Tuesday 1 January 2013

တာလီဘန်များက သေနတ်ဖြင့်ပစ်ပြီး သေပြီဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေပြန်ကောင်းလာ


တာလီဘန်များက သေနတ်ဖြင့်ပစ်ပြီး သေပြီဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေပြန်ကောင်းလာ
Tuesday, 01 January 2013

အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့ကဆေးကုသ
ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း
သတင်းရရှိသည်။

ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီ
ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲဝှက်ကာ သေနတ်သမားများ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။

ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကို
ကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်း
ပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့်သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန်လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။ 
အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်းမည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများက
ပြောကြားသည်။ 

မောက္ခ

အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့ကဆေး
ကုသ ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းသတင်းရရှိသည်။

ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲ ၀ှက်ကာ သေနတ် သမား များ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူ ရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက် ရှင်ခဲ့ ရခြင်းဖြစ်သည်။

ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကိုကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်းပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့် သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန် လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။
အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်း မည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများကပြောကြားသည်။

မောက္ခ

No comments:

Post a Comment