အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌
အသက် ၄၂ နှစ် အရွယ် အမျိုး သမီးတစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်
ခဲ့ပါသည်။
လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့်သေဆုံးသွားခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ် နေ ချိန်အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန်
တွန်းအား ပေး ခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင် တစ်ဦး၏ပြောကြားချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်းဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။
အဆိုပါ ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏
မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ်
ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးမှာ
ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။
မြ၀တီ
အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုး သမီးတစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့်သေဆုံးသွားခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ် နေ ချိန်အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန် တွန်းအား ပေး ခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင် တစ်ဦး၏ပြောကြားချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်းဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။
အဆိုပါ ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏ မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။
မြ၀တီ
No comments:
Post a Comment