Monday 22 October 2012

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့၏ တစ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်(၄)ချက်ပါဝင်သော နှစ်ပါတီပူးတွဲကြေညာချက် ထုတ်ပြန်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့၏ တစ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်(၄)ချက်ပါဝင်သော နှစ်ပါတီပူးတွဲကြေညာချက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။

သဘောတူညီချက်(၄)ချက်မှာ-
၁။ မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ပူးပေါင်းရန် သဘောတူညီသည်။ ၂။   ၂၀၁၄-ခုနှစ် ဒီဇင်ဘာ နောက်ဆုံးထား၍ တစ်ပါတီတည်းအဖြစ် ပူးပေါင်းရမည်
၃။ အဆင့်ဆင့် ညှိနှိုင်းသွားရန်အတွက် တစ်လတစ်ကြိမ် တွေ့ဆုံမည်။ 
၎။ ပါတီနာမည်သစ် တစ်ရပ် ဖြစ်ပေါ်လာအောင် ဆက်လက်ဆွေးနွေးသွားမည်။

နှစ်ပါတီကြေညာချက်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း၊ မွန်ဒီမိုကရေစီပါတီ၊ ဒုဥက္ကဋ္ဌ (၂) နိုင်တင်အောင်နှင့် မွန်လူမျိုးရေးရာညှိနှိုင်းမှုအဖွဲ့အတွင်းရေးမှူး ဆရာတော် ဦးခေမာန္ဒတို့က လက်မှတ်ရေးထိုးထားပြီး မြန်မာမွန်နှစ်ဘာသာဖြင့်ထုတ်ပြန်ကြောင်း၊ အဆိုပါကြေညာချက် မှာ အောက် တိုဘာ လ ၁၃ ရက်နေ့ မုဒုံမြို့ အောင်စေတီကျောင်း၌ကျင်းပခဲ့သော မွန်လူမျိုးရေးရာညှိနှိုင်းဆွေးနွေးပွဲ(၆)ကြိမ်မြောက်အစည်းအဝေးမှ သဘောတူခဲ့သည်ဟု သိရသည်။
 
ref:EMG

No comments:

Post a Comment