Monday 22 October 2012

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာဝက်ဘ်ဆိုက် လွှင့်တင်မည်

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။

အဆိုပါဝက်ဘ်ဆိုက်၌ စီးပွားရေးလုပ်ငန်ဆိုင်ရာနည်းပညာများ၊ အကြံဥာဏ်များနှင့် သင်တန်းများ၊ စီမံခန့်ခွဲ မှုရေးရာများနှင့်ပတ်သက်သည့်အချက်အလက်များအား လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''၀က်ဘ်ဆိုက်မှာ လွှင့်တင်မယ့်၊ ထည့်သွင်းဖော်ပြမယ့် အချက်အလက်တွေရေးဆွဲတာက ပြီးနေပါပြီ။ အင်တာနက်မှာ လွှင့်တင်ဖို့အတွက် ရေးဆွဲတာက တစ်လခွဲကြာမယ်လို့ပြောတယ်။ နောက်တစ်လခွဲ ကြာရင်တော့ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာဝက်ဘ်ဆိုက်ကို လွှင့်တင်နိုင်ပါလိမ့်မယ်''ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဝက်ဘ်ဆိုက်လွှင့်တင်ပြီးပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များ အပြင် ပြည်ပ ရှိနိုင်ငံရပ်ခြားအဖွဲ့အစည်းများနှင့် အာဆီယံကုန်သည်စက်မှုလုပ်ငန်းအသင်းများ၏ စီးပွာရေးဆိုင်ရာ သတင်း အချက်အလက်များကိုလည်း တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ref:EMG

No comments:

Post a Comment