Tuesday 1 January 2013

“ဘ”အက္ခရာသတင်းများကြောင့် စလစ်ဈေးအနည်းငယ်ကျ


“ဘ”အက္ခရာသတင်းများကြောင့် စလစ်ဈေးအနည်းငယ်ကျ
Tuesday, 01 January 2013

ရန်ကုန်ကားဈေးကွက်အတွင်း ယခုနောက်ပိုင်းစလစ်ဈေးများမှာ ကျပ်သိန်း ၈၀ မှ ၉၀ကြားရှိနေသည့် အတွက် ယခင်ကထက် ဈေးနှုန်းအနည်းငယ်
လျော့ကျလာကြောင်း သိရသည်။

ယခင်က ရန်ကုန်ဈေးကွက်တွင် စလစ်ဈေးများမှာ ကျပ်သိန်း ၉၀ မှ ၁၀၀ အတွင်းရှိနေခြင်းဖြစ်ပြီး နယ်အချို့တွင် ၁၁၀ မှ ၁၂၀ အတွင်း ရှိနေသော စလစ်များသည် ယခုနောက်ပိုင်း အရောင်းအ၀ယ် နည်းပါးလာခြင်း၊ `ဘ´အက္ခရာ ယာဉ်များ အပ်နှံခွင့်ရတော့မည်ဟူသည့်ကောလဟာလ
များကြောင့် စလစ် ဈေးများထိုးကျလာကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ဘယ်သူတွေ လွှင့်လိုက်တဲ့ သတင်းလည်းတော့ မသိဘူး၊ `ဘ´ ကားတွေ အပ်နှံ ခွင့်ရတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာပြီး
ကတည်းက စလစ်ဈေးတွေ ကျလာတာ၊ အခုဆို စလစ်ဈေးတွေက ၈၅ ပတ်ဝန်းကျင်ပဲ ရှိတော့တယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ မထွက်သေးပါဘူး”ဟု ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ကုန်လမ်းသယ်ယူပို့ဆောင်ရေးဋ္ဌာနသို့ “ဘ´ အက္ခရာယာဉ်ဟောင်းများအား အပ်နှံရန် မဖြစ်နိုင်သေးကြောင်း က.ည.န(မြင်သာ)မှတာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။

ဝယ်ယူသူများအနေဖြင့်`ဘ´စလစ်ထွက်ချိန်အား စောင့်ယူလျှက်
ရှိကြောင်းကိုလည်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ အကျိုးဆောင်များထံက သိရသည်။

“အခုလို စလစ်ဈေးကျလာပြန်တော့လည်း ၀ယ်တဲ့သူတွေက `ဘ´စလစ်
ထွက်တော့မှာပဲဆိုပြီး မ၀ယ်ကြတော့ ပြန်ဘူး၊ `ဘ´အက္ခရာ အပ်မဲ့အချိန်ကို
စောင့်နေကြတယ်၊ အခုစလစ်ထုတ်ရောင်းတဲ့ သူတွေတော့ များလာတယ်၊ အ၀ယ်တော့ သိပ်မရှိသေးဘူး´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ၀ါရင့်ကားကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုထွန်းမှ ပြောသည်။

Toyota Provox နှင့် Nissan AD  Van ကဲ့သို့သော ၁၃၀၀ စီစီကားများ ယခုနောက်ပိုင်း အရောင်းအနည်းငယ်သာရှိကြောင်း ကားဈေးကွက်
အတွင်းမှ သိရှိရသည်။ အဆိုပါကားများသည် TAXI ယာဉ်မောင်းများ
အကြိုက်ကားအမျိုးအစားများဖြစ်ပြီး ချယ်ရီကားများထက် ပိုမိုရောင်း
ရကြောင်း ကိုလည်း သိရှိရသည်။

ယခုနောက်ပိုင်း `ဘ´အက္ခရာများ လက်မခံသေးသည့်အတွက် ယခင်က
`ဘ´ အက္ခရာကားများ လိုက်လံ ၀ယ်ယူထားသည့်မော်တော်ယာဉ်
တင်သွင်းသူများ၊ ကားအရောင်းပြခန်းများသည် ငွေမ၀င် ပဲ အထွက်များ၍ အရှုံးပြနေကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရသည်။

