Monday 22 October 2012

(၂) ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောတိုက်ပွဲများနှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။

ဒုတိယအချက် အနေနဲ့ ကချင်ပြည်နယ် မှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ ပါတ်သက်ပြီးတော့ ဒီမှာ အားလုံးလည်း ကျနော်တို့သိပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေဟာ ကျနော်တို့ နိုင်ငံမှာ များပါတယ်။ တရာကျော် လောက် ရှိတဲ့ အတွက်ကြောင့် ပြဿနာတွေလည်း အထိုက်အလျှောက် များပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက လက်နက်စွဲကိုင်ပြီး ဆန့်ကျင်လာခဲ့တဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေက ကျနော်တို့ အစိုးရ တက်လာပြီး ကတည်းက ရှိနေဆဲပဲဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ရှိနေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ တော်တော်လေး ကျနော်တို့ ခက်ပါတယ်။ ကျနော်တို့ အစိုးရ တက်လာတဲ့ အခါမှာ နှစ်ပေါင်း ၆၀ လောက် ပြောကြမယ်ဆိုရင်တော့ ကမ္ဘာမှာ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခ ပါပဲ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းေ အာင် ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုပြီးတော့ ကျနော်တို့ အစိုးရ တက်လာလာခြင်းပဲ၊ ဒီလိုကြေညာပြီး ကျနော်တို့ဆောင်ရွက်ခဲ့ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ၁၁ ဖွဲ့ရှိပါ တယ်။ ငြိမ်းချမ်းေ ရးဆောင် ရွက်တဲ့ နေရာမှာ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်ပါတယ်။ ပထမ အဆင့်ကတော့ ဒီအဖွဲ့တွေ ရှိနေတဲ့ နယ်စပ်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားအောင် လုပ်ဖို့၊ ဒုတိယအဆင့်ကတော့ ကျနော်တို့ ပြည်ထောင်စု အဆင့်ကနေ လုပ်ဖို့ စံနစ်တကျ ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မ တီဆိုတာ ကျနော်ကိုယ်တိုင် ဥက္ကဌ တာဝန်ယူပြီးလုပ်နေတာဖြစ်ပါတယ်။
နောက်ထပ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဒုတိယ သမ္မတကြီး ဦးေ ဆာင်ပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ မကြာခင်မှာပဲ အခြေအနေလေးတွေ ကောင်းမွန်လာတဲ့ အ တွက်ေ ကြာင့် ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း ပြန်လည်ပြီးထူထောင်ဖို့အတွက် Peace Committee Center ဆိုပြီး တရက်နှစ် ရက်အတွင်းမှာ ဖွဲ့သွားဖို့ရှိပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ နေရာမှာ ပထမ အဆင့်က ပြည်နယ် အဆင့် ဒုတိယအဆင့်ကတော့ ပြည်ထောင်စု အစိုးရအဆင့်၊ ပြည်ထောင်စု အစိုးရ အဆင့် မှာ ကျနော်တို့ သဘောတူညီချက်တွေ အထိုက်အလျှောက် ရပြီးပြီဆိုလို့ရှိရင်၊ နိုင်ငံရေးပိုင်းတွေကတော့ အချိန်ယူပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပိုင်း အချိန်ယူပြီးဆွေးနွေးဖို့ အတွက် တတိယ အနေနဲ့ လွတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများကြီးပါပါ တယ်။ ပြည်သူ့ ကိုယ်စားလှယ်တွေ လည်း အများကြီးပါပါတယ်။ တတိယ အဆင့်ကျရင်တော့ လွှတ်တော် ကို ပို့ဆောင်ပေးပြီးတော့မှ လွှတ်တော်ထဲမှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အခြေပြုပြီးတော့ ဆက်ပြီးေ ဆွးနွေးမယ် ဆိုတာ ဒီလို မူဝါဒ ၃ ရပ်ချပြီးတော့မှ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့ အောင်မြင် တာတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုလို့ရှိရင် လက်နက်ကိုင် ၁၁ ဖွဲ့ထဲက ၁၀ ဖွဲ့နဲ့ပစ်ခတ် တိုက်ခိုက်မှုတွေဟာ ရပ်စဲသလောက်ရှိပါတယ်။ ပထမဆုံး အကျိုးကျေးဇူးခံစားရတာကတော့ အဲဒီဒေ သနေ တိုင်းရင်းသားပြည်သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ နယ်စပ်ဒေသတွေ မှာရှိနေတဲ့ ပြည်သူတွေက တကယ့်ကို အေးအေးချမ်းချမ်းနဲ့ အန္တရယ်ကင်းကင်းနဲ့ ကိုယ့်ရဲ့ ပရိယေတ၀ ၀မ်းစာကို ရှာဖွေပြီး စားသောက် နေနိုင်ကြပြီဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ခြောက်ဆယ်အတွင်းမှာ ရတောင့်ရခဲ ဆုလဘ်ဖြစ်ပါတယ်။ သို့သော်လည်း ပစ်ခတ်တိုက်မှုလေးတွေ တချို့တော့ ကျန်ရှိဆဲဖြစ်ပါတယ်။ ဒါတွေကလည်း အသေးအမွားပါပဲ။ ကျနော်တို့ ဘယ်လောက်ပဲ လုပ်လုပ် အောက်ခြေမှာက အောက်ခြေအထိ ကျနော်တို့ ရည်ရွယ်ချက်တွေ၊ မူဝါဒ တွေ မရောက်နိုင်တာလည်း ပါပါတယ်။ သူ့ဘက်ကိုယ့်ဘက် ဒါလေးတွေကတော့ ရှိတာကလည်း အနည်း အကျဉ်းလောက်ပါပဲ။ ကချင်ပြည်နယ်နဲ့ ပါတ်သက်ပြီးတော့ အစောက ကျနော်ပြောသလိုပါပဲ အခုနက ပဋိပက္ခတွေဟာ ဒီဘက်ပိုင်းမှာ တနှစ်ကျော်လောက် ရှိသွားပြီဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေဟာလည်း အန်မတန်မှ ကျနော်တို့ များပါတယ်။ မီးရထားလမ်းတွေ မိုင်းဖောက်ပြီး ဖျက်ဆီးခံရတာတွေ၊ ကားလမ်းတွေ ဖျက်ဆီးခံရတာတွေ ရှိတယ်။ တံတားတွေ မိုင်းချိုးခံရတာတွေ ရှိတယ်။ နောက်တခါ ကျနော်တို့ လျှပ်စစ်တွေ သိပ်ပြီးတော့ လိုအပ်နေတဲ့ အချိန်မှာ တာပိန်ရေအားလျှပ်စစ်လို ဟာမျိုးက ကျနော်တို့ စက်ရုံ တည်ပြီးပါပြီ၊ ထုတ်ရုံပဲ ကျန်တော့တယ်။ နောက်တခါ ကျနော်တို့ မီဂါဝပ် ၉၀ လောက်ထွက်တဲ့ ချီဗွေရေအားလျှပ်စစ်က ပေးနေနိုင်ပါတယ်။ သိုသော်လည်း တိုင်းပြည်ရဲ့ လုံခြုံရေး အခြေအနေအရ ထုတ်ယူပြီး မသုံးစွဲနိုင်ပါဘူး။ ဒီခြားထဲမှာ ရွှေလီကနေ ယူပြီးတော့ လုပ်နေတဲ့ စီမံကိန်း တခုရှိနေ တယ်။ ရွှေလီက ဓါတ်အားလိုင်းတွေ သွယ်တန်းတဲ့ နေ၇ာမှာ တာဝါတိုင်တွေကို မိုင်းခွဲဖျက်စီးလိုက်တဲ့ အတွက်ကြောင့် လျှပ်စစ်တွေ ပြတ်တောက်ခဲ့ရပါတယ်။ ဒီဟာက ဒီဒေသတင် မဟုတ်ပါဘူး တတိုင်းပြည်လုံး အတွက် ရိုက်ခတ်တဲ့ ဆုံးရှုံးမှုမျိုးတွေ ဖြစ်ပါတယ်။ နောက်တခုကလည်း ၂ ဘက်၊ ကျနော် တို့ ဒီဘက်က စစ်သည် အရာရှိ အကြပ်တပ်သားတွေ၊ KIA ဘက်ကလည်း တပ်သား၊ အကြပ်၊ အရာရှိတွေ နှစ်ဘက်မှာ သေဆုံး တာတွေ ဒဏ်ရာရမှုတွေက တနှစ်ကျော်အတွင်းမှာ တော်တော်များ များသေဆုံး၇ တာတွေ များပြားပါတယ်။ အဲဒီအထဲမှာ စိတ်မကောင်း စရာ ဒေသတွင်းမှာရှိနေတဲ့၊ တိုက်ပွဲကြားမှာ ရှိနေတဲ့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေ၊ အိုးအိမ်တွေ ကိုစွန့်ပစ်ပြီးတော့ မှ လုံခြုံစိတ်ချရတဲ့ နီးစပ်ရာနေရာတွေမှာ ခိုအောင်းနေရတယ်။ ဒါတွေဟာလည်း သောင်းဂဏန်းလောက်ရှိမယ်။ ကျနော်တို့ ဘက်တွေမှာ ရှိသလို ဟိုဘက်မှာလည်း ရှိပါတယ်။ ဒီလူတွေဟာ ဘယ်လောက်ပဲ ကျွေးမွေးထားနိုင်တယ် ဆိုပေမယ့်လည်း ကိုယ့်ဒေသ မှာ ကိုယ်နေသလောက် အဆင်မပြေပါဘူး။ သားသမီးတွေ ကျောင်းနေဖို့၊ ကျန်း မာရေး၊ ဆေးဝါးကုသဖို့ အခက်အခဲ ရှိပါတယ်။ ဒီလူတွေဟာ နှစ်နဲ့ချီပြီး ကြာမြှင့်နေပါပြီ။ ကချင်ပြည် နယ် ကို ငြိမ်းချမ်းရေး ရချင်ပါတယ်။ ငြိမ်းချမ်းရေး အမြန်ဆုံးရစေချင်ပါတယ်။ အလွန်ရစေချင်ပါတယ်။ အခုနက ရှင်းပြတဲ့ ဆုံးရှုံးမှုတွေဟာ တကယ်တော့ ကျနော်တို့ ဆုံးရှုံးမှုတွေဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုတွေ ပဲ ဖြစ်ပါတယ်။ ပြောကြမယ်ဆိုရင် KIA စစ်သားတယောက် ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ် သလို ဒီဘက်က ဗမာစစ်သားတယောက် ဆုံးရှုံးတာဟာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒီအဆုံး အရှုံးတွေ ကို ထောက်ပြပြီးတော့မှ KIA အဖွဲ့အစည်းနဲ့လည်း အဆက်အသွယ်တွေ လုပ်ပါ တယ်။ ငြိမ်း ချမ်းရေးနဲ့ ပါတ်သက်ပြီး အကြိမ်ပေါင်း တော်တော်များများ သူတို့နဲ့ မျက်နှာချင်းဆိုင် ထိတွေ့ ဆွေနွေး တာတွေ ရှိသလို၊ ယုံကြည်မှုတည်ဆောက်တဲ့ ဆွေးနွေးပွဲတွေ လုပ်နေတာတွေလည်း ရှိပါတယ်။

