်ရှိသော စလောင်းကြီးများကို ဩစတြေးလျနှင့် တောင်အာဖရိကတို့တွင် ဖြန့်ကျက် တည်ဆောက်
ထားသည်။

ဩစတြေးလျရှိ Askapဟု အမည်ပေးထားသော နက္ခတ်တာရာ စူးစမ်းရေး သုတေသန စခန်းသည် ပေါင်စတာလင် (၆၅)သန်းထိ အကုန်အကျခံ တည်ဆောက်ကာ ဂြိုဟ်တုစလောင်း (၃၆)ခု ဝန်းရံထားသည်။ ပညာရှင်များက Askapသည် စကြာဝဠာ၏ အလျှို့ဝှက်ဆုံး ပဟေဠိတစ်ခုဖြစ်သော အမှောင်စွမ်းအင် အကြောင်းကိုလည်း အဖြေထုတ်ပေးနိုင်ရန် ကူညီပေးမည်ဟု မျှော်လင့်နေသည်။ အဆိုပါ အမှောင်စွမ်းအင် အကြောင်းကို မည်သူမျှ တိတိကျကျ မရှင်းပြနိုင်ဘဲ သီအိုရီ သဘောသာ ယူဆထားသော်လည်း ယင်း၏ လွှမ်းမိုးသည် စကြာဝဠာ တိုက်တစ်ခုလုံး၏ (၇၃)ရာခိုင်နှုန်းထိ ရှိနေမည်ဟု သုတေသီများက ယူဆထားသည်။ ယခုမှန်ပြောင်းကြီးများကို စကြာဝဠာအတွင်း သက်ရှိများ ရှင်သန်နေမှု ရှိမရှိ စူးစမ်းရန်လည်း အသုံးပြုမည် ဖြစ်သည့်တိုင် ယင်းသည် အဓိက အကျဆုံး ရည်ရွယ်ချက် မဟုတ်ကြောင်းလည်း သိရှိရသည်။

(Ref: Daily Mail)
Planet Myanmar Network

(၂၀၁၃)ခုနှစ်အတွင်း စကြာဝဠာ အတွင်းမှ နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှထိ ရှာဖွေ တွေ့ရှိရန် သုတေသီ များက မျှော် လင့်ထားသည်။

ဩစတြေးလျ နက္ခတ်ဗေဒ ပညာရှင်များက Wallabyနှင့် Dingo နက္ခတ်ဗေဒ မှန်ပြောင်းစခန်းကြီး နှစ်ခုအား စတင် မိတ်ဆက် ဖော်ပြလိုက်ပြီးနောက် ယင်းတို့၏ အကူအညီဖြင့် အဆုံးမဲ့ စကြာဝဠာအတွင်းမှ လူသားများ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော နဂါးငွေ့တန်း (၇၀၀၀၀)မျှကိုတွေ့ရှိရန် မျှော်လင့်လျှက် ရှိသည်။ တစ်ခုလျှင် စူးစမ်းရေးယူနစ် (၃၆)ခုစီ ပါဝင်ကာ (၁၂)မီတာစီ အကျယ်ရှိသော စလောင်း ကြီးများကို ဩစတြေးလျနှင့် တောင်အာဖရိကတို့တွင် ဖြန့်ကျက် တည်ဆောက်ထားသည်။

ဩစတြေးလျရှိ Askapဟု အမည်ပေးထားသော နက္ခတ်တာရာ စူးစမ်းရေး သုတေသန စခန်း သည် ပေါင်စတာလင် (၆၅)သန်းထိ အကုန်အကျခံ တည်ဆောက်ကာ ဂြိုဟ်တုစလောင်း (၃၆)ခု ဝန်းရံ ထားသည်။ ပညာရှင်များက Askapသည် စကြာဝဠာ၏ အလျှို့ဝှက်ဆုံး ပဟေဠိတစ်ခုဖြစ်သော အမှောင် စွမ်းအင် အကြောင်းကိုလည်း အဖြေထုတ်ပေးနိုင်ရန် ကူညီပေးမည်ဟု မျှော်လင့်နေသည်။ အဆိုပါ အမှောင်စွမ်းအင် အကြောင်းကို မည်သူမျှ တိတိကျကျ မရှင်းပြနိုင်ဘဲ သီအိုရီ သဘောသာ ယူဆ ထားသော်လည်း ယင်း၏ လွှမ်းမိုးသည် စကြာဝဠာတိုက်တစ်ခုလုံး၏ (၇၃)ရာခိုင်နှုန်းထိ ရှိနေမည်ဟု သုတေသီ များက ယူဆထားသည်။ ယခုမှန်ပြောင်းကြီးများကို စကြာဝဠာအတွင်း သက်ရှိများ ရှင်သန်နေမှု ရှိမရှိ စူးစမ်းရန်လည်း အသုံးပြုမည် ဖြစ်သည့်တိုင် ယင်းသည် အဓိက အကျဆုံး ရည်ရွယ်ချက် မဟုတ်ကြောင်း လည်း သိရှိရသည်။

(Ref: Daily Mail)
Planet Myanmar Network

No comments:

Post a Comment