Monday 22 October 2012

လှိုင်သာယာတွင် တရားမဝင် အနှေးယာဉ် ပပျောက်ရေး ဆန္ဒပြ

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာမြို့ နယ်တွင် တရားမဝင် လိုင်စင်မဲ့ အနှေးယာဉ် ပပျောက်ရေး အတွက် အနှေး ယာဉ် လုပ်သား ၁၅ဝ ကျော် ယနေ့ နံနက် ၉နာရီမှ ၁၁နာရီအထိ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့သည်။ဆန္ဒ ထုတ်ဖော်သူ များသည် လှိုင်သာယာ မြို့နယ် ဘီအိုစီ မှတ်တိုင် မှ အောင်မြေ သာယာ အားကစားကွင်း သို့ ချီတက် ဆန္ဒ ပြကြခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ဘဝတွေ အတွက် အခုလို ဆန္ဒ ပြရတာ ပါ" ဟု ဆန္ဒပြပွဲ ကို ဦးဆောင်သူ အနှေးယာဉ် လုပ်သား ဦးဝင်းမြင့်က ဆိုသည်။ အနှေးယာဉ် လုပ်သား များမှာ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာ ရုံးများတွင် ဥပဒေ အရ တရားဝင် မှတ်ပုံတင် အခွန် ပေးဆောင်ရ သော် လည်း လှိုင်သာယာ မြို့နယ် အတွင်းရှိ အနှေးယာဉ် အချို့မှာ တရားဝင် မှတ်ပုံ မတင်ဘဲ လုပ်ကိုင်လျက် ရှိကြောင်း ၄င်းက ပြောကြားသည်။

အဆိုပါ တရားမဝင် အနှေးယာဉ် များကို ဥပဒေနှင့် အညီ တရားဝင် မှတ်ပုံ တင်ရန်နှင့် တရားဝင် လိုင်စင် မရှိသည့် အနှေးယာဉ် များကို သက်ဆိုင်ရာ က ဥပဒေ အရ အရေးယူ ဆောင်ရွက် ရန် တောင်း ဆို ခြင်း ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင် သာ ယာ ရေး ကော်မတီကမူ ယင်း အနှေး ယာဉ် များကို မြို့ပြ အင်္ဂါရပ် နှင့် မညီညွတ် ခြင်း၊ ယာဉ်ကြော ပိတ် ဆို့မှု ဖြစ်ပွား စေခြင်း တို့ကြောင်း အနှေးယာဉ် များကို တရားဝင် လိုင်စင် များ ချထား ပေးခြင်း မရှိတော့ပေ။

"without ဆိုက္ကား တွေ ကို ရှင်းလင်းပေး" ဟူသည့် စာတန်းပါ ဆိုင်းပုဒ် များကို ကိုင်ဆောင် ထားသည့် ဆန္ဒ ဖော်ထုတ်သူ တို့သည် လိုင်စင်မဲ့ အနှေးယာဉ် များကို ရှင်းလင်းပေးရန်၊ စည်ပင်သာယာ က ပြဋ္ဌာန်း ထား သည့် အနှေး ယာဉ် လုပ်သား ဥပဒေ ကို အနှေးယာဉ် လုပ်သားတိုင်း လေးစား လိုက်နာရန် စသည့် အချက် များကို တောင်းဆို ခဲ့သည်။

"ဆိုက္ကားတွေ ရပ်ထား ရတဲ့ အတွက် ကျွန်တော် တို့ရဲ့ စားဝတ်နေရေး အခက်အခဲ ရှိတဲ့ အပြင် ကလေးတွေ ကျောင်းနေ ရေး အ တွက်ပါ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေရပါတယ်" ဟု ဆန္ဒ ထုတ်ဖော် နေသူ တစ်ဦး က ဆိုသည်။ လှိုင်သာယာ မြို့နယ် အတွင်း လိုင်စင်မဲ့ အနှေးယာဉ် သုံးပုံ တစ်ပုံ ရှိနေ သဖြင့် တရားဝင် အခွန် ဆောင်ထားသော အနှေးယာဉ် များ အလုပ် မကျဘဲ ရပ်နား ထားရကြောင်း ၄င်းက ရှင်းပြသည်။
 
ref:thevoiceweekly

No comments:

Post a Comment