ဒီဟာကလည်း စိတ်ရှည်သည်းညည်းခံပြီးတော့ လုပ်သွားခြင်းအားဖြင့် ကျနော်တို့ရဲ့ စေတနာကို နားလည်း လာမယ်ဆိုလို့ ရှိရင်တော့ မကြာခင်မှာ ကချင်ပြည်နယ် ဟာလည်း တခြားဒေသတွေလို ငြိမ်းငြိမ်းချမ်းချမ်း ရှိသွားမယ်ဆိုပြီးတော့ ကျနော်ယုံကြည်ပါတယ်။ စောစောက ဆုံးရှုံးမှုတွေ မကဘဲ ခဲ ယမ်းတွေထက် အသက် ဆုံးရှုံးမှုတွေ ဟာ အန်မတန်မှ များပြားပါတယ်။ နောက်တခုက လမ်းတွေ ဖြတ်ထားတယ်။ ရထား လမ်းတွေ မိုင်းခွဲ ခံထားရတာတွေ၊ တံတားတွေ ဖျက်ထားတာတွေ။ လျှပ်စစ် တာဝါတိုင်တွေ ကျနော်တို့ ချိုးတာတွေ၊ ဒီ ဆုံးရှုံးမှုတွေဟာ ပမာဏအားဖြင့် အန်မတန်မှ များတယ်လို့ ပြောရပါမယ်။ တိတိကျကျ ကိန်းဂ ဏာန်းအားဖြင့် ကျနော်မှာ မရှိပါဘူး။ ပစ်ခတ်တိုက်ခိုက်တာတွေထက် ဆုံးရှုံးတာကတော့ လူ့ရဲ့အသက်တွေပါပဲ။ အဲဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ ဒါတွေဟာ အခုနကလို အတိုင်းအဆ ပမာဏ များပြားပါတယ်။ ကျနော်အနေနဲ့ ဒီလိုပဲ ဖြေချင်ပါတယ်။

No comments:

Post a Comment