Monday 22 October 2012

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့မှရငွေအား မှန်မှန်ကန်ကန် သုံးစွဲရန်လိုအပ်ဟု သမ္မတ၏စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် ပြောကြား

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့မှ ရငွေအား မှန်ကန်မှုရှိစွာ အသုံးပြုစေ လိုေ ကြာင်း နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်ဒါက်တာဦးမြင့် က ပြောကြားသည်။

အဆိုပါ ပြောကြားချက်အား အောက်တိုဘာလ ၂၀ ၇က်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ကျင်းပခဲ့သည့် Myanmar and the FDI Issue ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''သဘာဝဓာတ်ငွေ့ရငွေက တိုင်းပြည်အတွက် အရေးကြီးတဲ့အတွက် သူ့ဆီကရငွေကို မှန်မှန်ကန် ကန်ဖြစ်စေ ချင်ပါတယ်။ သဘာဝဓာတ်ငွေ့ဆိုတာက အချိန်တန်ရင် ကုန်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ မကုန်ခင်မှာ ရေရှည်အကျိုးအတွက် အခြေခံအဆောက်အအုံတွေဆောက်တာ၊ စက်ရုံအသစ်ေ တွ ဆောက် တာ မျိုးတွေလုပ်ပြီး ကုန်ခမ်းနိုင်တဲ့ သဘာဝဓာတ်ငွေ့ကရငွေကို လက်ရှိမျိုးဆက်အ တွက်တင်မ ဟုတ်ဘဲ နောက်မျိုးဆက်တွေအထိပါ ခံစားနိုင်အောင် မူဝါဒချမှတ် လုပ်ဆောင်ရပါမယ်''ဟု ဦးမြင့်က ပြောကြားခဲ့ပါသည်။

သဘာဝဓာတ်ငွေ့မှ ရရှိသည့် ၀င်ငွေမှာ နှစ်စဉ်အများဆုံးဖြစ်နေပြီး ယခုဘဏ္ဍာရေးနှစ်တွင်လည်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလကုန်အထိ တင်ပို့မှုစာရင်းအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံနီးပါးရရှိထားသည်။ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ပြည်ပတင်ပို့မှုမှ ၀င်ငွေအများဆုံးရ သည့်နှစ် မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ ဒသ မ ၄၆ ဘီလျံ ကျော်ရရှိ ခဲ့ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

''၂၀၁၀၊ ၂၀၁၁ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ကနေ ကန်ဒေါ်လာ ၂.၅ဘီလျံ ရခဲ့တယ်။ ဒီပမာဏဟာ ပို့ကုန်ဝင်ငွေအားလုံးရဲ့ ၃၂.၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒီလိုငွေတွေကို မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ စစ်တမ်းတွေမှာလည်း ကမ်းလွန်လုပ်ကွက်ကရတဲ့အခွန်ငွေတွေက ပျောက်နေတယ်။ သဘာဝဓာတ်ငွေ့ကရတဲ့ငွေတွေက လူချမ်းသာတွေရဲ့ အိတ်ထဲရောက်သွား တယ်။ လာဘ်ပေးလ်ာယူမှုတွေ ဖြစ်ကုန်တယ်။ ဒီလိုမျိုးတွေ မဖြစ်ဖို့ စနစ်တကျ ကြပ်မတ်ရပါမယ် ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ref:Eleven Media Group

No comments:

Post a Comment