Monday 22 October 2012

နိုင်ငံပိုင် ရေနံချက်စက်ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ၊ မက်သနေစက်ရုံနှင့် ဓာတ်မြေသြဇာစက်ရုံများအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် စတင်ပြင်ဆင်

စွမ်းအင်ဝန်ကြီးဋ္ဌာန လက်အောက်ရှိ နိုင်ငံပိုင် ရေနံချက်စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊ မက်သနော စက်ရုံများနှင့် ဓာတမြေသြဇာစက်ရုံများအား အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ဖက်စပ်လုပ်ကိုင် သွားရန် ပြင်ဆင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စွမ်းအင်စီမံရေးဦးစီးဋ္ဌာနမှ သတင်း ရရှိပါ သည်။
ထိုသို့ လွှဲပြောင်းရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် စွမ်းအင်ဝန်ကြီးဋ္ဌာနမှ စစ်ဆေးမှု၊ ထိန်းချုပ်မှု များအား အလုံးစုံ တာဝန်ယူမည် မဟုတ်ဘဲ လွှဲပြောင်းမှု လုပ်ငန်းစဉ်များ၊ ၀င်ငွေထွက်ငွေများ ၊ နည်းပညာ များနှင့် သတင်းအချက်အလက်များအား သက်ဆိုင်သော အခြားဝန်ကြီးဋ္ဌာနများနှင့် ပူးပေါင်းေ ဆာင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

''စွမ်းအင်ဝန်ကြီးဋ္ဌာနအနေနဲ့ ပုဂ္ဂလိကကိုလွှဲပြောင်းပေးမဲ့ လက်ရှိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းေ တွဖြစ် တဲ့ ရေနံချက်စက်ရုံတွေ၊ ဓာတ်မြေသြဇာစက်ရုံတွေကို ပွင့်လင်းမြင်သာမှုရှိစွာ လွှဲပြောင်းနိုင်ဖို့ အတွက် သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဋ္ဌာနတင်မဟုတ်ဘဲ တခြားသောဝန်ကြီးဋ္ဌာနတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် ဖို့ ပြင် ဆင်နေပါတယ်''ဟု အောက်တိုဘာလ ၁၆၊ ၁၇ ရက်များတွင် နေပြည်တော်ရှိ စွမ်းအင် ၀န်ကြီးဋ္ဌာန တွင် ကျင်းပခဲ့သည့် စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံေ ဆွးနွေးပွဲအား တက်ရောက်ခဲ့သူ စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ရှင်းလင်ြးေ ပာကြား ခဲ့ပါသည်။

စွမ်းအင်ဝန်ကြီးဋ္ဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ သန်လျင်ရေနံချက်စက်ရုံတွင်ရှိသော စက်ဆီ/ချောဆီရော စပ်စက်ရုံ(Lubricant Blen- ding Plant ) အား ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးအပ်ရန် ပြင်ဆင်ပြီးနောက် နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာရုံးများအား ပုဂ္ဂလိသို့ အကျိုးတူ လွှဲပြောင်းပေးအပ်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

စွမ်းအင်ဝန်ကြီးဋ္ဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံပိုင်စက်ရုံ ၁၂ ရုံရှိပြီး မြန်မာနိုင်ငံအတွင်း လက်ရှိ လည်ပတ်နေသည့်ရေနံချက် စက်ရုံ ၃ရုံရှိကာ အဆိုပါစက်ရုံများမှာ သန်လျင်ရေနံ ချက်စက်ရုံ၊ ချောက်ရေနံချက်စက်ရုံ၊ သံပုရာကန်ရေနံချက်စက်ရုံများဖြစ်ကြောင်း သိရှိရ ပါသည်။ အလားတူ ရေနံဓာတ် ငွေ့ရည်စက်ရုံ ၃ ရုံ၊ မက်သနောစက်ရုံ ၁ ရုံနှင့် ဓာတ်မြေသြဇာစက်ရုံ ၅ ရုံ ရှိကြောင်းလည်း သိရှိရပါသည်။
 
ref:EMG

No comments:

Post a Comment