
ဟော်မုန်းသည်ခန္ဓာကိုယ်တစ်ခုလုံးနှင့်သက်ဆိုင်သောကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ကိုယ်တွင်းကလီစာတို့၏ လုပ်ငန်းဆောင်တာများကိုထိန်းချုပ်ထားခြင်းကြောင့်ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်ဟော်မုန်းနှင့် သက် ဆိုင်သော ရောဂါများဖြစ်ပွားနိုင်ကြောင်းပညာရှင်များထံက သိရသည်။
မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဟော်မုန်းရောဂါများအထူးကုဌာန၌ လက်ရှိတွင် တက် ရောက် ကု သသူ(၃၀)၀န်းကျင်ရှိပြီးလူ့ခန္ဓာ ကိုယ်မှဟော်မုန်း မမှန်ကန်မူကြောင့်ဖြစ်ပွား တတ်သောရောဂါများ အားကု သနိုင်ရန်အတွက် ရန်ကုန်၊မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဟော်မုန်း ရောဂါများအထူးကုဌာနကို ဖွင့်လှစ် ခဲ့သည်။
အဆိုပါအထူးကုဌာနဖွင့်လှစ်နိုင်ရန်အတွက်၁၉၉၇ခုနှစ်မှစတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး၂၀၁၂ခုနှစ်ဒီဇင်ဘာ (၁၁)ရက်နေ့၌ မြောက်ဥက္ကလာပဆေးရုံကြီး၊ သီတာဆောင်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံဆေးပညာလောကမှာသမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာဖွင့်ဖို့ကြိုးစားတာ ၁၉၉၇ ကတည်းကပါ၊ ကိုရီးယားကပြန်လာပြီး ကတည်းကတောက်လျှောက်ကြိုးစားခဲ့တဲ့အတွက်ကြောင့် Endocrinology ဆိုတဲ့ဘာသာရပ် ကိုမြန်မာနိုင်ငံမှာပိုပြီးတော့စည်ပင်ဖွံဖြိုးတိုးတက်အောင် တစိုက် မတ်မတ် ကြိုး စားခဲ့ပါတယ်ဟု”ဆေးတက္ကသိုလ် (၂)ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်က ပြောသည်။
ဟော်မုန်းမမှန်ကန်ခြင်းများကြောင့်
သွေးချို၊ ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါ၊ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမူ
မမှန်ကန်ခြင်း၊ ကြီးကောင်ဝင်မှု မမှန်ခြင်းနှင့် အမျိုးသား/
အမျိုးသမီးများတွင် ဟော်မုန်မမှန် ခြင်း များကြောင့် ပန်းသေ
ပန်းညှိုးခြင်း၊ ဓမ္မတာ မမှန်ခြင်း/မလာခြင်း စသည့် ရောဂါ များဖြစ် ပွားနိုင်
ကြောင်း ဆရာဝန်ကြီးများ၏ ပြောပြချက်အရ သိရှိရသည်။
“Endocrinologyကြောင့်အရိုးပါးအရိုးပွရောဂါ၊လည်ပင်းကြီးရောဂါလည်းဖြစ်တယ်။လည်ပင်းကြီးရောဂါဆိုရင် လည်းဟော်မုန်းတွေနည်းတဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးမမှီတာတွေပန်းသေပန်းညှိုးတာတွေ ဆက်စပ်ပြီး ဖြစ်တက်တယ်။”ဟု ဆေးတက္ကသိုလ်(၂) တွဲဖက်ပါမောက္ခဒေါက်တာကိုကိုက ပြောသည်။
ဟော်မုန်းများနှင့်သက်ဆိုင်သောရောဂါများလေ့လာသည့်ပညာရပ်ကို ဟော်မုန်းဗေဒဟုခေါ်ဆိုပြီးအထူးကုဌာနနှင့်ရောဂါများအတွက်အသိပညာပေး ရှင်းလင်းဟောပြောပွဲအား(၂၀၁၃)ခုနှစ်၊ဇန်န၀ါရီလအတွင်း ကျင်းပပြု လုပ် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
(မြစ်မခ)
Myit Makha Mediagroup

ဟော်မုန်းသည်ခန္ဓာကိုယ်တစ်ခုလုံး
မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လ
အဆိုပါအထူးကုဌာနဖွင့်လှစ်နိုင်ရ
"မြန်မာနိုင်ငံဆေးပညာလောကမှာသမိ
ဟော်မုန်းမမှန်ကန်ခြင်းများကြော
“Endocrinologyကြောင့်အရိုးပါးအ
ဟော်မုန်းများနှင့်သက်ဆိုင်သောေ
(မြစ်မခ)
Myit Makha Mediagroup
No comments:
Post a Comment