ဒါ့ကြောင့် ဒေသခံတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့
ပူးပေါင်း သတင်းပေးနိုင်အောင် အသိပညာပေးခြင်းလုပ်ငန်းတွေကို တချို့
အဖွဲ့အ စည်းတွေက ဆောင်ရွက်နိုင် ပါတယ်။ ဥပဒေနဲ့ ဆန့်ကျင်ပြီး
ဝင်ရောက်လာသူတွေကို ချင်းတောင်ခြေဒေသကနေ ဖြတ်သန်း ၀င်ရောက် လာရင် သူတို့ကို
ဖမ်းဆီး ဆောင် ရွက်နိုင်အောင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြား ရမယ်ဆိုတဲ့အသိ ရအောင်ပြောဆိုကြတာပါ ။ ဒီလိုဥပဒေနဲ့မညီပဲ ခိုးဝင်လာတဲ့ ဘယ်လိုလူ မဆို နိုင်ငံတွင်း မှာ လက်မခံ နိုင်ပါဘူး '' ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
ညကပဲ ခိုးဝင်ဘင်္ဂါလီအ မျိုးသမီး တစ်ဦး မိ တယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ ကနေပြီး
ဒီကနေ့ အထိ တစ်လကျော်ကျော်ကာလအတွင်းမှာ ၃၁ ယောက် ရှိပါပြီ ။ကလေးမြို့နယ် အတွင်း ဘင်္ဂါလီလူမျိုးများ ခိုးဝင်လာသည်မှာ ရက်သတ္တသုံးပတ် ဆက်တိုက်အတွင်း ဖမ်းဆီး ရရှိခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ခိုးဝင်လာသူ ဘင်္ဂါလီ လူမျိုး အမျိုးသမီး တစ်ဦးကို ကလေးမြို့ ဗိုလ်ချုပ်လမ်း ဗလီကျောင်းအနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရပါသည်။
''အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ကလေးမြို့ ဗိုလ်ချုပ်လမ်း ၊ မြို့မဈေး ၊ ဗလီ ကျောင်းအနီးမှာ ခိုးဝင်ဘင်္ဂလီအမျိုးသမီး မနိုအာရှား (အဘ) ဦးဆောမီးအူးလာ ၊ ရွက်ညော်တောင်ရွာ ၊ ဘူးသီးေ တာင်မြို့နယ် ကို ဖမ်းဆီးစစ်ဆေး နေပါတယ်''ဟု ကလေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့ပါသည်။
''ပြည်သူလူထုအနေနဲ့လည်း ဒီလိုခိုးဝင်လာသူတွေ ဖမ်းဆီးရရှိမိအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ ပူးပေါင်း သတင်းပေးဆောင်ရွက် သင့်ပါတယ်''ဟု ကလေးခရိုင်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်က ပြောကြားခဲ့ပါသည်။
ref:EMG
No comments:
Post a Comment