Monday 22 October 2012

အင်တာနက် အကောင့် အဖောက်ခံရသူ အများစုမှာ တက္ကသိုလ် ကျောင်းသူများ ဖြစ်လာ

ကွန်ပျူတာ ဟက်ကာ များသည် တက္ကသိုလ် ကျောင်းသူများ၏ အင်တာနက် အကောင့်များကို ပစ်မှတ် ထား ဖောက်ထွင်း လျက်ရှိကြောင်း လေ့လာ တွေ့ရှိချက် အသစ်တစ်ရပ် အရ သိရ သည်။

၂ဝဝ၆ ခုနှစ်မှစပြီး လေ့လာ မှတ်တမ်း တင်ရာတွင် ဝက်ဘ်ဆိုက် များ၌ ညစ်ညမ်း ဓာတ်ပုံများ ပျံ့နှံ့ခြင်းနှင့် ကိုယ်ရေး ကိုယ်တာ အချက်အလက်များ ချိုးဖောက်ခံနေ ရသော ထင်ရှားသည့် ကိစ္စရပ် ၁ဝ ခုကို တွေ့ရှိရ ကြောင်း တရုတ် နိုင်ငံ နိုင်ငံရေး သိပ္ပံနှင့် ဥပဒေ တက္ကသိုလ်၏ ပြဿနာများ စီမံဖြေရှင်းမှု ဌာနမှ ဒုတိယ ညွှန် ကြားရေးမှူးနှင့် တွဲဖက် ပါမောက္ခ ကျန်ယုံလီ ထုတ်ပြန်သော သုတေသန စာတမ်းတစ်စောင် တွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့်နှစ်က တက္ကသိုလ် ပရိဝုဏ် အတွင်းတွင် ဆိုက်ဘာ တိုက်ခိုက်ခံရမှု ၃၉ မှုရှိကြောင်း တွေ့ရှိရပြီး ၄င်းတို့ အနက် ၂၉ ခုမှာ ကောလိပ် သတင်း အချက်အလက် များကို တိုက်ခိုက် မှုလည်း ပါဝင်ကြောင်း ၄င်းစာ တမ်းအရ သိရ သည်။

အချို့ဟက်ကာများသည် ကျောင်းသူ များ၏ ဓာတ်ပုံများ၊ အခြားကိုယ်ရေး ကိုယ်တာ အချက်အလက် များကို ဖောက်ထွင်း မွှေနှောက် ကြသည်။ ထို့ပြင် မိန်းကလေး များသည် ၄င်းတို့၏ ချစ်သူဟောင်း များက လက်စား ချေသည့် အနေဖြင့် လူသူသိ မခံနိုင်သည့် ကိစ္စရပ်များကို အင်တာနက်တွင် ဖော်ပြခြင်း ခံရသည်ဟု သု တေသန စာစောင်တွင် ဖော်ပြထားသည်။

No comments:

Post a Comment