ငွေအရင်းအနှီးနည်းသည့် ကားရောင်းဝယ်သူ တစ်ချို့ဆိုလျှင် `ဘ´ အက္ခရာကားများကို ပြန်လည် ထုတ်ရောင်းမှု များပင်ရှိလာကြောင်း သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ယာဉ်အသစ်များ တင်သွင်းခွင့် ပြုခဲ့သည်။ ထို့နောက် န၊ ပ အက္ခရာများ ထွက်ရှိခါစအချိန်တွင် စလစ်ဈေးမှာ သိန်း ၆၀ မှ ၇၀ ၀န်းကျင်အတွင်းရှိခဲ့သည်။ အောက်တိုဘာလကုန် နိုဝင်ဘာလ
အတွင်း လေလံကား အမျိုးအားလုံး လက်ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခု ဗ အက္ခရာများအပ်နှံခွင့်ရရှိသည့်အချိန်တွင် ဈေးနှုန်းမှာ သိန်း ၉၀ မှ ၁၀၀ အတွင်း ရှိလာသည်။ သို့ရာတွင် ယခုနောက်ပိုင်း စလစ်ဈေးများ
မှာသိန်း ၈၀ မှ ၉၀ ကြား ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
ရန်ကုန်ကားဈေးကွက်အတွင်း ယခုနောက်ပိုင်းစလစ်ဈေးများမှာ ကျပ်သိန်း ၈၀ မှ ၉၀ကြားရှိနေသည့် အတွက် ယခင်ကထက် ဈေးနှုန်းအနည်းငယ်လျော့ကျလာကြောင်း သိရသည်။
ယခင်က ရန်ကုန်ဈေးကွက်တွင် စလစ်ဈေးများမှာ ကျပ်သိန်း ၉၀ မှ ၁၀၀ အတွင်းရှိနေခြင်းဖြစ်ပြီး နယ် အချို့တွင် ၁၁၀ မှ ၁၂၀ အတွင်း ရှိနေသော စလစ်များသည် ယခုနောက်ပိုင်း အရောင်းအ၀ယ် နည်းပါး လာခြင်း၊ `ဘ´အက္ခရာ ယာဉ်များ အပ်နှံခွင့်ရတော့မည်ဟူသည့်ကောလဟာလများကြောင့် စလစ် ဈေး များ ထိုးကျလာကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ဘယ်သူတွေ လွှင့်လိုက်တဲ့ သတင်းလည်းတော့ မသိဘူး၊ `ဘ´ ကားတွေ အပ်နှံ ခွင့်ရတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာပြီးကတည်းက စလစ်ဈေးတွေ ကျလာတာ၊ အခုဆို စလစ်ဈေးတွေက ၈၅ ပတ်ဝန်းကျင်ပဲ ရှိတော့တယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ မထွက်သေးပါဘူး”ဟု ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ကုန်လမ်းသယ်ယူပို့ဆောင်ရေးဋ္ဌာနသို့ “ဘ´ အက္ခရာယာဉ်ဟောင်းများအား အပ်နှံရန် မဖြစ်နိုင်သေးကြောင်း က.ည.န(မြင်သာ)မှတာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။

ဝယ်ယူသူများအနေဖြင့်`ဘ´စလစ်ထွက်ချိန်အား စောင့်ယူလျှက်ရှိကြောင်းကိုလည်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ အကျိုးဆောင်များထံက သိရသည်။

“အခုလို စလစ်ဈေးကျလာပြန်တော့လည်း ၀ယ်တဲ့သူတွေက `ဘ´စလစ်ထွက်တော့မှာပဲဆိုပြီး မ၀ယ် ကြတော့ ပြန်ဘူး၊ `ဘ´အက္ခရာ အပ်မဲ့အချိန်ကိုစောင့်နေကြတယ်၊ အခုစလစ်ထုတ်ရောင်းတဲ့ သူတွေတော့ များလာတယ်၊ အ၀ယ်တော့ သိပ်မရှိသေးဘူး´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ၀ါရင့် ကားကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုထွန်းမှ ပြောသည်။

Toyota Provox နှင့် Nissan AD Van ကဲ့သို့သော ၁၃၀၀ စီစီကားများ ယခုနောက်ပိုင်း အရောင်းအနည်းငယ်သာရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။ အဆိုပါကားများသည် TAXI ယာဉ်မောင်းများအကြိုက်ကားအမျိုးအစားများဖြစ်ပြီး ချယ်ရီကားများထက် ပိုမိုရောင်းရကြောင်း ကိုလည်း သိရှိရသည်။

ယခုနောက်ပိုင်း `ဘ´အက္ခရာများ လက်မခံသေးသည့်အတွက် ယခင်က`ဘ´ အက္ခရာကားများ လိုက်လံ ၀ယ်ယူထားသည့်မော်တော်ယာဉ်တင်သွင်းသူများ၊ ကားအရောင်းပြခန်းများသည် ငွေမ၀င် ပဲ အထွက် များ၍ အရှုံးပြနေကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရသည်။

ငွေအရင်းအနှီးနည်းသည့် ကားရောင်းဝယ်သူ တစ်ချို့ဆိုလျှင် `ဘ´ အက္ခရာကားများကို ပြန်လည် ထုတ်ရောင်းမှု များပင်ရှိလာကြောင်း သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ယာဉ်အသစ်များ တင်သွင်းခွင့် ပြုခဲ့သည်။ ထို့နောက် န၊ ပ အက္ခရာများ ထွက်ရှိခါစအချိန်တွင် စလစ်ဈေးမှာ သိန်း ၆၀ မှ ၇၀ ၀န်းကျင်အတွင်း ရှိခဲ့ သည်။ အောက်တိုဘာလ ကုန် နိုဝင်ဘာလအတွင်း လေလံကား အမျိုးအားလုံး လက်ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခု ဗ အက္ခရာများအပ်နှံခွင့်ရရှိသည့်အချိန်တွင် ဈေးနှုန်းမှာ သိန်း ၉၀ မှ ၁၀၀ အတွင်း ရှိလာသည်။ သို့ရာတွင် ယခုနောက်ပိုင်း စလစ်ဈေးများမှာသိန်း ၈၀ မှ ၉၀ ကြား ပြန်လည်ကျ ဆင်း လာခြင်း ဖြစ်သည်။

(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment