Tuesday, 1 January 2013

ဗြိတိသျှ spitfire တိုက်လေယာဉ်များ ရှာဖွေမှု မြစ်ကြီးနားမြို့ တွင်သေတ္တာတစ်လုံးစတင်တွေ့ရှိ

 
 
 
 
 
မြန်မာ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမိတက် နှင့်ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော ဒုတိယကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ့သည်ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့တွင် မြန်မာနိုင် ငံ မြစ်ကြီးနားမြို့ တွင် လေယာဉ်များထည့်ထားသောသေတ္တာ(ကွန်တိန်နာ)တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ရှာဖွေရေး အဖွဲ့တွင် ရွှေတောင်ပေါ် ကုမ္ပဏီ မှ ပရော်ဖက်ဆာ ဦးစိုးသိန်း ဦးစီး (၁၃) ဦး ပါဝင်ပြီး ၊ ရှာဖွေရေးအဖွဲ့မှ မြစ်ကြီးနား လေတပ်စခန်းလေယာဉ်ကွင်းပြေးလမ်းထိပ် မီတာ ၃၀၀ အကွာ တွင် တူးဖော်မှုစတင်ခဲ့ရာမြေကြီး ပေ အနက် ၃၀ ခန့် တွင် သစ်သား သေတ္တာ တစ်လုံးအား စတင်တွေ့ရှိ ခဲ့သည် ဟု ရွှေတောင်ပေါ် ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။


Spitfire တိုက်လေယာဉ်များကို ပြန်လည် တူးဖော် ကြရန် နှစ်နိုင်ငံအကြား သဘောတူညီ ချက်ကို ဗြိတိသျှ ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ စဉ် ပြီးခဲ့သော ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့သည်။

တူးဖော်မှုတွင် နိုင်ငံတော်  အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက်DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည့်ဖြစ်ပြီးအကျိုးအမြတ် ခွဲဝေမှုကိုလည်း နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း ၊ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း ဖြစ်သည်။

ရွှေတောင်ပေါ်ကုမ္ပဏီက လေယာဉ် တူးဖော်ရေး အပိုင်းကို ၂၀၁၂ ခုနှစ်နိုဝင်ဘာလ ပထမပတ်တွင် လုပ်ငန်း စတင် ခဲ့ကာပထမဆုံးအနေဖြင့်သစ်သား တစ်လုံးအား မြစ်ကြီးနားမြို့  တွင်စတင်ရှာဖွေတွေ ရှိခဲ့ခြင်းဖြစ်သည်။

Spitfire တိုက်လေယာဉ် များသည် ဒုတိယ ကမ္ဘာစစ် အတွင်း အစင်းရေနှစ်သောင်းထက် မနည်း ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အစင်း ရေ ၃၅ စင်းခန့်သာ ကျန်ရှိတော့သည်။

အလျား ၃၀ ပေ၊ တောင်ပံအလျား၃၇ ပေရှိသော ယင်း Spitfireတိုက်လေယာဉ်များ သည် မြန်မာနိုင်ငံ အတွင်းမင်္ဂလာဒုံ၊ မြစ်ကြီးနားနှင့်မိတ်္ထီလာ (သဲတော)တို့တွင်
တည်ရှိပြီး လူနေအိမ် များနှင့် ကင်းလွတ်ရာတွင် တည်ရှိသည်ဟု မှတ်တမ်း မှတ်ရာနှင့် အထောက်အ ထားများ အရသိရှိရကြောင်း၊

 ယင်းတိုက် လေယာဉ်များကို ကျွန်း သေတ္တာများအတွင်း ပလတ်စတစ်ဖြင့် ထုပ်ပိုးထား ရှိကြောင်း၊ ပြည်ပသို့ သယ်ဆောင်ရေး အပိုင်းတွင် ရေကြောင်းဖြင့် သယ်ယူရန် လျာထားခဲ့ကြောင်း ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ်
Mr.David J.Cundall ကဆိုသည်။


Mr.David J.Cundall သည် Spitfire လေယာဉ်များ ကို ရှာဖွေရန်အတွက် ၁၉၉၇ ခုနှစ်မှ စတင်ကာမြန် မာနိုင်ငံသို့ ၁၂ ခေါက် ရောက်ရှိခဲ့ပြီးအမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ကျော် သုံးစွဲခဲ့ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီထံမှ သိရသည်။

Myanmar Online News


1 comment:

  1. သတိလည်းထားကြဦး တူးတဲ့နေ၇ာကလေတပ်စခန်းနားဆိုတော့ေ၇ာယောင်အလုပ်သမားလိုလိုနဲ့  ကေအိုင်အေက လေတပ်လေယာဉ်တွေ မိုင်းခွဲသွားဦးမယ်။ ဒီကောင်တွေလုပ်လေ့၇ှိတယ် ဖြစ်နိုင်၇င်ဒီအချိန်မှာ လေတပ်နားတူးဖေါ်ေ၇းခေတ္တ ၇ပ်ထား၇င်ကောင်းမယ်။ အကြံပေးတာပါ။

    ReplyDelete