Tuesday 1 January 2013

ဆီးရီးယားတွင် သတင်းထောက်များ သေဆုံးမှု ထိပ်ဆုံးမှ ဦးဆောင်နေ

ဆီးရီးယားတွင် သတင်းထောက်များ သေဆုံးမှု ထိပ်ဆုံးမှ ဦးဆောင်နေ
 
၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝန်း၌ သေဆုံးခဲ့သော သတင်းထောက် ၇ဝ ဦးအနက် ၂၅ ဦးမှာ တောင်အာရှတွင် ဖြစ်သောကြောင့် ၎င်းဒေသသည် သတင်းထောက် များအတွက် ကမ္ဘာ တစ်ဝန်းလုံးတွင် ဆက်လက်၍ အန္တရာယ်ရှိသော နေရာ ဖြစ်နေပါသည်။

နိုင်ငံအလိုက် သတင်းထောက်များ သေဆုံးမှုမှာ ပါကစ္စတန်တွင် ၁၃ ဦး၊ အိန္ဒိယတွင် ၅ ဦး၊ ဘင်္ဂလားဒေ့ရှ်တွင် ၃ ဦး၊ နီပေါနှင့် အာဖဂန်နစ္စတန်တွင် ၂ ဦးစီ သေဆုံးခဲ့ ပါသည်။ ဆီးရီးယားတွင် သတင်းထောက်များ သေဆုံးမှုမှာ ၂၈ ဦး အထိရှိပြီး ထိပ်ဆုံးမှ ဦးဆောင်နေကာ ဆိုမာလီယာတွင် ၁၂ ဦးဖြင့် ဒုတိယ နေရာတွင် ရပ်တည် နေပါသည်။ 

သတင်းထောက်များ အပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ လုံခြုံရေးသည် အဓိက အရေးကြီးသော အကြောင်း အရာအဖြစ် ကျန်ရှိ နေကြောင်းနှင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်သည် တောင်အာရှ၌ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ကြောင်း တောင်အာရှ မီဒီယာ စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်ခဲ့ ပါသည်။

http://www.myawady.com.mm/allnews/global/item/3318-2013-01-01-14-38-58

၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ သေဆုံးခဲ့သော သတင်းထောက် ၇ဝ ဦးအနက် ၂၅ ဦးမှာ တောင် အာရှတွင် ဖြစ်သောကြောင့် ၎င်းဒေသသည် သတင်းထောက်များအတွက် ကမ္ဘာတစ်ဝန်းလုံးတွင် ဆက်လက် ၍ အန္တရာယ်ရှိသော နေရာ ဖြစ်နေပါသည်။

နိုင်ငံအလိုက် သတင်းထောက်များ သေဆုံးမှုမှာ ပါကစ္စတန်တွင် ၁၃ ဦး၊ အိန္ဒိယတွင် ၅ ဦး၊ ဘင်္ဂလားဒေ့ရှ် တွင် ၃ ဦး၊ နီပေါနှင့် အာဖဂန်နစ္စတန်တွင် ၂ ဦးစီ သေဆုံးခဲ့ ပါသည်။ ဆီးရီးယားတွင် သတင်းထောက် များ သေဆုံးမှုမှာ ၂၈ ဦး အထိရှိပြီး ထိပ်ဆုံးမှ ဦးဆောင်နေကာ ဆိုမာလီယာတွင် ၁၂ ဦးဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေပါသည်။

သတင်းထောက်များ အပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ လုံခြုံရေးသည် အဓိက အရေး ကြီးသော အကြောင်းအရာအဖြစ် ကျန်ရှိ နေကြောင်းနှင့် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့် သည် တောင်အာရှ၌ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ကြောင်း တောင်အာရှ မီဒီယာ စောင့်ကြည့်ရေး အဖွဲ့ က ထုတ်ပြန်ခဲ့ပါသည်။
From..မြ၀တီ


No comments:

Post a Comment