Monday 22 October 2012

ကင်မရွန်း လက်ရွေးစင် အသင်း နှင့် ခြေစမ်းပွဲ ကစားရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ကမ်းလှမ်း

ဆူဇူကီး ဖလား အုပ်စု ပွဲစဉ်များ မကစားမီ နိုင်ငံတကာ ခြေစမ်းပွဲ များ ကစား နိုင်ရန် အတွက် မြန်မာ အသင်း အနေဖြင့် အာဖရိက နိုင်ငံ တစ်ခုဖြစ်သော ကင်မရွန်း လက်ရွေးစင် အသင်းကို အောက်တိုဘာ လ ၁၉ ရက် နေ့ က တရားဝင် ကမ်းလှမ်း ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ မီဒီယာ တာဝန်ခံ ဦးစိုးမိုး က ပြောကြား သည်။ "မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ကနေ စာနဲ့ တရားဝင် ကမ်းလှမ်း ထားတာပါ။ လာ ကစား မယ် ဆိုရင်တော့ အာဖရိက အသင်း တစ်သင်း အနေနဲ့ မြန်မာနိုင်ငံ ကို လာ ကစားတာ ပထမဆုံး ဖြစ်လာ မှာပါ" ဟု ၎င်းက ဆိုသည်။

ကင်မရွန်း လက်ရွေးစင် အသင်းမှာ လက်ရှိတွင် ၂ဝ၁၃ အာဖရိက ဖလား ခြေစစ် ပွဲစဉ် များကို ဝင်ရောက် ယှဉ်ပြိုင် လျက် ရှိပြီး အသင်း ခေါင်းဆောင် မှာ ကမ္ဘာကျော် တိုက်စစ်မှူး တစ်ဦး ဖြစ်သည့် ဆင်မြူရယ် အီတူး ဖြစ်သည်။

ကင်မရွန်း လက်ရွေးစင် အသင်းအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် က ခြေစမ်းပွဲ ကစားရန် တရားဝင် ဖိတ်ကြား ခဲ့ခြင်း နှင့် ပတ်သက်၍ "ဒါမျိုး လုပ်သင့်တာ ကြာပြီ။ ဘောလုံး အဖွဲ့ရဲ့ လှုပ်ရှားမှု တွေက ဆူဇူကီး ဖလား အတွက် တင် မဟုတ် ဘူး ဘောလုံး လောက ရေရှည် တိုးတက်ဖို့ပါ လုပ်နေတာ တွေ့နေ ရတယ်" ဟု တက်လမ်း အားကစား ဂျာနယ် မှ အယ်ဒီတာ ချုပ် ဦး ချစ်ဝင်းမောင် က သုံးသပ် ပြောဆိုသည်။

၂ဝ၁၂ ဆူဇူကီး ဖလား အုပ်စုပွဲစဉ်တွင် ယှဉ်ပြိုင် ကစားမည့် မြန်မာ့ လက်ရွေးစင် အသင်း အတွက် ခြေစမ်းပွဲ များ ယှဉ်ပြိုင် ကစားရန် အောက်တိုဘာ ဒုတိယပတ် က တရုတ်၊ ယူအေအီး၊ ဘာရိန်း၊ တာမခ်မင်နစ္စတန်၊ အိန္ဒိယ စသည့် အသင်းများ ကို ဖိတ်ကြား ထားသည်။ သို့သော် တရုတ် အသင်း တစ်သင်း သာ ကမ္ဘာ့ဖလား အာရှဇုံ ခြေစစ်ပွဲ များ ရှိနေ သည့် အတွက် လာရောက် မကစား နိုင်ကြောင်း အကြောင်း ပြန်ကြား ခဲ့သည် ဟုဦးစိုးမိုး က ထပ်လောင်း ပြောကြားသည်။

ကင်မရွန်း အသင်းကို ခြေစမ်းပွဲ ကစားရန် မြန်မာနိုင်ငံ က ဖိတ်ကြား ခဲ့သည့် အတွက် (၆)သင်းမြောက် ဖိတ်ကြား သည့် အသင်း ဖြစ်သည်။ ကင်မရွန်း အသင်း သည် လက်ရှိ ဖီဖာအဆင့် သတ်မှတ်ချက် တွင် အဆင့် (၇၁) ဖြစ်ပြီး ကမ္ဘာ့ဖလား သို့ (၆)ကြိမ် ဝင်ရောက် ကစားခွင့် ရရှိထားသော အသင်း ဖြစ်သည်။

ref:The Voice Weekly

No comments:

Post a Comment